𝑃𝑎𝑟𝑡-3🐱🐥

2.1K 178 19
                                    

Unicode

မနက်ခင်းနိုးလာတော့ သူကျွန်တော့်ဘေးမှာရှိမနေဘူး အောက်မှာမနက်စာသွားပြင်နေတယ်နေမှာပေါ့ မနေ့ညက ကိစ္စကတော့ တော်တော်စိတ်ဆိုးတာ အကောင်းကြီးရှိသေးတဲ့အဝတ်တွေကို ဘာလို့လွှင့်ပစ်ခိုင်းရတာလဲကိုမသိတာ အိမ်နေရင်းဝတ်ဖို့ရာလည်း သစ်နေသေးတယ်လေ ပြီးတော့ကျွန်တော်က အဲ့အဝတ်အစားတွေနဲ့မှ အပြင်ထွက်ရင်ပေါ့ပေါ့ပါးပါးရှိတဲ့ဟာကို စိတ်တွေလည်းညစ်တယ် တော်ပြီ ရေသွားချိုးတော့မယ်

____________♥️____________

ရေချိုးပြီးဆင်းလာတော့ မီးဖိုချောင်မှာ ဟင်းချက်နေတဲ့သူ့ကို ကျွန်တော်မှင်သက်စွာ ငေးကြည့်နေမိတယ် သူကတော့ ကျွန်တော်ရောက်နေကြောင်းမသိသေးဘူးထင်ပါ့ သူ့ပုံစံကြီးက တကယ်ပစ်ကြွေချင်စရာကြီးပါဗျာ အေပရွန်ဝတ်ပြီး ဟင်းချက်နေတဲ့ယောက်ျားလေးတယောက်က ဒီလောက်ထိ ခန့်ညားနေဖို့လိုလို့လား အဲ့အချိန်မှာ ကျွန်တော့်ဘယ်ဘက်ရင်အုံထဲက သကောင့်သားက ကုလားဘုရားလှည့်နေသလားအောက်မေ့ရတယ် ငြိမ်ငြိမ်ကိုမနေဘူး

"ကလေး
ကလေးငယ်
မင်"

"ဗျာ"

"ကလေးငယ် ဘာတွေတွေးနေတာလဲ ကိုယ်ခေါ်တာတောင်မကြားဘူး"

"ဘာမှမတွေးပါဘူး"

သူခေါ်နေတာတောင် ကျွန်တော်မကြားမိပဲ သူ့ကိုငေးမိနေတာပေါ့လေ အမလေး ရှက်လိုက်တာ

"အဲ့တာဆိုလာ မနက်စာစားမယ်"

စားနေရင်းနဲ့ ကျွန်တော်ရှက်လာပြီး မျက်နှာကြီးကနီနေတယ် ပေါက်ထွက်တော့မယ့်အတိုင်းပဲ

"ကလေးငယ် နေမကောင်းဘူးလား မျက်နှာတွေရဲနေတာပဲ"

"ဗျာ ကောင်းပါတယ်"

"မကောင်းရင်လည်း ကိုယ့်ကိုပြောလေ ဆေးခန်းလေးဘာလေးသွားရအောင်"

"ဘာမှမဖြစ်ပါဘူးလို့"

"အဲ့တာဆို မနက်စာစားပြီးရင် အဝတ်အစားသွားဝယ်ရအောင်လေနော်"

"ဟုတ်"

"ညကကိစ္စရော စိတ်ဆိုးပြေပြီလား"

"ဪ အဲ့တာကိုမေ့နေတာ ဘာလို့အဲ့အဝတ်တွေကို အပြင်မဝတ်ခိုင်းတာလဲဟင်"

ဦးကိုချစ်တယ်🐱🐥Where stories live. Discover now