"ပြေပါတယ်" ဒေမွန် တည်ငြိမ်စွာပြောသည်။

         "ဂရေ့စ် နင်ဘယ်လိုလဲ ဗိုက်ဆာတာပျောက်သွားပြီလား" အရီယာစနောက်ကျီစယ်နေသည်။

        "ပျောက်သွားပြီ....နင်ကလည်း ငါ့ကိုဆိုစဖို့ချည်းပဲ"

"နင်ကစလို့ကောင်းတာကို" အရီယာပြောပုံဆိုပုံ နှင့် ဂရေ့စ်ရဲ​့ ရှက်ကိုးရှက်ကန်းအသွင်ကိုကြည့်၍ ဒေမွန်၊ရိုင်ဒါနှင့် ဂျွန်နီရယ်မောကြသည်။

"အရီယာ နင်ပြောတော့ နင်မိသားစုလည်းလာမှာဆို" ရှက်သွေးဖြာနေသော ဂရေ့စ် စကားလမ်းကြောင်းပြောင်းရန်ကြိုးစားလေသည်။


" အေး လာတယ်လေ"

"ဟင် အဲ့ဆိုဘယ်မှာလဲ"

"ငါ့အမေကတော့ အိမ်မှာနေခဲ့တယ် ငါ့အဖေက ဟိုးမှာ မျက်မှန်နဲ့မုတ်ဆိတ်မွှေးထူထူ နဲ့ စကားပြောနေတဲ့သူ" လက်ညှိုးထိုး၍ညွှန်ပြသည်။

" အော်....."

"ခုနက နင် ဘူဖေးမှာ အမုန်းစားတုန်း ငါသွားနှုတ်ဆက်ပြီးပြီ"

"အရီယာ!! နင်ကဟာ" မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်၍ ရှက်သွေးဖြာနေသည်။ ကျန်တဲ့လေးယောက်မှာ သဘောကျသဖြင့်အားပါးတရထပ်မှန်ရယ်မောကြပြန်သည်။

ရုတ်တရတ်အခန်းတစ်ခန်းလုံးရှိလူအများရဲ့စကား​ပြောသံ ရယ်သံ သီချင်းသံများမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူအများ အံဩငြိမ်သက်ကာအကြည့်မပျက်ဖြစ်နေကြသည်။ထိုအရာကိုသူတို့အုပ်စုသတိထားမိကြသဖြင့် ရယ်မောနေရာမှရပ်ကာ ဘေးပတ်လည်ကိုကြည့်လိုက်သည်။ ဘော်ဒီဂတ်များစွာ နှင့် ဂုဏ်အပြည့်  အသက် ကြီးကြီး ဦးလေးကြီးတစ်ယောက်ဝင်လာသည်။ ထိုသူသည် အရှိန်အဝါရောင်ပြန်ဟက်၍ အေးစက်သောမျက်နှာထားရှိသည်။ ဒေမွန်သည် ထိုလူအားသေချာစူးစိုက်ကြည့်နေသည်ကို ဂရေ့စ်ရိပ်မိသည်။ အရီယာ ၊ဂျွန်နီ နှင့်ရိုင်ဒါတို့မှာ ထိုနည်းတူပင် အာရုံစိုက်နေကြသည်။ ဂရေ့စ်သည် ထိုအေးစက်သောအမူအရာရှိသော လူကြီးဆီသို့ ထပ်မံပြန်ကြည့်လိုက်သည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now