Unicode
နှစ်တွေလည်း တော်တော်ကြာလာပြီး ယွန်းဂျီလေးလည်း မူလတန်းကို ရောက်ပြီ ထယ်ယောင်းတို့ရဲ့ အမြွှာနှစ်ယောက်နဲ့ ယွန်းဂျီလေးက လပိုင်းလေးပဲ ကွာတာကြောင့် သုံးယောက်ကို အတန်းတူတူပဲ ထားပေးထားတယ်
ကျောင်းဆင်းချိန်လောက်ရောက်ပြီဆိုတော့ ဂျီမင်တယောက် ယွန်းဂျီလေးကို သွားကြိုလေရဲ့ ယွန်းဂျီကိုကြိုရင်းနဲ့ တခါတည်း အမြွှာနှစ်ယောက်ကိုပါကြိုခဲ့ပြီးတော့ ထယ်ယောင်းဆီဝင်ပို့ရင်းနဲ့ သူငယ်ချင်းနှစ်ယောက် စကားတွေပြောကြလေရဲ့ ကလေးသုံးယောက်ကတော့ အပေါ်ထပ်မှာ ဆော့နေကြတယ်
"ငါတို့သုံးယောက်တောင် အရင်ကလိုဆိုးပေတွေမဟုတ်တော့ပဲနဲ့ ကလေးအဖေတွေဖြစ်ကုန်ကြပြီနော်"
"ဟုတ်ပါ့ ထယ်ယောင်းရာ ငါတို့တွေဆိုးသွမ်းခဲ့တာတွေအကုန် မနေ့တနေ့ကလိုပဲ"
"ငါတို့သားသမီးတွေအလှည့်ကျ ဘယ်လိုနေမလဲမသိဘူးနော် ဂျီမင်ရေ ဟားဟားဟား"
"ဒယ်ဒီရေ ဒယ်ဒီရေ"
"ဟေ့ကောင် ထယ်ဆော့ ဖြေးဖြေးလာပါ ချော်လဲဦးမယ် ငါ့သားရယ်"
"ဒယ်ဒီနဲ့ ဦးဦးဂျီမင်ကို ပြောစရာရှိလို့"
"ဟမ် ဦးဦးကိုပြောစရာရှိလို့"
"ငါ့သားက အဆန်းပါလားကွ ပြောစရာရှိလို့ဆိုပဲ ကဲ ပြောပါဦး ဘာပြောမှာလဲ"
"သားသားကို ယွန်းဂျီနဲ့လက်ထပ်ပေး"
"ဟမ်"
နှစ်ယောက်လုံး အာမေဋိတ်ပြိုင်တူထွက်သွားကြသည်"ဟေ့ကောင် မင်းကကွာ အသက်ကိုလည်း ကြည့်ဦး ဒါပြောစရာလား"
"ထားလိုက်ပါ ထယ်ယောင်းရာ ထယ်ဆော့ကို ဦးဦးမေးမယ်နော်"
"သားလေးက ယွန်းဂျီကို တကယ်ချစ်တာလား"
"ဟုတ် ဦးဦးဂျီမင်"
"ကဲပါကွာ မင်းတို့ကြီးလာရင် ပေးစားမယ်နော်"
"ရေး ဒါမှ တို့ဦးဦးကွ"
ဆိုပြီး ထယ်ဆော့တယောက် အပေါ်ကို ပြေးလွှားခုန်တက်သွားလေရဲ့"အဲ့တာသာကြည့်တော့ ဂျီမင်ရေ ငါ့သား ဘယ်လောက်ထိရွလဲဆိုတာ"