❣Part-34❣

1.6K 72 0
                                    

မိုးမခနှုတ်ခမ်းပါး
{Zhanyi}(Episode-34)

ရိပေါ် ဆေးရုံမှာ တစ်လအကြာကုသခံပြီး ရှောင်းကျန့်က ရိပေါ်ကိုအိမ်မှာပဲဆက်ကုမယ်ဆိုလို့ ရှောင်းကျန့်ဝယ်ထားတဲ့တိုက်ခန်းလေးကိုရိပေါ်ကိုခေါ်လာခဲ့သည်။ရှင်းမောင်နှမ လဲ ရှောင်းကျန့် တစ်ပတ်လောက် ဇိမ်ပြေနပြေနိုပ်စက်ပြီးမှ ပြည်ပကိုပို့လိုက်သည် ။ နောက်တစ်ပတ်နေတော့ သူတို့မောင်နှမနှစ်ယောက်လုံး သေပြီဆိုတဲ့သတင်းရတယ်။

ရိပေါ်က တစ်လကြာပေမဲ့ အခုထိ ငြိမ်သက်လို့ကောင်းနေဆဲပင်။ရှောင်းကျန့်မျက်နှာဟာလဲ အရင်ကထက်ပိုအေးစက်တည်ငြိမ်လာပြီးကြည့်ကောင်းလှတဲ့မျက်နှာပေါ်မှာ မုတ်ဆိတ်မွေးလေးရေးရေးလေးတွေပင်ပေါက်နေပြီ။ဒီတစ်လလုံးရှောင်းကျန့် ရုံးကိုအရေးကြီးမှသာသွားတက်သည်။ဒီနေ့လဲထုံးစံအတိုင်းရှောင်းကျန့် ရိပေါ့်လက်လေးကိုစုပ်ကိုင်ပြီး

"ငယ် ထတော့လေ ကွာ အိပ်နေတာကြာပြီလေ လိမ်မာပါတယ်ကွာနော် ကိုကို့ ကိုချစ်တယ်ဆို ကိုကိုတို့လက်ထပ်ကြမယ်လေ ထပါကွာ"

ပြောရင်းမျက်ရည်ကျမိပြန်သည်။ ရှောင်းကျန့် က ကလေးငယ် နဲ့ပက်သတ်ရင် ခံစားချက်ပြင်းထန်လှသည်။ဧည့်ခန်းထဲက

"ရှောင်းကျန့် ခဏလာဦး"

ကျိုးချန်ခေါ်တာမလို့ ရှောင်းကျန့် မျက်ရည်တွေသုတ်ပြီး ရိပေါ်နဖူးလေးကိုနမ်းကာ အခန်းထဲထွက်ခဲ့သည်။ရှောင်းကျန့်ထွက်လာတော့ ဟောက်ရွမ်း၊ကျိရန် နဲ့ဝမ်ချင်ပါရောက်နေသည်။ဝမ်ပါးကတော့ သူ့သားစိတ်နဲ့အိပ်ယာထဲလဲနေသည်။ရှောင်းကျန့် ဝင်ထိုင်လိုက်တော့

"ရှောင်းကျန့် ဝမ်လေးအခြေအနေ?"

ဝမ်ချင်အမေးကို ခေါင်းလေးအသာခါပြတော့ ဝမ်ချင်ကမျက်ရည်ကျလာသည်။ကျိုးချန် က

"ဟူးးးဝမ်လေးပြန်လာမှာပါကွာ"

ရှောင်းကျန့်ပခုံးကို ဟောက်ရွမ်းရော ကျိုးချန်းပါဖက်ပြီးနှစ်သိမ့်ပေးတော့ ရှောင်းကျန့်ခေါင်းလေးငြိမ့်ပြီးမျက်ရည်ဝဲကာ

"ငါ ငါလွမ်းနေပြီ အရမ်းလွမ်းနေပြီ ဟင့် "

ပြောရင်းငိုချလာတဲ့ရှောင်းကျန့်။ဝမ်ချင်ကတော့တရှုံ့ရှုံ့ငိုနေတော ကျိရန်က ဖက်ပြီးနှစ်သိမ့်ပေးနေသည်။

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Where stories live. Discover now