𝑃𝑎𝑟𝑡-9

1.6K 139 12
                                    

Unicode

တပတ်လောက်နေတော့ ယွန်းဂီလည်း ဆေးရုံက ဆင်းရပြီ ဂျီမင်တယောက် တပတ်လုံး ယွန်းဂီနားမှာ တောက်လျှောက်ပြုစုတာများ အရင်က ဆိုးခဲ့တဲ့ ပတ်ဂျီမင်များ ဟုတ်မှဟုတ်ရဲ့လားလို့ မေးယူရတဲ့အထိ

POV-အချစ်ကပြောင်းလဲပေးသွားတာပေါ့‌လေ ဟုတ်ဟုတ်

ဆေးရုံက ဆင်းတော့လည်း ကားကို သူပဲမောင်း နမ်ဂျွန်းတို့လာကူပေးမယ်ပြော‌တာတောင် မရဘူး သူပဲ အကုန်လုပ်ပေးမယ်ဆိုပဲ ဘေးကကြားရတဲ့ ထယ်ယောင်းတို့ကတော့ ပါးစပ်အဟောင်းသားရယ် ပတ်ဂျီမင်တို့ ဘယ်တုန်းက ဒီလောက်လိမ္မာသွားပါလိမ့်ပေါ့

အိမ်ရောက်တော့ ယွန်းဂီကို သူပဲတွဲခေါ်သွား ကုတင်ပေါ်ကို အသာလေးချ အထုပ်တွေလည်း သူပဲသယ် ယွန်းဂီစားဖို့ ထမင်းဟင်းကအစ အခန်းထဲထိ သူသယ်ပေးတာ အဲ့လို ယွန်းဂီကိုချစ်တာပါ

"ကလေးလေး ဦးကိုပြုစုရတာ ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး ဦးငယ်ရဲ့"

"ဦး car accidentဖြစ်သွားတော့ Parisသွားဖို့ ခရီးစဉ်ပါပျက်သွားတာ ဦး တကယ်စိတ်မကောင်းဘူး"

"ဦးကလည်း ဘာတွေစိတ်မကောင်းဖြစ်ရတာလဲ Parisက အခုသွားမှ ရောက်မှာမှမဟုတ်တာ နောက်ကျ သွားလို့ရတာပဲကို"

"Aigoo ဦးရဲ့ကလေးလေး ဘယ်တုန်းကများ ဒီလောက်ထိ ရင့်ကျက်သွားပါလိမ့်"

"မသိပါဘူး မင်ယွန်းဂီဆိုတဲ့လူကြီးနဲ့ ယူပြီးထဲကများလား"

"ဟုတ်လား မင်ယွန်းဂီက ဘယ်သူလဲ"

"ဘယ်ကဦးလေးကြီးလဲမသိပါဘူး"

"ပတ်ဂျီမင်ကို အရမ်းချစ် အရမ်းမြတ်နိုးတဲ့ ဦးလေးကြီး"

"ဟာ ဦးကလည်း ဘာတွေလျှောက်ပြောနေမှန်းမသိဘူး တော်ပြီ ရေသွားချိုးတော့မယ်"

ကျွန်တော်လည်း ရှက်ရှက်နဲ့ ရေချိုးမယ်ဆိုပြီး ထွက်လာတာ ရေချိုးခန်းတံခါးဆီမသွားပဲ အခန်းတံခါးပေါက်ဆီသွားမိပါလေရော

"ကလေးငယ် အဲ့တာရေချိုးခန်းမှမဟုတ်ပဲ အခန်းတံခါးကြီးလေ ရှက်ရမ်းရမ်းနေတာလား"

ဦးကိုချစ်တယ်🐱🐥Where stories live. Discover now