𝐹𝑖𝑛𝑎𝑙 𝑃𝑎𝑟𝑡🐱🐥

1.9K 127 20
                                    

Unicode

လီယောင်ဂျွန်းတယောက် သူ့အပြစ်ကို သူကိုယ်တိုင်ဝန်ခံသလိုတွေဖြစ်ပြီး ကြောက်ကြောက်နဲ့ အိမ်ရှေ့ကိုထွက်ပြေးလာပြီး သူ့ကားနဲ့ထွက်ပြေးလာတယ် နောက်တော့ ကြားလိုက်ရတာက လီယောင်ဂျွန်းတယောက် လမ်းမှာ ကားတိုက်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်ဆိုတာပဲ

ယွန်းဂီတို့နှစ်ယောက်လည်း အဲ့သတင်းကိုကြားရတော့ အရမ်းတုန်လှုပ်သွားကြတယ် သူတို့က အခုမှ လီယောင်ဂျွန်းကို ဖမ်းဖို့ဆိုပြီး သက်သေတွေနဲ့ ဆော့ဂျင်တို့ဆီသွားဖို့ရှိသေးတယ် နောက်ရင်းကနေ လီယောင်ဂျွန်းသေပြီဆိုတဲ့သတင်းကို ကြားလိုက်ရတော့ မယုံနိုင်အောင်ပဲ

"ဦး အဆင်ပြေရဲ့လား"

ယွန်းဂီဆီကို ဂျီမင်တယောက် စိတ်ပူကြီးစွာနဲ့ မေးလိုက်မိတယ်

"ပြေပါတယ် ကလေးရယ် ဦးကဘာလို့မပြေရမှာလဲ ပြေတာပေါ့ တခုပဲ သူငယ်ချင်းဆိုတဲ့သူတယောက် ဆုံးရှုံးသွားတယ်ဆိုတဲ့အသိက နည်းနည်းတော့ စိတ်မကောင်းဖြစ်ရတယ်"

စကားဆုံးခါနီးလေးမှာ အသံတိမ်ဝင်သွားတဲ့ ယွန်းဂီကြောင့် ဂျီမင်ပါ ဝမ်းနည်းလာမိသည် ဂျီမင်က လီယောင်ဂျွန်းကို မုန်းတော့ မမုန်း သူချစ်ရတဲ့ဦးကို အရင်က လုပ်ခဲ့တဲ့အပြစ်တွေရော အခုထပ်လုပ်လိုက်တဲ့ အပြစ်တွေရောကြောင့် သူစိတ်တော့တိုမိသား

ဂျီမင် ယွန်းဂီကို သူ့စိတ်တိုင်းကျငိုခွင့်ရပါစေဆိုပြီး သူ့ရင်ခွင်ထဲထွေးပွေ့လိုက်မိတယ် သူကအငယ်ဆိုပေမယ့် ဒီလိုလေးတော့ ရှိရမယ်မဟုတ်လား ခနနေတော့ နှစ်ယောက်သား ဆော့ဂျင်တို့အတွဲဆီကို အကြောင်းတွေအကုန်ပြောပြဖို့သွားကြတယ်

ဆော့ဂျင်တို့လည်း ဒီသတင်းကိုကြားတော့ လုံးဝစိတ်မကောင်း ဘယ်လောက်ပဲ ရန်ငြှိုးတွေကြီးခဲ့ပါစေ အခုလိုကြီးကြားရတာတော့ ဘယ်လိုလုပ်ပြီး စိတ်ကောင်းနိုင်ကြပါ့မလဲ

လီယောင်ဂျွန်းတယောက် အခုလိုရုတ်တရက်ကြီးဆုံးသွားတာ သူ့အနေနဲ့ သနားစရာတော့ကောင်းသား ဘာလို့လဲဆိုတော့ သူ့မှာ သားသမီးတယောက်မှမထွန်းကား အရင်မိန်းမကလည်း နောက်ယောက်ျားယူသွားပြီးတော့ အခုသူသေတယ်လို့ကြားတာတောင် တချက်လေးလာမတွေ့ အဲ့တာကြောင့် သူ့ရဲ့နောက်ဆုံးခရီးကို ယွန်းဂီတို့လေးယောက်သာ အဆုံးသတ်ပေးလိုက်ရသည်

ဦးကိုချစ်တယ်🐱🐥On viuen les histories. Descobreix ara