Chapter (111+112) (Unicode+Zawgyi)

Start from the beginning
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



Chapter (111)_ ပိုမိုနီးကပ်လာခြင်း


ချန်ကောနှင့် ဒေါက်တာကောင်းတို့က အတော်ကြာ တိတ်နေကြသည်။ ခေါင်းလျှော်တယ်ဆိုတာ ကံဆိုးခြင်းနဲ့ အညစ်ကြေးကို စင်ကြယ်စေတယ်လို့ နိမိတ်ဖတ်ကြတယ် မဟုတ်လား။ ဒါပေမယ့် မန်နန် မက်တဲ့အိပ်မက်က အဲ့ဒါနဲ့မဆိုင်ပဲ အိပ်မက်ဆိုးသက်သက်ပဲ ဖြစ်နေတာလား။

"မင်းရဲ့အိပ်မက်ထဲကလူရဲ့မျက်နှာကိုမှတ်မိသေးလား"

မန်နန်က ဖုန်းအနက်က ပြောပြထားတဲ့အထူးဧည့်သည် ဖြစ်လို့ ချန်ကောရဲ့ လုပ်ဆောင်ချက်တိုင်းက သူရမယ့်ဆုကို သက်ရောက်နိုင်သည်။

"ဒီအိပ်မက်က ကျွန်တော် ဌားနေတဲ့ အဆောင်က ရေချိုးခန်းထဲမှာဖြစ်ပျက်နေသလိုပဲ။ အရာရာနေရာချထားတာတွေက ကျွန်တော်နဲ့ ရင်းနှီးနေတယ်။ ဒါပေမယ့် မသေချာဘူး။ သူက ကျွန်တော့် နောက်မှာ ရပ်နေလို့ သေချာ မမြင်ရဘူး။ "

မန်နန်က ခေါင်းငုံ့ကာ အသံက ပိုတိုးလာခဲ့သည်။

"ဒါပေမယ့်သူက ကျွန်တော်ပိုပြီးနီးစပ်လာပြီ ဆိုတာ သေချာပါတယ်။ ဒီရက်သတ္တပတ် အနည်းငယ် အတွင်းမှာ၊ ကျွန်တော်က ဒီအိပ်မက်ချည်းပဲ မက်နေပြီး ကြာလေလေ အိပ်မက်ထဲက လူရဲ့ မျက်နှာကို ပိုမိုရှင်းလင်းစွာမြင်နိုင်လေဖြစ်နေတယ်။ "

"သူက ဘယ်လိုပုံစံမျိုးနဲ့လဲ"

" မကြာခင်မှာ နောက်အိပ်မက်တစ်ခုမှာ သူ့မျက်နှာကို ကျွန်တော် နိုင်တော့မှာပါ"

 သူပြောနေချိန်မှာ အရမ်းကြောက်နေတယ်။ ဒါပေမယ့် သူပြောတာက မရေမရာဖြစ်ပြီး ဘာအချက်လက်မှ မရပေ။


ချန်ကောသည်အရှုံးမပေးဘဲ ဆက်လက်ဖိအားပေးကာ မေးခဲ့သည်။

"မင်းက ငါ့ကိုပိုပြီး အသေးစိတ်ပြောပေးနိုင်မလား။ မင်းခေါင်းကိုလျှော်တဲ့အချိန်မှာ သူ ဘာဖြစ်သွားခဲ့တာလဲ။ သူ စကားပြောနေတာလား"

"ဒီအိပ်မက်ရဲ့အကြောင်းအရာက အမြဲတမ်းအတူတူပါပဲ။ "

မန်နန် ရဲ့အသံကတုန်ခါနေသည်။

"လွန်ခဲ့တဲ့ ၃ ပတ်က ဒီအိပ်မက်ကို ပထမဆုံးအကြိမ်   မက်ခဲ့တဲ့အချိန်  အိပ်မက်ထဲမှာ ရေချိုးခန်းထဲဝင်ဖို့ အိပ်မက်မက်ခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော့်စိတ်ထဲမှာ ဘာအတွေးမှမရှိဘူး။ ခန္ဓာကိုယ်က သူ့ဟာသူ လှုပ်ရှားနေရုံသက်သက်ပဲ။"

