𝑃𝑎𝑟𝑡-5🐱🐥

1.7K 141 25
                                    

Unicode

ဒီမနက်တော့ ဦးပြောသလို ၆နာရီမထနိုင်တော့ဘူး ဦးလည်းမထနိုင်ဘူးလေ မထနိုင်ဆို ညကနှစ်ယောက်သား နောက်ကျမှအိပ်ရာဝင်ခဲ့ကြသည်လေ

POV-မှောင်မနေနဲ့ဦး ညက ကာတွန်းကားပြီးအောင်ကြည့်နေလို့ မထနိုင်တာ☺️

ကျွန်တော်လည်း မနက်၈နာရီလောက်ကျနိုးလာတယ် ဦးကခုထိအိပ်တုန်း အဲ့တာနဲ့ကျွန်တော်လည်း ဦးရဲ့မျက်နှာအစိတ်အပိုင်းတခုချင်းစီကို လိုက်ထိနေမိတယ်

"ကိုယ့်မျက်နှာတွေကို ကိုင်ရတာ ဒီလောက်ကြိုက်သလား ကလေးလေး"

"ဟာ ဦးကလည်း နိုးနေတာကို မထသေးပဲ ဘာလုပ်နေတာလဲ"

"ကလေးက ကိုယ့်မျက်နှာအစိတ်အပိုင်းတွေကို တယုတယကိုင်နေတာလေး သဘောကျလို့ အိပ်ချင်ယောင်ဆောင်နေတာ"

"ဦးကလည်း ရှက်စရာကြီး"

"ရှက်မနေနဲ့ လာ"

အဲ့လိုကြီးပြောပြီး သူ့ရင်ခွင်ထဲ ကျွန်တော့်ကို ဆွဲသွင်းလိုက်တဲ့ဦးငယ် နွေးတယ် အင်း နွေးတယ် ဦးရင်ခွင်ထဲဝင်နေရရင် ဆောင်းတွင်းတောင် စောင်မလိုဘူးထင်ပါရဲ့ ဦးရင်ခွင်ကျယ်ကြီးရှိနေရင် နွေးထွေးပြီမလို့

POV-အမလေးလေး အားကျလိုက်တာ😞

"ကလေးငယ် ဦးရေသွားချိုးလိုက်ဦးမယ် ပြီးရင် ကလေးအတွက် မနက်စာပြင်ပေးမယ် ကလေးကအိပ်ချင်အိပ်နေဦးနော်"

"ဟုတ် ဦးရေချိုးပြီးရင် မင့်ကို ပြောနော်"

ဦးရေချိုးခန်းထဲဝင်သွားတာနဲ့ ကျွန်တော်ပြန်အိပ်နေသည်လေ ကျွန်တော်ကအအိပ်မက်သူဆိုတော့ အဲ့လိုပဲ နိုးပြီးလည်းပြန်အိပ်ချင်နေတာ အရင်ကဦးပေးမအိပ်ထားတော့ အခုပေးအိပ်တုန်း အိပ်ထားမှ

ကျွန်တော်လည်း အားရပါးရအိပ်လိုက်တာ နိုးလာတော့ အချိန်ကိုကြည့်လိုက်တာ ၁၁နာရီတဲ့ ဦးက လာလည်းမနှိုးသွားဘူး အောက်ဆင်းကြည့်ဦးမယ် မနက်စာစားဖို့များစောင့်နေပြီလားမသိဘူး

ကျွန်တော်အောက်ဆင်းကြည့်တော့ ဦးကမရှိတော့ဘူး ရေခဲသေတ္တာပေါ်မှာ စာကပ်ထားတာနဲ့ သွားကြည့်မိတော့ ရေးထားတာက

ဦးကိုချစ်တယ်🐱🐥Unde poveștirile trăiesc. Descoperă acum