𝑃𝑎𝑟𝑡-12🐱🐥

1.5K 132 1
                                    

Unicode

ဒီနေ့က ရုံးပိတ်ရက် တနင်္ဂနွေနေ့ အရင်ကဆို ယွန်းဂီနဲ့ဂျီမင်တို့နှစ်ယောက် အပြင်ထွက်ပြီး မုန့်စားရင်စား လျှောက်လည်ကြပေမယ့် ဒီတပတ်တော့ ဘယ်မှမသွားပဲ အိမ်မှာပဲနေကြမယ်ဟု ဆုံးဖြတ်ထားကြလေသည် ဦးက သူ့ကလေးကို အချိန်ပေးမည်တဲ့လေ ဒီနေ့ကို ကလေးအတွက် ကလေးအကြိုက်ဆုံးဟင်းတွေကို သူကိုယ်တိုင်ချက်ကျွေးမည်ဟု ကတိပေးထားလေသည်

အခုထိ နှစ်ယောက်လုံးမထကြသေး အခန်းထဲသို့ သွားကြည့်ပါက တယောက်ကိုတယောက် လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာ ဖက်ထားကြသည့် နှစ်ယောက်ကို ကုတင်ပေါ်တွင် တွေ့ကြရမည်ဖြစ်သည်

ယွန်းဂီက ဂျီမင်ထက် အရင်ဆုံးနိုးလာလေသည် သူ့ကလေးအိပ်ရေးပျက်မှာစိုး၍ မနှိုးသေးပဲ ရေချိုးခန်းထဲသို့သာ သူဝင်သွားသည် သူရေချိုးပြီးထွက်လာတော့ မင်က နိုးတောင်နိုးနေပြီဖြစ်သည်

"ကလေးငယ် နိုးနေတာကြာပြီလား"

"ဟင့်အင်း မကြာသေးဘူး ခုနလေးကမှနိုးတာ"

မင်လေးက အခုမှနိုးလာတော့ဆိုတော့ သူ့ရဲ့မျက်စိလေးတွေကို လက်သေးသေးလေးနဲ့ နှုတ်ခမ်းလေးထော်ပြီး ပွတ်နေသည်မှာ အသည်းယားဖွယ်အတိ ယွန်းဂီလည်း စိတ်မထိန်းနိုင်ပဲ ထော်နေတဲ့နှုတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက်မိသည်

"ဟာ ဦးကလည်း မျက်နှာတောင်မသစ်ရသေးတဲ့ဟာကို"

"ကလေးဘယ်လိုနေနေ ဦးကချစ်ပြီးသား"

"မနက်စောစောစီးစီး လူကိုခြွေနေတာ ဒီလူကြီးကတော့"ဆိုပြီး နှုတ်ခမ်းလေးထော်ကာ ပြောနေတော့

"ဒီနှုတ်ခမ်းလေးက ထော်နေသေးတာလား ထပ်နမ်းလိုက်မှာနော်"

"တော်ပြီဗျာ ဦးရာ"

မင်လေးလည်း ရှက်ရှက်နဲ့ ရေချိုးခန်းထဲကို ပြေးဝင်လာလိုက်တယ်

"ချော်လဲမယ် ကလေး ဖြေးဖြေးသွား ဦး အောက်ထပ်မှာ မနက်စာပြင်ပြီး စောင့်နေမယ်"

~~

ကျွန်တော်လည်း ပြင်ပြီးဆင်ပြီးတာနဲ့ အောက်ထပ်ကိုဆင်းလာလိုက်တယ် အောက်ထပ်တောင်မရောက်သေးဘူး လှေကားတဝက်လောက်ရောက်ရုံနဲ့တင် ဦးရဲ့ မနက်စာက တော်တော်လေးဆွဲဆောင်နေတာ ဦးရဲ့ဟင်းချက်လက်ရာတွေကြောင့် ကျွန်တော်လည်းတဖြေးဖြေးနဲ့ဝတုတ်ကြီးဖြစ်လာတော့မယ် အရင်က အစားချေးများတဲ့ ပတ်ဂျီမင်ဘယ်ရောက်သွားလဲလို့ မေးယူရမယ့်ပုံဖြစ်နေပြီ

ဦးကိုချစ်တယ်🐱🐥Where stories live. Discover now