𝑃𝑎𝑟𝑡-7🐱🐥

1.6K 151 21
                                    

Unicode

"ဂျီမင်လေးက မေးလာမှတော့ အကို အကုန်ပြောပြလိုက်ပါတော့မယ်"

Flash Back start

လီယောင်ဂျွန်း၊ယွန်းဂီနဲ့ ဆော့ဂျင်တို့က အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေပါ မိဘတွေကလည်း ချမ်းသာ ရုပ်ရည်ရူပကာကလည်းချော အစစအရာရာလိုလေသေးမရှိအောင်ပြည့်စုံနေကြတဲ့သူတွေ သူတို့ရောက်လာပြီ‌ဆို မိန်းကလေးတွေအကုန်လုံးမှာ အုတ်အော်သောင်းတင်းတွေဖြစ်ကြရော သူတို့သုံးယောက်ကို လူတွေက A3လို့ခေါ်ကြတယ်

POV-A3ဆိုတာကို Extraordinary Youကြည့်ဖူးတဲ့သူတွေဆို သိလောက်မယ်ထင်ပါတယ် အဲ့ကနာမည်လေးကို ယူသုံးထားတာပါ

သူတို့တွေကို မိန်းကလေးတွေက ဘယ်လောက်ကြိုက်ကြိုက် သူတို့လုံးဝပြန်ပြီးတော့အဖတ်မလုပ် သူတို့သူငယ်ချင်းသုံးယောက်သာ အမြဲတပူးတွဲတွဲနေကြသည် သူတို့သုံးယောက်မှာလည်း ရည်းစားဆိုလို့ မူးလို့ပင်ရှူစရာမရှိ

အဲ့လိုတွေနေလာခဲ့ရင်းနဲ့ တနေ့ကျ လီယောင်ဂျွန်းက ယွန်းဂီကို ဖွင့်ပြောလာတယ်

"ယွန်းဂီ သူငယ်ချင်းအချင်းချင်း ဒီလိုစကားမျိုးမပြောသင့်တာ သိပေမယ့် ငါမင်းကိုချစ်တယ် ငါ့ကိုလက်ခံပေးပါလား"

ယွန်းဂီတယောက် ဘာလုပ်ရမှန်းပင်မသိတော့ သူ ယောင်ဂျွန်းကို ခင်ပါသည် ချစ်လားလို့မေးပြန်တော့ အဖြေကမထွက် မချစ်ဘူးလားဆိုတော့ မဟုတ်ပြန် သူ့စိတ်ကို သူလုံးဝမှန်းလို့မရ

"မင်းကကွာ ရုတ်တရက်ကြီး ငါစဉ်းတော့စဉ်းစားပါ့မယ်"

"အေးပါ ကျေးဇူးတင်ပါတယ်ကွာ ယွန်းဂီ နောက်ပြီး အများကြီးလည်းချစ်တယ်"

ဖွင့်ပြောပြီး နောက်ရက်တွေမှာ လီယောင်ဂျွန်းက ယွန်းဂီကို လိုတာထက်ပိုပြီး သဲသဲလှုပ်ဂရုစိုက်ပြလာတယ် ဘေးနားမှာရှိတဲ့ ဆော့ဂျင်ကတောင် အံ့ဩရလောက်တဲ့အထိ ယွန်းဂီက မသိစေချင်တာကို သူကသိသာအောင်လုပ်ပြနေတာ

ဒီလိုနဲ့ တပတ်လောက်ကြာလာတော့ ယွန်းဂီလည်း သူ့ကို ဂရုစိုက်မှုတွေကြားမှာ ပျော်လာပြီးတော့ ယောင်ဂျွန်းကို အဖြေပြန်ပေးလိုက်တယ်

ဦးကိုချစ်တယ်🐱🐥Donde viven las historias. Descúbrelo ahora