"အစပိုင်းမှာ အိပ်မက်က မှောင်နေတယ်။ ကျွန်တော် ရေကန်ထဲ မဝင်ခင်ရေကိုဖြည့်ဖို့ခေါင်းကို ငုံ့နေတုန်း ရပ်လိုက်တယ်။ ကျွန်တော် ခေါင်းကိုမော့ကြည့် လိုက်တဲ့အချိန်  တစ်ယောက်ယောက် အပေါ်နားက တံခါးရှေ့မှာဇောက်ထိုးရပ်နေတာကိုတွေ့လိုက်ရတယ်။"

"အစပိုင်းမှာတော့ သူက ကျွန်တော်နဲ့ဝေးဝေးရပ် နေခဲ့တယ်။ ကျွန်တော်ခေါင်းကိုလျှော်ပြီးတဲ့နောက် သူဟာပိုပြီး နီးကပ်လာပုံရတယ်၊"

"ဒီအိပ်မက်ပြီးသွားတော့  တခြားအိပ်မက်တွေ မက်ခဲ့တယ်။ ဒါကြောင့် ကန ဦးမှာ ကျွန်တော်က ဒါကို အာရုံစူးစိုက်မှု သိပ်မပေးခဲ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့မှာ ထပ်တူညီတဲ့ အိပ်မက်ထပ်မက်ပြန်တယ်။ အားလုံးအတူတူပါပဲ။ ကျွန်တော် ရေချိုးခန်းထဲကိုလမ်းလျှောက်သွားတယ်၊ မှန်ရှေ့မှာရပ်ပြီး အင်တုံကိုရေဖြည့်လိုက်တယ်၊ ပြီးတော့ခေါင်းကိုရေထဲထည့်လိုက်တယ်။ ငါ့ဆံပင်တွေရေမျက်နှာပြင်ကိုထိလိုက်တဲ့အခါ တစ်ယောက်ယောက်ရပ်နေတာကိုတွေ့လိုက်ရတယ်။  အဲဒီလူက ကျွန်တော်နဲ့ ပိုနီးနီးလာတယ် "


"ဒီအိပ်မက်ထပ်တူညီတဲ့ဟာတွေကိုပဲ ထပ်ခါထပ်ခါ မက်ရင်း နောက်ဆုံး အိပ်ပျော်သွားတယ်။ အစပိုင်း မှာတော့ အဲဒါက တခြားအိပ်မက်တွေလိုပဲ ခံစားခဲ့ရ တယ်။ ဒါပေမယ့်   ထပ်ခါထပ်ခါလုပ် တာတွေ အားလုံးဟာ ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်လာတယ်။ အိပ်မက်ထဲမှာ ကျွန်တော့် ဦး နှောက်က နိုးကြားနေပြီး  အာရုံခံစားမှုတွေက တက်ကြွနေတယ်၊ ဒါပေမယ့်အဓိကပြသနာကတော့သူ အိပ်မက်တစ်ခုစီမှာ သူက ကျွန်တော့်နားကို ပိုပို နီးကပ်လာပြီး တံခါးနားမှာ ပေါ်လာတယ်။ "

"အိပ်မက်ထဲမှာ  ကျွန်တော့်မှတ်ဉာဏ်ကို ကျွန်တော် ပြန်ကြောက်နေမိတယ်။ ကျွန်တော် အိပ်ပျော်တိုင်း အိပ်မက်တန်းမက်တယ်။  လွန်ခဲ့တဲ့  ၂ ပတ်ကျော်က အိပ်မက်ထဲမှာ လူတစ်ယောက်က ဧည့်ခန်းထဲဝင်လာတာ မက်ခဲ့တယ်။ လွန်ခဲ့တဲ့ ၄ ရက် အဲ့လူက ကျွန်တော့်ဘေးမှာ ပေါ်လာတာကို မက်တယ်။ "

"သူက ကျွန်တော့်အနားမှာ ရပ်နေတယ်။ ကျွန်တော် ခေါင်းကိုလျှော်ဖို့ ရေထဲ ငုံ့လိုက်ချိန်မှာ သူ့ကိုယ်က ကျွန်တော့်ဘေးကနေ ကိုင်းညွတ်လာပြီး ဝေဝေဝါးဝါး သူ့မျက်နှာကြီးက ကျွန်တော့်နားကို ကပ်လာတယ် "

