❣part-10❣(Unicode+Zawgyi )

2.3K 127 0
                                    

အားလင်က
"အိမ်တော်ထိန်းနဲ့လာတာ ခြေထောက်ကအဲ့လောက်မနာတော့ဘူး"
ဖန်ရှင်းကသူ့ရှေ့ကနှုတ်ခမ်းတထော်ထော်နဲ့သူမေးတာကိုဖြေနေတဲ့အားလင်ကိုအသဲယားနေသည်။ထိုချိန်အားလင်နားကိုအ်ိမ်တော်ရောက်လာပြီး
"အားလင် ဘယ်ရောက်သွားတာလဲလိုက်ရှာလိုက်ရတာ လာပြန်ရအောင်ပစ္စည်းတွေစုံပြီ"
"ဟုတ်ဘဘ"
အားလင်ခေါင်းငြိမ့်ပြတော့
"ဒီကတူလေးလဲခွင့်ပြုပါဦး "
"ဟုတ်ကဲ့ ဒါနဲ့ အားလင် Webio accလေးပေးပါလားဟင်"
အားလင်ကဖန်ရှင်းကိုကြည့်ပြီး
"ဗျာ အားလင် Acc ကိုလား"
ဖန်ရှင်းခေါင်းငြိမ့်ပြလိုက်တော့အားလင်ဖုန်းထုတ်ပြီးWebio Acc အားဖန်ရှင်းကိုပေးလိုက်သည်။ထိုနောက်ဖန်ရှင်းအားနှုတ်ဆက်ပြီးဈေးမှပြန်လာခဲ့သည်။ဖန်ရှင်းကတော့
စိတ်ထဲတွင်
"ကလေးရေ အရမ်းချစ်မိနေပြီကွာ"
##########
ရိပေါ်အိမ်ရောက်တော့ဝမ်ပါးနဲ့မမကဧည့်ခန်းတွင်ထိုင်နေသည်။ရိပေါ်က
"ပါး မမ ဝမ်ဝမ်ပြန်ရောက်ပြီ"
"ဝမ်လေးဒီကိုလာပါဦး"
"ဟုတ်ပါပါး"ရိပေါ်သူ့ပါးရှေ့တွင်ဝင်ထိုင်လိုက်သည်။ဝမ်ပါးက
"ဝမ်လေး မနက်ဖြန်ကျရင် CEO ရှောင်း တို့ကုမ္ပဏီမှာအလုပ်ဝင်ရမယ်နော်"
ဝမ်ပါးစကားကြောင့်ရိပေါ်အံ့ဩသွားပြီး
"ဗျာ ပါပါး ဝမ်လေး ဘာမှမလုပ်တက်ဘူးလေ ပါပါး"
"သူသင်ပေးမယ်တဲ့ ပြီးတော့ ဝမ်လေးတို့အချင်းချင်းရင်းနှီးအောင်လို့"
ရိပေါ်ခဏငြိမ်သွားပြီးခေါင်းငြိမ့်ကာ
"ဟုတ်ပါပါး ဝမ်လေးမနက်ဖြန်သွားလိုက်ပါ့မယ်"
"အင်း ဝမ်လေး သွားနားတော့"
"ဟုတ်ပါး"
ရိပေါ်အိမ်ပေါ်သို့တက်လာပြီးအခန်းထဲဝင်သွားသည်။ဝမ်လေးအခန်းထဲရောက်သွားမှ ဝမ်ပါးက ဝမ်ချင်ကို
"သမီး ပါးတို့ နောက်အပတ်ကျရင်ရှောင်းကျန့်ကို အိမ်ကိုထမင်းစားဖိတ်လိုက်မယ်"
ဝမ်ပါးကလဲပြုံးကာခေါင်းငြိမ့်ပြရင်း
"ကောင်းတာပေါ့ပါးရဲ့ သမီးချက်ကျွေးမယ် သမီးခဲအိုလေးကို"
ဝမ်ပါးက သူ့သမီးဝမ်ချင်ကိုကြည့်ပြီး
"သမီးရော ရည်းစားတွေမရှိသေးဘူးလား"
"ဟာ ပါးကလဲ ဘယ်ကသာမရှိပါဘူး"
"ပါးစီစဉ်ပေးရမှာလား"
"ဟာ ပါးကလဲ သမီးမယူချင်သေးပါဘူး ပါးနဲ့မမောင်ကိုပဲချစ်ချင်သေးတယ်"
ဝမ်ပါးကိုဖက်ထားပြီးပြောနေသည်ဝမ်ချင်ကိုကြည့်ပြီးဝမ်ပါးပြုံးလိုက်ပြီး
"ပြီးရင်လဲ‌ယောက်ျားနောက်ပါသွားမှာပဲကို"
"ပါးကလဲ"
