𝑃𝑎𝑟𝑡-1🐱🐥

3.1K 239 12
                                    

Unicode

At Australia,

"ဟာ ဒီကောင် အိမ်ပြန်မလာသေးဘူးလား အချိန်ကိုလည်းကြည့်ဦး"

"‌ခနနေရောက်လာမှာပါ ဖေကြီးရယ် စိတ်လျှော့ပါ ‌သွေးတိုးနေဦးမယ်"

"မင်း မင်းရဲ့သားကို ကြပ်ကြပ်အလိုလိုက် ငယ်ငယ်တည်းက အလိုလိုက်ထားတော့ ဆိုးချင်တိုင်းဆိုးနေတာ"

"ဟုတ်ကဲ့ပါ ဖေကြီးရယ် ဆုံးမလိုက်ပါမယ်"

အခုစကားပြောနေကြသောသူနှစ်ယောက်မှာ အခြားသူမဟုတ် ည၁၂နာရီကျော်နေတဲ့အထိ အိမ်ပြန်မရောက်သေးသော တ‌ဦးတည်းသော သားတော် ပတ်ဂျီမင်ကို စောင့်နေကြတဲ့ မိဘနှစ်ပါးသာ

ဒီလူရှုပ်လေး ပတ်ဂျီမင်ရဲ့အကြောင်းကို ဇာတ်လမ်းမစခင် အနည်းအကျဉ်းပြောပြချင်ပါသည် ပတ်ဂျီမင်ဆိုသူမှာ Park Groupရဲ့ တဦးတည်းသော သားတယောက် မိဘတွေကလည်းချမ်းသာ သားတ‌ယောက်တည်းလည်းဖြစ်တော့ အရာရာလိုလေသေးမရှိ ဖြည့်ဆည်းပေးခံရပြီး အလိုလိုက်ခံထားရသောသူတယောက် သူဟာ ဆိုးသည် သို့သော် မိန်းမမပွေ ရည်းစားမရှုပ်သောသူတယောက်ဖြစ်သည် အရက်ဆိုလည်း အရမ်းကြီးမူးပြဲနေအောင် သောက်တတ်တာမျိုးမဟုတ် အသင့်အတင့်လောက်သာ ညစဉ် သူ့သူငယ်ချင်းဖြစ်သူ Taehyung, Hoseokieနှင့်အတူတူ clubသွားလေ့ရှိသည်

သူက ယောက်ျားလေးတယောက်ဖြစ်သော်ငြား လှသည် မိန်းကလေးတယောက်ရဲ့အလှဆိုတာ သူ့အလှနှင့်ယှဉ်လျှင် မယှဉ်ဝံ့သာ ပါးဖောင်းဖောင်းလေးနှစ်ဖက် ဘာမှဆေးဆိုးပန်းရိုက်လုပ်ထားခြင်းမရှိပဲ နဂိုဖြူ၀င်းနေသော သူ့ရဲ့အသားအရေ မိန်းကလေးတွေက နှုတ်ခမ်းနီဆိုးကာမှ ရဲတတ်သော နှုတ်ခမ်းသားလေးတွေနှင့် သူ့ရဲ့အလိုအလျှောက်ရဲနေသော နှုတ်ခမ်းသားဖူးဖူးလေး‌တွေသာ ယှ‌ဉ်မိလျှင် မိန်းကလေးတွေမှာ အလွယ်တကူရှုံးနိမ့်ရစမြဲ

ထိုသို့မိန်းကလေးရှုံးအောင်လှသော သူ့ကို ဣတ္ထိယမိန်းမသားတွေသာမက ပုရိသယောက်ျားလေးတွေပါ လိုချင်သည် သူနဲ့တွေ့မိတဲ့မည်သူမဆို သူ့အလှမှာ နစ်မြောရသည်မှာ ထုံးစံတခုလိုဖြစ်နေပြီ သို့သော် အခုချိန်အထိ သူ့မှာရည်းစားဆိုလို့ မူးရင်တောင်ရှူစရာမရှိ သူ့ကိုလာပြောတဲ့မိန်းကလေးတိုင်း ယောက်ျားလေးတိုင်းကို ငြင်းလွှတ်ခဲ့တာလေ ငြင်းလွှတ်တိုင်း သူပြောနေကျစကားက

ဦးကိုချစ်တယ်🐱🐥Where stories live. Discover now