မန်နန်ရဲ့စကားကိုကြားတော့ ချန်ကော ကြက်သီးထ လာတယ်။ ကိုယ့်အိပ်မက်ထဲ ရက်စက် ဝေဝေဝါးဝါး မျက်နှာနဲ့လူက ကိုယ့်နား တဖြည်းဖြည်းကပ်လာတာကို နေ့စဉ်ရက်ဆက် မက်နေတဲ့ လူငယ်လေးရဲ့ စိတ်ဒဏ်ရာ ဘယ်လောက်တောင် ကြီးလိုက်မလဲ။ သူ အခုလို ဖြစ်နေတာ မထူးဆန်းတော့ဘူး။


 
"နောက်ဆုံးညမတိုင်မီ ကျွန်တော် နောက်ဆုံး အိပ်မက်မက်ခဲ့တယ်။ ဒီလူရဲ့မျက်နှာက အရမ်းနီးကပ် နေလို့ကျွန်တော်ကောင်းကောင်းကြည့်နိုင်မယ်ထင်တယ်၊  ဒါပေမယ့် အဲ့လူက ကျွန်တော့်နား ကပ်လာပြီး လည်ပင်း ညစ်ဖို့ လက်ကို ဆန့်လာခဲ့တယ်။ ကျွန်တော် အလန့်တကြား အိပ်မက်က နိုးလာပြီး ပြန်မအိပ်ရဲတော့ဘူး။ "  

မန်နန်ရဲ့ မျက်လုံးတွေက ကြောက်လန့်ကာ လှုပ်ရှားနေသည်ကို ချန်ကော မြင်လိုက်ရသည်။ ဒီကောင်လေးက ဆက်ပြီး အိပ်မက်မက်နေရင် ဘာဖြစ်သွားမလဲ မသိတော့ပေ။ ဒါကြောင့် ဒေါက်တာကောင်းက နောက်ဆုံး ကောက်ရိုးမျှင်လို သဘောထားပြီး ဒီကိုရောက်လာတာ ဖြစ်တယ်။

 " မင်းပြောတာကို ဆန်းစစ်ရရင် အဲ့ဒါ အားလုံး ရေချိုးခန်းထဲမှာရှိနေကြတယ်။ "

ချန်ကော က ခဏစဉ်းစားပြီး ပြောလိုက်သည်။

"ဒါကတိုက်ခန်းတစ်ခုရဲ့ပြသနာဖြစ်နိုင်သလား။ ဖြစ်နိုင်ခြေကို ပဲပြောနေတာ။ မကြောက်ပါနဲ့"

"ဆက်ပြောပါ "

"မင်းငှားထားတဲ့အခန်းထဲမှာ တစ်ယောက်ယောက် သေဆုံးသွားပြီး အလောင်းကို မတွေ့ရတာဖြစ် နိုင်တယ်။ ဒါကြောင့် မင်းက သူ့ကိုယ်စား ရဲကိုခေါ်လိမ့်မယ်လို့ မျှော်လင့်ပြီး သူက မင်းရဲ့  အိပ်မက်ထဲမှာပေါ်လာတာပဲ။"

ချန်ကောပြောတာပြီးတော့ မန်နန် ရဲ့မျက်နှာကအစိမ်းရောင်ဖြစ်သွားသည်။

သူကအသက်ပြင်းပြင်းရှူလိုက်တယ်။

 " ကျွန်တော့် အခန်းထဲမှာ သေပြီးသား ကိုယ်ခန္ဓာတစ်ခုပုန်းနေတာလား။ မဖြစ်နိုင်ဘူး!"

သူ၏စိတ်လှုပ်ရှားမှုများပြင်းထန်လာခဲ့သည်။ ဒေါက်တာကောင်းက သူ့ပုခုံးကို အသာဆုပ်မထားရင် သတိလစ်သွားလောက်သည်။

ဒေါက်တာကောင်း က ပြောလိုက်သည်။

" ငါ သူ့ရဲ့ငှားရမ်းထားတဲ့အခန်းကို သွားပြီး အပြင်ဘက်ကနေရာကို စစ်ဆေးခဲ့တယ်။ ဒီအကြောင်း ထူးဆန်းတဲ့အချက် ဘာမှမရှိဘူး။ ဒါ့အပြင် လွန်ခဲ့သောတစ်ပတ်က မန်းနန်ကို ငါနဲ့ အတူနေဖို့ ခေါ်ခဲ့ပေမယ့် တူညီတဲ့အိပ်မက်ကိုပဲ ဆက်မက်နေ ခဲ့တယ်။  တည်နေရာ အပြောင်းအလဲကြောင့် အိပ်မက် မရပ်တန့်ခဲ့ဘူး။ "