ဝဝမ်ချင်အိပ်ခန်းထဲသို့ဝင်သွားသည်။ဝမ်ပါးကတော့ဝမ်ချင်ကိုကြည့်ပြီးပြုံးလျက်ကျန်ခဲ့သည်။အခန်းထဲမှဝမ်ရိပေါ်ကတော့ဖန်ရှင်းဆီဖုန်းဆက်ပြီးမနက်ဖြန်အလုပ်ဆင်းရမည်ဖြစ်
ကြောင်းပြောနေတော့သည်။
############
ရှောင်းကျန့် အိမ်သို့ပြန်ရောက်တော့ အားလင် ကပြေးဖက်သည်။ရှောင်းကျန့်ပြုံးလိုက်ပြီး
"ခြေထောက်နာနေတာကိုပြေးလာပြန်ပြီ"
"လေးလေးကိုလွမ်းနေတာ"
ရှောင်းကျန့်ရီလိုက်ပြီးစိတ်ထဲတွင်တော့
"တော်တော်ဆိုးတဲ့ကလေး"
အားလင်ကရှောင်းကျန့်ကို
"လေးလေး သားသင်တန်းတက်ချင်တယ်"
ရှောင်းကျန့်ဧည့်ခန်းထဲကဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး
"ဘာသင်တန်းလဲအားလင်*
"အကသင်တန်း"
"အားလင် စိတ်ဝင်စားရင်တက်လေ လေးလေး ခွင့်ပြုပါတယ်"
"တကယ်နော် "
ရှောင်းကျန့်ငြိမ့်ပြလိုက်သည်။အားလင်
ပျော်သွားပြီအခန်းထဲပြန်ဝင်သွားသည်။ရှောင်းကျန့် ခေါင်းခါပြီးမတ်တပ်ကာ အပေါ်ကအခန်းထဲသို့ဝင်သွားသည်။ရှောင်းကျန့်အခန်းထဲရောက်တော့ရေမိုးချိုးပြီးအနီရောင်အစင်း shirt လေးကိုဝတ်ထားသည်။
ရှောင်းကျန့်အလုပ်စားပွဲတွင်ထိုင်လိုက်ပြီးဖုန်းဖွင့်လိုက်တော့ပပေါ်လာတဲ့အစိမ်းရောင်ကောင်လေးကိုကြည့်ကာ
"ငယ်
       ငယ့်ကိုကိုယ်ပိုင်ရတော့မယ် အရမ်းချစ်တယ်ငယ် မြတ်နိုးတယ်ငယ်"
ရှောင်းကျန့်ပြောလိုက်ပြီးမက်ဆေ့ box ကိုဖွင့်ကာ
"ငယ်
      စောစောအိပ်နော်ငယ် ကိုယ်ပေးတဲ့လက်စွပ်လေးဝတ်ထားနော် ငယ်နဲ့လိုက်မယ်ထင်တယ်
   အရမ်းချစ်တယ်ငယ်မြတ်နိုးတယ်"
ရှောင်းကျန့်မက်ဆေ့ပို့ပြီးဖုန်းပိတ်ကာ ညစာစားရန်အောက်ထပ်ကိုဆင်းလာခဲ့သည်။
###########
ရိပေါ်ဖန်ရှင်းနဲ့ဖုန်းပြောပြီးရေမိုးချိုးပြီးအင်္ကျီဝတ်နေတုန်း မက်ဆေ့တစ်စောင်ဝင်လာသည်။
"တင်"
ရိပေါ်ဝတ်လက်စအင်္ကျီကိုအမြန်ဝတ်လိုက်ပြီးဖုန်း‌ကိုဖွင့်လိုက်တော့သူ‌မျှော်နေတဲ့လူကြီး။ရိပေါ်အခုတလောထိုလူကြီး၏စာကိုမျှော်‌နေတက်သည်။ထိုလူဆီကမက်ဆေ့ရရင်ဖွင့်ကြည့်ဖို့ရင်ခုန်နေတက်သည်။အခုမက်ဆေ့ကိုဖတ်ပြီးရိပေါ်အံဆွဲထဲကလက်စွပ်ဗူးလေးကိုထုတ်လိုက်သည်။ရိပေါ်လက်စွပ်ဗူးကိုဖွင့်ကာလက်စွပ်ကိုယူပြီးလက်တွင်စွပ်လိုက်သည်။လက်စွပ်ကိုကြည့်ပြီရိပေါ်ပြုံးလိုက်သည်။ထိုနောက်အိပ်ယာပေါ်တက်ကာလက်စွပ်ကိုကြည့်လျက်ရင်ခုန်စွာအိပ်စက်လိုက်တော့သည်။
