𝑃𝑎𝑟𝑡-2🐱🐥

2.2K 202 18
                                    

Unicode

လက်ထပ်ပွဲအတွက်ပြင်ဆင်သမျှကို ယွန်းဂီက ဂျီမင်စိတ်တိုင်းကျဖြစ်စေ၏ သို့သော် ပိုက်ဆံသုံးစွဲရာ၌ စည်းစနစ်ကျစေ၏ မလိုတာတွေကို မဝယ်ပဲ လိုအပ်တာတွေကိုသာ ဝယ်စေသည်

ပိုက်ဆံခြွေတာသည်ဟု နာမည်ကြီးသော မင်ယွန်းဂီသည် လက်ထပ်ပွဲအတွက်၌မူ ပိုက်ဆံအများကြီးကုန်ကျစေသည် ခန်းဝင်ပစ္စည်းဝယ်သည့်နေရာမှလွဲ၍ လက်ထပ်ပွဲကျင်းပမည့်နေရာ လက်ထပ်ပွဲအားလာရောက်ချီးမြှင့်ပေးသူတိုင်းကို ပြန်၍ ကမ်းမည့်လက်ဆောင်တို့အား ခမ်းနားစွာ ပြုလုပ်ပေးသည်

ယခုလက်ထပ်မည့်သတို့သားနှစ်ဦးမှာ စီးပွားရေးလောကတွင် အလွန်နာမည်ကြီးလှသော Min Group၏ ပိုင်ရှင် မင်ယွန်းဂီနှင့် ကိုရီးယားတွင်သာမက ပြည်ပတွင်ပါ အောင်မြင်မှုအများအပြားရရှိထားသည့် Park Group၏ တဦးတည်းသောသားဖြစ်သူ ပတ်ဂျီမင်တို့ဖြစ်သဖြင့် ထိုလက်ထပ်ပွဲ၌ စီးပွားရေးသမားများသာမက သတင်းထောက်များသာစုံလင်စွာ ရောက်ရှိနေသည်

လက်ထပ်ပွဲကို ကိုရီးယားနိုင်ငံတွင်သာ ကျင်းပချင်သည်ဟုဆိုသော မင်ယွန်းဂီ၏ ဆန္ဒကြောင့် ကိုရီးယား၏ အကောင်းတကာ့အကောင်းဆုံးဟိုတယ်တွင် လက်ထပ်ပွဲကို ကျင်းပနေခြင်းဖြစ်သည်

ပျားရည်ဆမ်းခရီးကိုလည်း နှစ်ယောက်လုံးက မသွားချင်ဟုဆိုသောကြောင့် လက်ထပ်ပွဲပြီးတော့ သူတို့နှစ်ယောက်အတွက် ဂျီမင်၏မိဘနှစ်ပါးမှလက်ဖွဲ့ထားသော အိမ်လေးသို့သာ သွားကြလေသည်

အိမ်ကိုရောက်တော့ သူတို့နှစ်ယောက်ကို သူငယ်ချင်းတွေရော မိဘတွေရောကပါ ဆွဲကြိုးဝိုင်းတားကြသည် ထိုပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်ကို မင်ယွန်းဂီမှာပျော်ရွှင်နေသော်လည်း ဂျီမင်မှာမူ မပျော်ရွှင်နိုင် သူအရင်လိုလွတ်လွတ်လပ်လပ်မနေရတော့မှာကို တွေးပြီး ပူနေလေ၏

ကိစ္စတွေအကုန်လုံးပြီးတော့ ဂျီမင်၏မိဘနှစ်ပါးမှာ Australiaသို့ပြန်ကြရတော့မည် ဂျီမင်မှာ ထိုအချိန်ကျမှ ဝမ်းနည်းပက်လက်နဲ့ အကျယ်ကြီးထငိုလေတော့သည်

"မာမီ တကယ်ပြန်တော့မှာလား မပြန်ပါနဲ့လား သားနဲ့ပဲနေလေ နော် မာမီနော်"

ဦးကိုချစ်တယ်🐱🐥Where stories live. Discover now