"သူက ပထမဆုံးအကြိမ် အိပ်မက်မက်ခဲ့အချိန်မှာ  သူက အိမ်ရှေ့တံခါးဝမှာ ရပ်နေတယ်။ ဒါကြောင့် သူကအပြင်ကနေ လာတာဖြစ်နိုင်တယ်။ ဆိုလိုတာက ကျွန်တော်တို့စုံစမ်းစစ်ဆေးမှုကို မန်နန်ရဲ့အခန်းထဲမှာ မလုပ်တော့ဘူး။  စုံစမ်းစစ်ဆေးမှုနယ်ပယ်ကို တိုးချဲ့သင့်တယ်။  တိုက်ခန်းအဆောက်အ ဦး တခုလုံး ပါဝင်သင့်တယ်  "

ချန်ကောက ဒေါက်တာကောင်းပြောတာကို ထင်မြင်ချက်မပေးပါ။ မန်နန် ပိုကြောက်မှာ စိုးလို့ သူက သံသယဖြစ်တာကို ထုတ်မပြောပေ။ အခုဖြစ်ရပ်က
 သရဲတစ္ဆေ က မန်နန်နှင့်ချိတ်ဆက်ထားခြင်းကြောင့် အခြားနေရာများတွင် အိပ်ခြင်းအားဖြင့် ၎င်းကိုမဖြေရှင်းနိုင်ပါ။

"ကျွန်တော်တို့ဟာ ရဲတွေ မဟုတ်ကြဘူး၊ ဒါကြောင့် ကျန်တဲ့အဆောက်အအုံကို ရှာဖွေပိုင်ခွင့် မရှိဘူး။ အိပ်မက်ကိုပဲ ကျွန်တော်တို့ အာရုံစိုက်ရမယ်။ မန်နန်က ခေါင်းချည်းပဲလျှော်နေတယ်ဆိုတာ ဘာကိုဆိုလိုသလဲ ဆိုတာ ဖော်ရမယ်။ ဒီလုပ်ဆောင်ချက်က ဘာကို ဆိုလိုတယ်ဆိုတာနားလည်မယ်ဆိုရင်ငါတို့တစ်ခုခုရှာ တွေ့နိုင်လိမ့်မယ်"

ဒေါက်တာကောင်းသည် ချန်ကောကိုအကြံပေးရန် ကြိုးစားခဲ့ပြီး ချန်ကောက သူတို့ ရှင်းပြတာကို နားထောင်ခဲ့ပေမယ့် မန်နန်ဘာကြောင့်    အိပ်မက်တွေ ဆက်မက်နေလဲဆိုတာကို သူ မရှင်းပြနိုင်ခဲ့ပါ။

"ကျွန်တော် အခုသေချာမသိဘူး၊ ဒါကြောင့် ဒီညဘာဖြစ်လို ကျွန်တော်တို့ စောင့်မကြည့်ရတာလဲ။ မန်နန်ရဲ့  တိုက်ခန်းကိုသွားကြည့်ရအောင်။ အမြင်အသစ်တစ်ခုက ရှာဖွေတွေ့ရှိမှုအသစ်တွေ ယူဆောင်လာလိမ့်မယ်။ "

ချန်ကော က သူတို့ဖြေကြားရန် စိတ်ရှည်စွာ စောင့်ခဲ့သည်။ သူဟာ အထူးဧည့်သည်သတိပေးချက်မှ ယခုအထိ ဖုန်းအနက်ရောင်မှ မတုံ့ပြန်ခဲ့ပေ။ သူ့အိတ်ကပ်ထဲသို့မိမိလက်ကိုသွင်းကာ ဖုန်းကို စမ်းလိုသည်။



***********-****

Chapter (113)_ရင်းနှီးနေသော အသံများ (U+Z)


"မန်နန်ရဲ့အိပ်မက်က အခြေနေဆိုးနေတယ်ဆိုတော့ ဒီလိုလုပ်ရင် သူ့အတွက် ကောင်းပါ့မလား"

