ဝမ်ရူဟွားက အချိန်အတန်ကြာသည်အထိ တတွတ်တွတ်ပြောနေ၏။ နဉ်ရှုက ပြောလိုက်သည်။

"စာသင်သားတွေ ပြည့်တန်ဆာတွေဆီသွားတဲ့အကြောင်းစာအုပ်တွေ အစ်ကိုဖတ်နေတာကိုရော အစ်ကို့ကျောင်းသားတွေ သိရဲ့လား? သူတို့သာသိသွားကြရင် သူတို့ အစ်ကို့ကို ဘယ်လိုကြည့်ကြမလဲဆိုတာ ညီမ သိချင်မိသား?"

ဝမ်ရူဟွားရဲ့မျက်နှာက ချက်ချင်းပင်ဖြူရော်သွားပြီး သူက အော်ဟစ်လာ၏။

"ပိုင်ချင်ရှန်း၊ ငါ မင်းအကြောင်း ပြောနေတာ! ခေါင်းစဉ်မပြောင်းစမ်းနဲ့!"

နဉ်ရှုက ဝမ်ရူဟွားကို လုံးဝစကားမပြောချင်ပါချေ။ သူမက ခါးကိုင်းကာ တဲထဲဝင်သွား၏။ ဝမ်ရူဟွားက ကြောင်သူတော်တစ်ယောက်သာဖြစ်၏။

သူက တစ်ခြားလူတွေ ထိုထိုသောကိစ္စတို့ကိုလုပ်တဲ့အခါ အဆင်မပြေပေမယ့် အဲ့ဒါတွေကို သူကိုယ်တိုင်လုပ်တဲ့အခါမှာတော့ ဘာတစ်ခုမှ မှားနေတယ်လို့ သူမခံစားရပေ။ ဒါက  သူကိုယ်တိုင်အတွက် မီးမွှေးထားပေမယ့် ပြည်သူတွေ နွေးထွေးအောင်မီးမွှေးခွင့်ပေးဖို့အတွက်တော့ ငြင်းဆန်နေသည့် အရာရှိတစ်ယောက်ကဲ့သို့ပင်။

သူက ဆန်ကုန်မြေလေးတစ်ယောက်ပဲ! မိန်းမတွေကို သူအထင်သေးတဲ့ပုံအရ သူက ပုရိသဝါဒကိုလက်ကိုင်ထားသည့် ကြောင်သူတော်တစ်ယောက်သာဖြစ်ချေသည်။ ကျွတ် ကျွတ်...

"ပိုင်ချင်ရှန်း၊ မင်း..."

"ဝမ်းကွဲအစ်ကို၊ အခု ချင်ရှန်း ပင်ပန်းနေပြီမို့ အနားယူချင်ပြီ။ ဖြောင့်မတ်တဲ့ အမျိုးကောင်းသားတစ်ယောက်အနေနဲ့ အစ်ကို ချင်ရှန်းရဲ့တဲအပြင်မှာ ရပ်မနေဘူးမဟုတ်လား? ဝမ်းကွဲအစ်ကိုက အဲ့လို အရှက်မရှိတဲ့ကိစ္စမျိုးကို သေချာပေါက် မလုပ်ဘူးမလား?"

နဉ်ရှုက သမ်းဝေ၏။

အပြင်မှာတော့ ဝမ်ရူဟွားရဲ့မျက်နှာကြီးမှာ မည်းမှောင်လျက်ရှိ၏။ တဲကိုစိုက်ကြည့်နေတဲ့ သူ့ဘေးပတ်လည်မှာ အလွန်တရာမည်းမှောင်နေသည့်ရောင်ဝါတစ်ခုရှိနေသည်။

နောက်ဆုံး၌မူ သူက အေးစက်စွာနှာမှုတ်လျက် သူ့အိမ်ဆီပြန်သွားကာ သူ့နောက်ကတံခါးကို ဘမ်းကနဲပိတ်ချလိုက်လေ၏။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now