𝑃𝑎𝑟𝑡-11🐱🐥

1.5K 140 1
                                    

Unicode

ဒီနေ့ယွန်းဂီရုံးပြန်တက်ရမယ့်ရက် အရင်ကဆို ရုံးကို မနက်၈နာရီလောက်ကတည်းကသွားပေမယ့် ဒီနေ့တော့ ဂျီမင်လိုက်မည်ဖြစ်၍ ကလေးငယ်အစောကြီးအိပ်ရာထရမှာစိုးပြီး မနက်၁၀နာရီလောက်မှရုံးသွားမည်ဖြစ်သည် သူကတော့ထုံးစံအတိုင်း မနက်စောစောထ ရေချိုးပြီး ကလေးငယ်နှင့်သူစားရန် မနက်စာကို ကြိုပြင်နေလိုက်သည် ကလေးငယ်ကိုတော့ မနက်၉နာရီလောက်မှသာ သွားနှိုးမည်

မနက်စာအကုန်ပြင်ဆင်ပြီးတော့ သူ့ကလေးငယ် မနိုးလောက်သေးဘူးထင်ပြီး ခြေသံဖွဖွလေးနဲ့လျှောက်လာတာ တံခါးလည်းဖွင့်လိုက်ရော အမလေးကြားသားမိုးကြိုး ကိုပတ်ဂျီမင်တို့က ဝတ်စုံပြည့်နဲ့ အကုန်ပြင်ဆင်ပြီးသားဖြစ်နေလေရဲ့

"ကလေးငယ် အစောကြီးနိုးနေတာလား"

"ဟုတ်တယ် မင် ညကတည်းက မနက်၈နာရီ alarmပေးထားလိုက်တာ ဦးရုံးကို နောက်မကျအောင်သွားရမယ်လေ"

"ဒီကလေးပေါက်လေး အင်မတန် လိမ္မာနေပါရောလား"

"ဟီးဟီး"

"လာ ဦးတို့ မနက်စာသွားစားရအောင်"

"ဟုတ်"

သူတို့မနက်စာစားပြီးတော့ ရုံးကို အတူတူထွက်လာခဲ့ကြတယ် ရုံးရောက်တော့ ရှိုးစမိုးအပြည့်နဲ့ပတ်ဂျီမင်ကို လူတိုင်းကမြင်ပြီး ကြွေသူကကြွေ အားကျတဲ့သူနဲ့ ပတ်ဂျီမင်ဘေးက မင်ယွန်းဂီဆိုသည့်လူကြီးမှာတော့ ဂျယ်လီတွေ အတောင့်လိုက်နင်နေလေပြီ ပတ်ဂျီမင်ကို စိတ်မချတော့တဲ့အဆုံး ကောက်ပွေ့ချီလိုက်ကာ ဓာတ်လှေကားဆီသို့မြန်မြန်သွားလိုက်တော့သည် အချီခံလိုက်ရတဲ့ ပတ်ဂျီမင်မှာ ပါးစပ်အဟောင်းသား

ရုံးခန်းထဲရောက်တော့ ပတ်ဂျီမင်ကနေ

"ဦး ခုနကကျွန်တော့်ကိုဘာလို့ချီလိုက်တာလဲ"

"သူများတွေဝိုင်းကြည့်နေတာကို"

"ဦးကသဝန်တိုတယ်ပေါ့"

"မတိုပဲနေစရာလား ကိုယ့်ကောင်လေးနုနုဖတ်ဖတ်လေးကို အကုန်လုံးဝိုင်းကြည့်နေတာမျိုး မလိုချင်ပါဘူး"

"Aigoo မင့်ရဲ့ဦးကသဝန်တိုတာ ချစ်စရာလေး"

"ဒီကလေးနော် လူကြီးကို"

ဦးကိုချစ်တယ်🐱🐥Where stories live. Discover now