ဒေါက်တာကောင်းက သံသယဖြင့်ပြောသည်။
မန်နန်က ခေါင်းကို ငုံ့နေချိန်မှာ သူ့ကိုယ်ဟန်ကို ကောင်းကောင်းထိန်းနိုင်ပြီး ကျောရိုးက မတ်နေသည်။ ဒါရင် သူ့ခေါင်းပေါ်မှာ လေးလံတဲ့ အရာတခုခုက ဖိထားလို့ ခေါင်းမော့ရခက်နေတာနဲ့တူနေသည်ကို ချန်ကော တွေ့လိုက်ရသည်။ သူ့သူငယ်အိမ်တွေက ချာချာလည်နေပြီး အပေါ်ကို မော့ကြည့်ချင်နေသလို ဖြစ်ဖြစ်နေသည်။ အစောပိုင်းကတည်း ကချန်ကော သတိထားမိပေမယ့် မမေးဖြစ်လိုက်တာဖြစ်သည်။ ဒါဆိုရင် မန်နန်က ဘာကြောင့် သူ့ခေါင်းကို ထပ်တလဲလဲလျှော်ဖို့ကြိုးစားနေတာလဲ။ သူ့ခေါင်းပေါ်က ဘာကို ဖယ်ပစ်ချင်နေတာလဲ။

ချန်ကောက ဒေါက်တာကောင်းကို ပြန်ဖြေလိုက်သည်။
 

"ဒါပေမယ့် ဒီထက်ကောင်းတဲ့ရွေးချယ်စရာမရှိဘူး။ "
သူ့အခြေအနေ က ဝမ့်ရှင်း ရဲ့အခြေအနေက လုံးဝကွဲပြားတယ်။ ဒါကြောင့်လည်း ကျွန်တော် လုပ်ရခက်နေတာ။  ဒါပေမယ့် ခင်ဗျားတို့ ကျွန်တော့်ကို ယုံတယ်ဆိုရင် သူ့ရဲ့  ရဲ့တိုက်ခန်းကိုသွားကြည့်ပါ ဦးမယ်၊ ဒီည ကျွန်တော် တစ်ခုခုရှာတွေ့လိမ့်မယ်လို့ ထင်တယ်။ သူ့ကိုမေးဖို့ မေးခွန်းတချို့ရှိသေးတယ်။ "

ချန်ကောက မန်နန်ဘက်သို့လမ်းလျှောက်ပြီး လူငယ်၏ ဦး ခေါင်းနှင့်ကျောရိုးကို တွန်းလှန်ရန် သူ၏လက်ကိုဖြည်းဖြည်းချင်းအသုံးပြုခဲ့သည်။

"မင်း ဘာလုပ်နေတာလဲ?" ဒေါက်တာကောင်းကစိတ်ရှုပ်သွားတယ်။

"ဆရာဝန်... သူ စကားပြောနေတာပဲဖြစ်ဖြစ်၊ လမ်းလျှောက်နေတယ်ပဲဖြစ်ဖြစ် သူ ခေါင်းမော့လိုက်တာကို သတိထားမိတယ်။ သူက သူ့ခေါင်းပေါ်မှာ တစ်ခုခုဖိနေသလို ခံစားရပုံပေါ်တယ်။ "  

"မန်နန် မင်း ဒီလို အနေအထားကို ဆက်ထိန်းထားဖို့ဆိုတာ မလွယ်ဘူး မဟုတ်လား။ "

ချန်ကောရဲ့စကားကိုကြားတော့ ဒေါက်တာကောင်းက မနန်န်ရဲ့ နောက်ကျောကို သူ့လက်နှင့် အသာပုတ်ကာ ပြောခဲ့သည်။

 "မင်း မသက်မသာခံစားနေတုန်းလား"

မန်နန် က သူ့လက်ကိုဝှေ့ယမ်းလိုက်တယ်။ လူအစုအဝေး၌ အတော်အတန်ကြာမြင့်စွာ ရပ်နေခြင်းက သူ့ကို ထိခိုက်စေသည်ဟု ထင်ရသည်; သူသည်မ ည်သည့်အချိန်တွင် မဆို ထိန်းချုပ်မှု ဆုံးရှုံးနိုင်သည်ဟု မြင်ရသည်။ ဒါကို သတိပြုမိပြီး ဒေါက်တာကောင်းကို အရိပ်ထဲကို လျင်မြန်စွာခေါ်ဆောင်သွားပြီး သူ အနားယူရန် နေရာရှာခဲ့သည်။

