𝑃𝑎𝑟𝑡-8🐱🐥

1.7K 141 9
                                    

Unicode

ခေါက်ဆွဲစားနေရင်းနဲ့ ဂျီမင့်ဆီကို သူ့အမေဖုန်းဆက်လာတယ်

"ဟယ်လို မာမီ ဘာဖြစ်လို့လဲ"

"သား စားပြီးရင်မြန်မြန်ပြန်လာတော့ ယွန်းဂီ ယွန်းဂီသတိပြန်ရလာပြီ"

"ဗျာ မာမီ ဟုတ် ဟုတ် သားတို့နှစ်ယောက်ချက်ချင်းပြန်လာခဲ့မယ်"

"အကိုဆော့ဂျင် ဦးပြန်သတိရလာပြီတဲ့ မြန်မြန်သွားရအောင်"

ဂျီမင်တယောက် စားလက်စ ခေါက်ဆွဲကိုတောင်ပြီးအောင်မစားနိုင် ယွန်းဂီဆီသာအပြေးတပိုင်းလာမိသည်

*အခုလို ကျွန်တော့်ဆီအမြန်ပြန်လာပေးတဲ့အတွက် ဦးငယ်ကို ကျေးဇူးအများကြီးတင်ပါတယ်*

သတိပြန်ရလာပြီဆိုတော့ ဦးငယ်ကို အရေးပေါ်ခန်းထဲမထားတော့ပဲ VIPခန်းသို့ရွှေ့ထားလိုက်သည်

ဂျီမင်တယောက် ဓာတ်လှေကားကိုပင်မစောင့်နိုင်ပဲ ရိုးရိုးလှေကားကသာအပြေးတပိုင်းတက်လာမိသည် မောလို့မောရမှန်းတောင်မသိ အခန်းရှေ့ရောက်တော့ ဦးငယ်မျက်နှာကို အရင်ကြည့်ရင်း အမောဖြေမိသည် ပြီးခါမှ ဦးငယ်အခန်းထဲကို ဝင်ပြီး ဦးငယ်နားကို သွားမိသည်

ဂျီမင်အသံတိုးတိုးလေးနဲ့

"ဦးငယ်"ဟုခေါ်လိုက်မိသည်

"မင်းဘယ်သူလဲ ငါမသိဘူး"

ဂျီမင်ရင်ထဲ ကမ္ဘာပြိုလေပြီ ဦးငယ်သူ့ကိုတကယ်ပဲမမှတ်မိတော့တာလား ဦးငယ်အပေါ်သူဆိုးခဲ့လို့ နတ်ဘုရားတွေက သူ့ကို ဒဏ်ခတ်တာလား ဂျီမင် ငိုချင်စိတ်ကိုအတတ်နိုင်ဆုံးထိန်းထားရသည်

"ဦးငယ် ဦးငယ် မင့်ကိုတကယ်ပဲ မမှတ်မိတာလား မင်လေ ဦးငယ်သိပ်ချစ်တဲ့ မင်လေ ဦးငယ်တကယ်ပဲရက်စက်တယ်ဗျာ တော်ပြီ ဦးငယ်ကိုမချစ်တော့ဘူး"

"တကယ်ပဲ ကိုယ့်ကို မချစ်တော့တာလား ကလေးလေး"

"မချစ်တော့ဘူး ဟမ် ဦးငယ် မင့်ကိုသတိမရဘူးဆို"

"ဦးငယ်မှာ ဒီကလေးလေးတယောက်ပဲရှိတာ ဦးက မမှတ်မိစရာလား"

"ဟာ ဦးငယ်မကောင်းဘူး မင်ကတကယ်မှတ်သွားတာလေ"

ဦးကိုချစ်တယ်🐱🐥Where stories live. Discover now