𝑃𝑎𝑟𝑡-10🐱🐥

1.6K 137 1
                                    

Unicode

နမ်ဂျွန်းနဲ့ ဆော့ဂျင်တို့နှစ်ယောက် ရေမွှေးformulaခိုးသွားတဲ့သူကို လိုက်ရှာကြတာ အခုတော့ တွေ့ပြီ သူ့ကိုဖမ်းလည်းဖမ်းမိသွားပြီးတော့ တရားစီရင်မှုအထိပါ လုပ်လုပ်ပြီ နောက်ကွယ်က ကြိုးကိုင်တဲ့သူကလည်း သူတို့ထင်တဲ့ လူဖြစ်နေတယ်ဆိုတာ သိရတော့ သိပ်မအံ့ဩ

အခုတော့ ယွန်းဂီကို ကားတိုက်သွားတဲ့ တရားခံရှာဖို့ပဲလိုတော့တာ

"Namjoon na"

"Seokjin hyung ပြောလေ"

"မင်းကို တခုမေးချင်တာလေးရှိတာ မင်း စိတ်ကွက်သွားမှာစိုးလို့ မမေးတာ"

"ရပါတယ် Hyungရဲ့ ဘာမေးမှာလဲ ပြောလေ"

"မင်း ယောက်ျားလေးချင်းတွဲတာကို ဘယ်လိုမြင်လဲ"

"ဘယ်လိုမြင်လဲဆိုတော့ love has no genderပဲလေ သူတို့လည်း လူအချင်းချင်းကြိုက်တာပဲဆိုတော့ လက်ခံပါတယ်"

"အကယ်၍ မင်းကို ယောက်ျားလေးတယောက်ကသာ ဖွင့်ပြောခဲ့ရင် မင်းဘယ်လိုတုံ့ပြန်မိမယ်ထင်လဲ"

"ခဏတော့ ကြောင်သွားမိလောက်တယ် ဒါပေမယ့် ကျွန်တော်က သူ့ကိုတကယ်ချစ်မိသွားတယ်ဆိုရင် လက်ခံမိမယ်ထင်တယ်"

"အော် အင်း အင်း"

"Hyung ဘာလို့မေးတာလဲဟင်"

"ဒီအတိုင်းသိချင်လို့ပါ"

"ဒီကိစ္စက ကျွန်တော် ဘယ်သူ့ကိုမှမပြောပြဖူးပေမယ့် hyungကိုတော့ ကျွန်တော်ပြောပြမယ်"

"ဘာကိစ္စမို့လို့လဲ နမ်ဂျွန်း"

"ကျွန်တော့်ကို အထင်တော့မသေးလိုက်နဲ့နော် Hyung"

အထင်မသေးနဲ့တဲ့လား နမ်ဂျွန်းရယ် ငါက မင်းကိုဆို အရမ်းအထင်ကြီးတဲ့သူပါကွ

"မသေးပါဘူး ပြောလေ"

"ကျွန်တော်ကြိုက်နေတဲ့သူရှိတယ် သူကလည်း ယောက်ျားလေးပဲ"

*သူ ဒီလိုပြောလိုက်တော့ ကျွန်တော့်ရင်ထဲ ဆစ်ခနဲ
မင်းမှာ ချစ်နေတဲ့သူရှိနေတယ်တဲ့လား ငါက မင်းနဲ့ပေါင်းဖက်ရဖို့ ကံမပါဘူးထင်ပါရဲ့ ဖြစ်သမျှ အကြောင်း အကောင်းလို့သာမှတ်လိုက်ပါမယ် ငါ့ရင်ထဲက မင်းအပေါ်ထားတဲ့ အချစ်တွေကိုတော့ ငါသေသည်အထိ စောင့်ရှောက်သွားပါမယ်*

ဦးကိုချစ်တယ်🐱🐥Where stories live. Discover now