မန်နန်ရဲ့သူငယ်အိမ်၏လှုပ်ရှားမှုနှုန်းသည်ပုံမှန်မဟုတ်ပါ။  သူ့ကိုလှည့်ပတ်ကြည့်နေတုန်း သူက သူ့ခေါင်းကိုအထက်တွင်ကြည့်ဖို့ကြိုးစားနေသကဲ့သို့ သူ့မျက်လုံးတွေက အထက်သို့ လှန်တတ်တဲ့ အကျင့်ရှိနေတယ်။

ချန်ကောသည် မန်နန်ကို ကြည့်လေလေ   သူ့ခေါင်းပေါ်မှာလေးလံနေတဲ့အရာတစ်ခုခုရှိတယ်လို့ထင်မြင်စေခဲ့တယ်။

 
အနက်ရောင်ဖုန်းမှ ဘာတုန့်ပြန်မှုမှ မရသေးပေ။ ချန်ကောက ဖုန်းကို မေ့ထားပြီး အထူးဧည့်သည်ရဲ့ပြသနကို ကူညီဖြေရှင်းပေးရင် ဆုကြေးရမည်ကို သိပေမယ့် မရလည်း စိတ်ထဲ ထားမနေတော့ပေ။

 ချန်ကောက သရဲအိမ်ထဲ ဝင်မယ့် ဧည့်သည်နှစ်ယောက်ကို လက်မှတ်ရောင်းပြိး အထဲကို လွှတ်လိုက်တော့မှ မန်နန်ရဲ့  အခြေအနေပိုကောင်း လာခဲ့သည်။ ဒေါက်တာကောင်းက အကြံပေးခြင်းတွင် ကျွမ်းကျင်သည်။ မန်နန်ကို စိတ်သက်သာအောင် ဒေါက်တာက ပြောပေးနိုင်ခဲ့သည်။

 "ည ၈ နာရီမှာ။ ခင်ဗျားတို့ကို ဟိုင်မင် တိုက်ခန်းမှာ တွေ့ကြမယ်  "

မန်နန်က ဆုံးဖြတ်ချက်ချလိုက်ပုံရတယ်။

"ကောင်းပြီ"

ချန်ကောက ကတိပေးပြီးနောက် ဖုန်းအနက်သည် တုန်ခါလာခဲ့သည်။

"ပုံမှန်အားဖြင့် ဒီညအိပ်ပျော်အောင်အိပ်ပါစေ၊ သူ့ကို ကျွန်တော် တညလုံး စောင့်ကြည့်ပေးနေမှာပါ။  "

"ငါ မင်းနဲ့အတူ လိုက်လာမယ်"

မန်နန်နှင့် ပြန်မသွားခင် ဒေါက်တာကောင်း ကချန်ကောကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

နောက်ထပ် ထူးဆန်းတဲ့အမှုတစ်ခုပဲ။

အထူးဧည့်သည်လို့ဆိုရာမှာ  သူတို့ဟာတစ္ဆေသရဲတွေ မဟုတ်ကြဘူး။  ဒါပေမယ့် လူတွေက ကမ္ဘာနှစ်ခုကြားမှာ ပိတ်မိနေခဲ့ကြတာပါ။ သူတို့ထွက်သွားသည်နှင့် သူသည် ဖုန်းအနက်ကို စစ်ဆေးခဲ့သည်။

ဒုတိယအထူး ဧည့်သည်ထွက်ခွာသွားခဲ့ပြီ။ မင်းရဲ့ ကြိုးစားအားထုတကြောင်း မင်းက နောက်ထပ် လုပ်ရမယ့် မစ်ရှင်တစ်ခု ပွင့်သွားပြီ။ လျှို့ဝှက်အစမ်းမစ်ရှင် - A Room of Three -တတိယမြောက် အခန်း

 
"A Room of Three - တတိယမြောက် အခန်း (ကြယ်တစ်ပွင့်အဆင့်) - သန်းခေါင်မတိုင်မီ ဟိုင်မင်တိုက်ခန်းသို့ ရောက်ရှိ၍ အထူးဧ ည့်သည်၏ရောဂါနောက်ကွယ်က အကြောင်းရင်းကိုရှာဖွေပါ။

