❣️part-16❣️(Unicode)

1.8K 86 0
                                    

ညနေရောက်တော့အားလင်တစ်ယောက်သင်တန်းမှပြန်လာပြီးအိမ်အပေါက်ဝတွင်ရပ်ပြီးအိမ်ထဲခေါင်းထည့်ကာဟိုဘက်ချောင်းဒီဘက်ချောင်းလုပ်နေသည်။အိမ်တော်ထိန်းကြီးကအားလင်ကိုမြင်တော့

"အားလင်!"

"အားးး ဘဘကြီး!! ဟာဗျာ လန့်သွားတာပဲ"

အိမ်တော်ထိန်းမှာကြောင်တောင်တောင်ဖြစ်သွားသည်။ကိုယ်ခေါ်လိုက်တာမှတိုးတိုးလေး သူပြန်အော်တာက ခုနှစ်အိမ်ကကြားရတယ်အဲ့တာကို သူကပြန်လန့်နေတယ်။အိမ်တော်ထိန်းကြီးက

"အားလင် အိမ်ထဲမဝင်ဘဲဘာချောင်းနေတာလဲအပေါက်ဝမှာ"

"ဟို ဟို လေးလေး ပြန်ရောက်နေပြီလားဟင်"

"အေး ငါရောက်ပြီ"

အိမ်တော်ထိန်းကြီးဖြေခါနီးတွင်အနောက်မှကြားလိုက်တဲ့အသံကြောင့်အားလင် ကြမ်းပြင်နဲ့မျက်နှာ ကပ်လောက်တဲ့အထိခေါင်းငုံ့ထားသည်။ရှောင်းကျန့် အလုပ်တွေပြီးလို့ ပြတင်းပေါက်မှခြံထဲကိုကြည့်နေတုန်းအားလင်ပြန်လာတာကိုမြင်တော့အောက်ထပ်ဆင်းလာခဲ့သည်။အောက်ထပ်မရောက်သေးလှေကားတွင်ရပ်ကာဒင်း ကိုကြည့်နေတော့ လဒ က ဟိုချောင်းဒီချောင်းလုပ်နေပြီးအိမ်တော်ထိန်းကြီးကိုသူပြန်လာပြီးလားဟုမေးနေသေးတယ်။ပြန်ရောက်ပြီလို့ ကိုယ်ကပြောတော့ သကောင်းသားက မျက်နှာနဲ့ကြမ်းပြင် လင်မယားမှတ်နေအောင်ငုံ့ထားတယ်။

"အားလင် မင်းမျက်နှာမော့စမ်း အောက်မှာမင်းလင်ရှိလို့လား"

"အာ လေးလေး ကလဲ ကိုကို ကအဲ့ သားလင် ကဒီမှာမရှိပါဘူးနော်"

"တိတ်စမ်း! စောက်ခွက်လာပြောင်နေသေးတယ်"
"ဟွန့်သူမေးလို့လဲဖြေရသေးတယ်"

အားလင်တိုးတိုးပြန်ပြောနေသူမေးလို့လဲဖြေရသေးတယ်သည်ကိုနားပါးသည့်ရှောင်းကျန့်က

"မင်းဘာပြောတာလဲ"

"ဘာမှမပြောဘူး "

"သွားရေသွားချိုး ပြီးရင် ဆင်းလာခဲ့"

"ဟုတ်"

အားလင်အပေါ်တက်ခါနီး

"ဟျောင့် မင်းဘဲနှုတ်သီးသိမ်းပြီး
မျက်နှာမော့သွားမဟုတ်ရင် ငါ့အိမ်ကကြမ်းခင်းတွေ အကုန်အစင်းတွေထင်ကုန်မယ်"

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Kde žijí příběhy. Začni objevovat