The Next day
"ဝမ်လေး ထတော့လေ"
"အင်းးးးမမ ငါးမိနစ်"
မျက်လုံးမဖွင့်ဘဲလက်ငါးချောင်းထောင်ပြပြီးဆက်အိပ်နေတဲ့ရိပေါ်ကိုကြည့်ပြီးဝမ်ချင်ပြုံးမိသည်။တစ်ဆက်ထဲဝမ်းနည်းလာပြန်သည်။သူ့မောင်လေးကိုတစ်ခြားသူလက်ထဲပေးလိုက်ရတော့မယ်လေ။
ဝမ်ချင်ဝမ်လေးခေါင်းလေးကိုသပ်ပေးပြီး
"ဝမ်လေး ဝမ်လေးအလုပ်သွားမှာလေ"
ဝမ်ချင်ပြောမှသတိရကာ ဇက်ကနဲ ထထိုင်ပြီး
"အာ ဟုတ်သားပဲ နောက်ကျနေပြီလား မသိဘူး"
ပြောပြီး‌ရေချိုးခန်းထဲသို့ဝင်သွာသည်။ဝမ်ချင်ကတော့မောင်ဖြစ်သူကိုကြည့်ပြီးခေါင်းခါနေမိသည်
##############
ရှောင်းကျန့်ဒီ‌နေ့အရမ်းစိတ်လှုပ်ရှားနေသည်ကိုဘေးကအိမ်တော်ထိန်းနဲ့အားလင် ပင်သိသည်။နံနက်စာ စားပွဲဝိုင်တွင်
"လေးလေး ဘာဖြစ်နေတာလဲ"
"ဟမ် ဘာ ဘာဖြစ်လို့လဲ"
"ဟောဗျာ လေးလေး ဇွန်းပြောင်းပြန်ကြီးနဲ့ကော်ဖီမွှေနေတယ်လေ"
"ဟင်"
အားလင်ပြောမှရှောင်းကျန့်အောက်ငုတ်ကြည့်တော့ဟုတ်ပါ့ သူဇွန်းပြောင်းပြန်ကြီးနဲ့ကော်ဖီမွှေနေတာ။ရှောင်းကျန့်အရှက်ပြေချောင်းဟန်လိုက်ပြီး
"အဟမ်း လေးလေး သား အလုပ်သွားတော့မယ် အားလင်ရော သင်တန်းသွားတော့မှာလား လေးလေး တစ်ခါထဲပို့ပေးမယ်"
အားလင်က သူ့လေးလေးကိုကြည့်ပြီး
"လေးလေး သား သင်တန်းက ဒီနေ့မှသွားအပ်မှာလေ"
"ဟမ် အော အော် အေးလေ အဲ့တာသင်တန်းကိုလိုက်ပို့မယ်လေ "
"ရတယ် ရတယ် လေးလေး ဘာသာသွား
ဘာဖြစ်နေမှန်းမသိဘူး"
"ဒါဆိုလေးလေးသွားတော့မယ်"
အားလင်နဲ့အိမ်တော်ထိန်းကိုနှုတ်ဆက်ပြီးကုမ္ပဏီသို့ရင်ခုန်စွာထွက်လာခဲ့သည်။
ရှောင်းကျန့်ကုမ္ပဏီရောက်တော့ ထိုင်လိုက်ထလိုက်လမ်းလျှောက်လိုက် ပြန်ထိုင်လိုက်ဖြစ်နေသဖြင့်ကျိုးချန်က
"သူတောင်းစားရေ ငါ သောက်လုံးနှောက်လာပြီ မင်းထိုင်မလားငါလာလုပ်ရမလား"
"ဟီးဟီး မင်းကလဲကွာ ငါ ဝမ်လေးကိုမျှော်နေတာ"
ရှောင်းကျန့်စကားကြောင့်ကျိုးချန်ရှောင်းကျန့်ကို သေချာကြည့်ပြီး
"ရှောင်းကျန့်ဟုတ်တယ်လို့မပြောနဲ့နော်"
"ဘာကိုလဲဟ"
"မင်း ဝမ်လေးကို"
ရှောင်းကျန့် နားရွက်တွေ ရဲလာပြီး
"ဘာ ဘာဖြစ်လဲ"
ကျိုးချန် ရှောင်းကျန့်ကိုကြည့်ပြီး ထရီလိုက်သည်။
"ဟားးးးဟားးးးးရှောင်းကျန့် ဟားးးဟားးး"
"မင်းမေကုလားမို့အဲ့လောက်ရီနေတာလား သူတောင်းစားရဲ့"
ကျိုးချန် က
"မင်းကွာ ကလေးကို မှ ကြံနေတာပဲ သက်ငယ်မုဒ.."