"တာဝန်ထမ်းဆောင်ရမယ့် နေရာ - ဟိုင်မင်တိုက်ခန်း အခန်း- ၃၀၃ ။

"မစ်ရှင်အရိပ်အမြွက်: သူက တတိယ ဖျားနာဆောင် ကနေ လာခဲ့တယ်။  

"ဒီတာဝန်ကိုသင်လက်ခံချင်ပါသလား။ သတိပေးချက် -  အစမ်းမစ်ရှင် သည် ၂၄ နာရီအတွင်းသာလှုပ်ရှားလို့ရ သည်။ အကယ်၍ သင်သည် ဤအချိန်ကာလအတွင်း၌ ၎င်းကိုလက်မခံပါက  လက်လွှတ်ဆုံးရှုံးခြင်းအဖြစ်  မှတ်ယူမည်။ "

ချန်ကောသည် ဤလျှို့ဝှက်တာဝန်ကို အာရုံမစိုက်နိုင်ပေ။

ဒါကတတိယဖျားနာဆောင်နဲ့ ဆက်စပ်နေတာလား။ သူက တတိယဖျားနာဆောင်က လာတာလား။ မန်နန် ကို တတိယဖျားနာဆောင်မှာ ကုသခဲ့ဖူးသလား။

မစ်ရှင်အသေးစိတ်ကိုထပ်မံဖတ်ရှုပြီးနောက် ချန်ကေု သည် ပို၍ တိုက်ဆိုင်တာကိုတွေ့ရှိခဲ့သည်။ နံပါတ်သုံးအကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ တွေ့ခဲ့တာက တိုက်ဆိုင်မှုဖြစ်နိုင်မလား။ ဒီ Room of Three (တတိယမြောက် အခန်း) ရဲ့ အဓိပ္ပာယ်ကဘာလဲ။

မန်နန်နဲ့  သရဲတစ္ဆေနှစ် ဦးက အခန်းထဲမှာရှိရင် သော်လည်းကောင်း၊ ချန်ကော၊ ဒေါက်တာကောင်း၊ မန်နန်တို့ အခန်းထဲရှိတာဖြစ်ဖြစ် ဒါက 3 ဂဏာန်းဖြစ်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမစ်ရှင်ကို သူ နည်းနည်းမှ မပေါ့ရဲပေ။ မစ်ရှင်က ပေးတဲ့အချက်လက် အကုန်ကို သေချာဖတ်ပြီး ခေါင်းထဲ ထည့်ထားသည်။

  သူက ရွှီဝမ့်ကို ဆက်သွယ်ပြီး လက်မှတ်ရောင်းပြီးတာနဲ့ သန်းခေါင်ယံည လူသတ်သမား ဆက်တင်ထဲ ဝင်ကာ လူသတ်သမားအဖြစ် သရုပ်ဆောင်ပြီး ဧည့်သည်တွေကို ခြောက်လှန်းခဲ့သည်။ ကံကောင်းပြီး တမနက်လုံး ဘာပြသနာမှ မပေါ်ခဲ့ပေ။ နေ့လည်စာ စားချိန်မှာ ရွှီဝမ်နဲ့ ကင်တင်းကို လိုက်မသွားပဲ ချန်ကောက အုပ်ချုပ်ရေးမှုရုံးခန်းဆီ ဓါတ်လှေကားနဲ့ တက်လာခဲ့သည်။


ဒါရိုက်တာလျှို၏သမီးရှိနေခြင်းကို ရှာဖွေတွေ့ ရှိပြီးနောက် ချန်ကောသည် ဒါရိုက်တာလျှို ဆီကို မေးရန် မေးခွန်းအနည်းငယ် ရှိနေသည်။ သူက  အထပ်ရောက်တော့ ရုံးခန်းတံခါးကို ဖွင့်ထားပြီး ကြည့်ရတာ ဒါရိုက်တာက သူ့ကိုယ်သူ ပိတ်ထားတဲ့ အခန်းထဲ ရှိနေတာကို မကြိုက်ဘူးဟု ထင်ရသည်။ ချန်ကောက တံခါးကို ခေါက်လိုက်တော့ ဒါရိုက်တာလျှိုက ထွက်လာပြီး ချန်ကောကို နူတ်ဆက်သည်။

 "ဒါရိုက်တာလျှိုကို မေးခွန်းတချို့မေးချင်လို့ပါ။ ဒါရိုက်တာ အချိန်ရှိပါရဲ့လားခင်ဗျာ  "

ဒါရိုက်တာလျှို ကအစီရင်ခံစာများကိုချခဲ့သည်။
"မြေအောက်ကားပါကင်က ပြသနာရှိလို့လား?"

