ထို့ကြောင့် ထိုအချိန်က လုချီယွမ်နှင့်ရှချင်းယန်တို့ခိုးယူခဲ့ကြသည်မှာ ၁၃နှစ်တော့ရှိပြီးချေပြီ။

ဒါကို လုချီယွမ်ဟာ သူမကို လက်ညှိုးငေါက်ငေါက်ထိုးပြီး စက်ဆုပ်ဖွယ်ကောင်းတယ်လို့ ဘယ်လိုများ ပြောနေရတာလဲ . .

အရင်ဘဝမှာ လုချီက ဟဲကျိန့်ပိုင်ကို လုမန်ဆီမှ ခိုးယူခဲ့သည့် တတိယလူဖြစ်နေမှန်း သိခဲ့သော်လည်း လုချီယွမ်က စက်ဆုပ်ဖွယ်ကောင်းတယ်လို့ ပြောခဲ့ခြင်း မရှိပေ။ လုချီကမှ ဟဲကျိန့်ပိုင်နှင့်တန်တာလို့ပင် တွေးခဲ့တာဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် လုချီယွမ်အတွက်တော့ ယုတ္တိဗေဒဆိုတာ အလကား။ ဘာဖြစ်ဖြစ် သူမအပြစ်ချည်းသာဖြစ်သည်။

သူမကလည်း ဒါကို ရိုးနေပြီ မဟုတ်လား . .

လုမန် ရောင်ကိုင်းနေသောပါးကို အုပ်ကာ
“ ဟဲကျိန့်ပိုင်နဲ့လမ်းခွဲလိုက်တာတော်တော်ကြာပါပြီ။ ဒီဇာတ်လမ်းမှာ သမီးက သစ္စာဖောက်တာမျိုး မပါဘူး။ ​အဖေပြောချင်ရင် သူသစ္စာဖောက်သွားတာပဲရှိတယ်။ သူက အဖေ့လိုပဲ လုချီက သမီးထက်သာတယ်လို့ထင်နေတဲ့သူလေ။ အဲဲဲဒါကြောင့်မို့လို့ သမီးနဲ့တွဲနေတဲ့အချိန်ကတည်းက သူ လုချီနဲ့ပတ်သက်လိုက်တာပေါ့ ”

လုမန် လုချီ့လည်ပင်းကို လှမ်းကြည့်လိုက်တော့ ဆွဲကြိုးသည် ရှိမနေတော့ချေ။

ဘယ်လောက်တွေချစ်ပါတယ် ဘယ်လိုတွေကောင်းကောင်းထားပါ့မယ်နှင့် ဟဲကျိန့်ပိုင် ကျိန်ဆိုကတိပေးခဲ့တာတွေကို သတိရမိတော့ တော်တော်ကို အော်ဂလီဆန်မိသည်။

ထိုအချိန်က လုချီရှေ့မှောက်တွင် ဟဲကျိန့်ပိုင်သည် လုချီကို ဆဲဆိုကာ ရက်စက်ယုတ်မာပုံတွေဖွဲ့သီလို့ လုမန်က ဘယ်လိုတွေသာတဲ့အကြောင်း ပြောခဲ့သေးသည်ပင်။ 

လုမန် ခါးသီးစွာ ပြုံးလိုက်ပါ၏။
“ သိသိချင်းမှာပဲ သူတို့အချစ်ငှက်ကလေးတွေ ပျော်ကြရအောင် ဒီက လမ်းခွဲပေးလိုက်တာပါ။ တကယ်တမ်း အဖေ့ကို ပြောပြရင်လည်း ဒီလိုပဲ လုပ်ခိုင်းလောက်မှာမလို့လေ ”

သူမ ငယ်ငယ်လေးတည်းက လုချီကို အလျှော့မပေးလိုက်ရတဲ့အချိန်ရယ်လို့ ရှိခဲ့ဖူးလို့လား . . .

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now