ကျိုးချန်စကားမဆုံးခင် ရှောင်းကျန့် ကျိုးချန်ပါးစပ်ကိုအုပ်လိုက်ပြီး
"မင်းမေဘော ကို သက်ငယ်မုဒိန်းရမှာလား မဟုတ်သုခတွေမပြောနဲ့ ငါငယ့်ကိုချစ်တာအဖြူရောင်သက်သက်ပဲ"
(Me : :ဟွင်းဟွင်းသိနေတယ်နော်😏😏
CEO Xiao : :လျှာမရှည်နဲ့ဆက်ရေး😒😒
ME : :😶😶)
ကျိုးချန် ရှောင်းကျန့်လက်ကိုဖယ်လိုက်ပြီးရှောင်းကျန့်ကိုအံ့ဩစွာကြည့်ပြီး
"ဘာ ဘာ ဘယ်လိုခေါ်လိုက်တယ်"
ရှောင်းကျန့်ပြုံးလိုက်ပြီး
"ငါ့ရင်ထဲက သူအတွက်နမ်စားလေးတစ်ခုလေ ငယ် "
ကျိုးချန်ကတော့ ရှောင်းကျန့်ကိုကြည့်ပြီး ခေါင်းသားခါလိုက်မိသည်။
"ဒေါက် ဒေါက် CEO
Wang သခင်ကြီးရောက်နေပါပြီ"
ရှောင်းကျန့်အလုပ်ခုံကိုပြန်သွားပြီးမျက်နှာကိုပြန်တည်ကာ
"အင်း ဝင်ခိုင်းလိုက်လေ"
"ဟုတ်ကဲ့ "
ရှောင်းကျန့်တံခါးပေါက်ဆီကိုရင်ခုန်စွာစောင့်ကြည့်နေတုန်း
"ကျွီ"တံခါးဖွင့်သံနဲ့အတူ သူမြတ်နိုးရတဲ့အစိမ်းလုံးလေး အစိမ်းရောင် T-shirtလေးနဲ့ဒူး‌လောက်ရှိအဖြူရောင်ဘောင်းဘီလေးကိုဝတ်ဆင်ထားပြီးခေါင်းမှာအနီရောင် ဦးထုပ်လေးကိုလဲဆောင်းထားသေးသည်။
ရှောင်းကျန့် ဝမ်လေးကို ကြည့်တာဘယ်လောက်ကြာသွားမှန်းမသိ ကျိုးချန် အသံပေးမှ သတိဝင်လာတော့သည်။
"အဟမ်း CEOသတိလေးဘာလေးထားဦးမျက်လုံးပါကျွတ်ထွက်သွားဦးမယ်"
ရှောင်းကျန့်လဲ ရှက်ရှက်နဲ့လည်ဂုတ်ကိုလက်နဲ့ပွတ်နေသည်။ဝမ်လေးက‌လဲပါးနှစ်ဖက်ကိုရဲပြီးရှက်နေလေသည်။
-------------------------------------
ပစ်ထားမိလို့သွေ့ပုချီ အားပေးကြပါဦးနော် ဖတ်ရှုသူတစ်ယောက်ချင်းကိုကျေးဇူးတင်ပါတယ် အိုက်နီဒါဒါတို့❣❣
Vote​လေးနဲ့fbလေးမစပါ🙏🙏

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Tahanan ng mga kuwento. Tumuklas ngayon