"ဟင့်အင်း၊  မဟုတ်ပါဘူး။ "

ချန်ကောက သူ ကောက်ရခဲ့တဲ့ လျှိုရော့ယွီ၏ လက်ကောက်နဲ့  သူ၏မိဘများချန် ထားရစ်သော စက္ကူကို ဒါရိုက်တာလျှို၏ စားပွဲပေါ်တင်လိုက်သည်။

"ဒီဟာတွေက မြေအောက်ကားရပ်နားရာနေရာမှာ ကျွန်တော် တွေ့ခဲ့တာတွေပဲ။ "

"မင်း ဘာကို သိချင်တာလဲ။ ဒီပန်းခြံရဲ့ထောင့်တွေမှာ ငါ က အရုပ်တွေကို လိုက်ချထားခဲ့တာပဲ"

ဒါရိုက်တာ လျှိုက  လက်ကောက်ကို အသိအမှတ်ပြုသလို ကြည့်ကာ ပြောလိုက်သည်။  

"ဒါရိုက်တာ ဘာလို့ အဲဒီလိုလုပ်ရတာလဲ"

"ကစားစရာတွေအားလုံးက ငါ့သမီး အကြိုက်ဆုံး တွေချည်းပဲ။ ငါ သူတို့ကိုဥယျာဉ်ပတ်လည်မှာ နေရာချထား လိုက်တယ်။ သူမ ပြန်လာတဲ့အခါ ဒါတွေကို တွေ့ရင် သူမ အထီးကျန်သလို မခံစားရတော့ဘူးလေ။ "

" ကစားစရာနှင့်အတူ အခြားအရာတွေကိုလည်း ဒါရိုက်တာ ထားခဲ့တာလား?"

ချန်ကောက သွေးစွန်းနေသည့် မှတ်စုစာရွက်တွေကို ပြကာ မေးလိုက်သည်။

ဒါရိုက်တာလျှိုက ခေါင်းယမ်းလိုက်သည်။

" ငါ အဲ့ဒါကို မထားခဲ့ဘူး ။အဲ့ဒါ ငါ လုပ်တာ မဟုတ်ဘူး"

 ဒါရိုက်တာလျှိုထံမှအဖြေရရှိပြီးနောက် ချန်ကော  အနည်းငယ်စိတ်ပျက်နေ ခဲ့သည်။ New Century Park ၏ ဒါရိုက်တာအဖြစ် ဒါရိုက်တာလျှိုက သူ၏မိဘများ ပျောက်ဆုံးခြင်း အကြောင်းကို တစ်စုံတစ်ရာ သိလိမ့်မည်ဟု သူ ယူဆခဲ့သည်။ သို့သော် သူ မှားခဲ့သည်။ ဒါရိုက်တာလျှို က သူ၏သမီး ပန်းခြံသို့ပြန်လာသည့် အကြောင်းကိုပင် မသိခဲ့ပါ။ သူ၏မိဘများသည် လျှို့ဝှက်ချက်များစွာ ဖုံးကွယ်ထားပုံ ရသည်။

"ဒါဆို ဒါရိုက်တာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ "

ချန်ကော သည် ထိုမှတ်စုကိုကောက်ကိုင်လိုက်ပြီး ထွက်ခွာရန်ပြင်ဆင်ခဲ့သည်။

"ခဏစောင့်ပါဦး!"

ဒါရိုက်တာလျှို ကဖြေးဖြေးမတ်မတ်ရပ်ပြီး ချန်ကောအားထိုင်ရန်အချက်ပြလိုက်သည်။

"ဒါ မင်းအဖေရဲ့ လက်ရေးပဲ မဟုတ်လား"

"ဟုတ်တယ်"

ချန်ကော သည်အံ့သြသွားသည်။ လူများ၏လက်ရေးကို လူတိုင်း  အာရုံမစိုက်နိုင်ပေ။

"တတိယဖျားနာဆောင်..... "

ဒါရိုက်တာလျှိုကအတည်ပြုခြင်းမပြုမီ စာရွက်ပေါ်ရှိစာများကို ဖတ်ပြခဲ့သည်။

"မင်းရဲ့မိဘတွေ မပျောက်ခင်လေးမှာ ဒီနေရာကိုပြောတာ ငါကြားခဲ့ဖူးတယ်"

****-****



သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now