ဒီအရာထင်အောင် သူလုပ်ခဲ့မှန်း သတိရလိုက်တော့ အမှန်ကို ပိုလို့ပင် မရင်ဆိုင်ချင်ကာ လုမန်မျက်နှာကို မုန်းတီးသထက် မုန်းတီးလာခဲ့သည်။

ထို့ပြင် သူနဲ့ ရှချင်းယန် အကြောင်း လုမန် ပြောထွက်လာတာတွေကို ကြားပြီး ရှချင်းဝေအတွက်လည်း စိတ်မကောင်းပိုဖြစ်မိသည်။

အမှားကိုသိပေမယ့် အမှန်ကိုမရင်ဆိုင်ချင်၊ ရှချင်းဝေကို စိတ်ပျက်စေခဲ့ပြီ ဟု ဝန်ခံရမှာလည်း တွန့်ဆုတ်နေခဲ့လျက်။

ထို့ကြောင့် သူ့ကိုယ်သူရော တခြားသူတွေကိုပါ အမှန်မသိအောင် ဖုံးလို့ ဒီအကြောင်း မတွေးမိအောင်နေသရွေ့ ဒီကိစ္စဟာဘယ်တုန်းကမှမဖြစ်ခဲ့ဖူးသလို ဖြစ်သွားလိမ့်မည်။

သို့ပေမယ့် ခု လုမန်က အမှန်တွေပြောပစ်လိုက်တော့ အသားစိမ်းကိုဆွဲနွှာပစ်သလို အတွင်းက အမြင်ဆိုးဆိုး အသားစတွေသာ ပေါ်ထွက်လာရုံရှိ၏။

လုချီယွမ်က လုမန်နှာခေါင်းကို လက်ညှိုးထိုးပစ်လိုက်ကာ
" ရဲစခန်းမှာ သွားအဖမ်းခံချေ့ "

လုမန် လုချီယွမ်ကို တည့်တည့်စိုက်ကြည့်မိ၏။

အရင်ဘဝမှာလည်း သူမ ငြင်းဆန်လို့မရခဲ့သောသက်သေအထောက်အထားတွေရှိခဲ့သည်ပင်။ လုချီယွမ်မပါရင်တောင်မှ ဟဲကျိန့်ပိုင် နှင့် လုချီ ချောက်ချစွပ်စွဲတာကို ခံရတဲ့ သူမဟာ ဖြူစင်မှုကို သက်သေမပြနိုင်အောင် ဘဝဆုံးပြီးသားပါ။ လုချီယွမ် ဘာပြောပြော သူမကတော့ ထောင်သွင်းအကျဥ်းချခံရမည်သာ။

သို့သော် လုချီယွမ်လုပ်ခဲ့သမျှဟာ ဘယ်လိုတွေထိခိုက်နာကျင်စေခဲ့တယ်ပြောရင်း နာကြည်းခါးသီးစွာနဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းသာဖြစ်၏။

သူမရဲ့ဝမ်းနည်းကြေကွဲမှုဟာလည်း လုချီယွမ်ရဲ့မယုံကြည်မှုကနေ အရင်းခံလာတာဖြစ်သည်။

ဒါပေမယ့် အခု သူမဖြူစင်တာကို သိလျက်နဲ့တောင် လုချီယွမ်ဟာ သူမကို သွားအဖမ်းခံစေချင်သည်လေ။

လုမန်မှာ ရုတ်တရက် အဟားခံလိုက်ရသလို။
လုချီယွမ်ကို ရယ်သွေးသွမ်းစွာ ကြည့်ရင်း
" ကျုပ်က တရားခံမှမဟုတ်တာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရဲလက်အပ်ရမှာလဲ "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now