Part-1

844K 28.3K 6.4K
                                    

(Z&U)

တစ်ဂွမ်ဂွမ်မြည်နေတဲ့ဖုန်းသံက ဧည့်ခန်းတစ်ခုလုံးပါမက ထမင်းစားခန်းထဲအထိပါပျံ့လွင့်နေသည်။ဖုန်းသံလာရာဧည့်ခန်းကျယ်ကြီးရှိရာဘက်ကို ဦးခန့်ထည်တစ်ချက်လှည့်ကြည့်သည်။ထမင်းစားကတော့မပျက်။ဇနီးဖြစ်သူ ဒေါ်နှင်းနှင်းရည်ကလည်း ခင်ပွန်းဖြစ်သူထမင်းစားပျက်မှာကိုစိတ်ပူသလို အရိပ်တစ်ကြည့်ကြည့်။

"ဘဘကြီး မမလေးတော်ဝင်ဆီကဖုန်းလာနေပါတယ်ရှင့်"

ထမင်းစားခန်းအဝမှာ ရပ်ရင်းအိမ်အကူမလေးမိလှိုင်ကဦးခန့်ထည်နဲ့ဒေါ်နှင်းနှင်းရည်တို့ကိုလှမ်းပြောလာသည်။မိလှိုင်သည် အသားညိုညို၊တုတ်တုတ်ခဲခဲနဲ့သွက်သွက်လက်လက်လေးဖြစ်၏မိလှိုင်က ဦးခန့်ထည်တို့အိမ်မှထမင်းချက်ဖြစ်သူဒေါ်ပေါက်စ၏သွေးသားရင်းချာမို့ သူမ13နှစ်အရွယ်ကတည်းကခေါ်ထားခဲ့ရတာကြောင့် မိလှိုင်သည်တခြားအိမ်အကူအားလုံးထက် ဦးခန့်ထည်တို့မိသားစုနှင့်အရင်းနှီးဆုံးလိုဖြစ်နေသည်။

ဦးခန့်ထည်က မိလှိုင်ဘက်ကိုလှည့်ကြည့်ပြီး

"အေး ဟုတ်ပြီ၊ဘဘကြီးလာခဲ့မယ်၊မမလေးကိုခဏစောင့်ဖို့ပြောထားလိုက်"

ပြောပြီးတာနဲ့ဦးခန့်ထည်စားနေတဲ့ထမင်းကိုလက်စသတ်လိုက်တော့၏USမှာနေတဲ့သမီးဖြစ်သူဆီမှ ဒီအချိန်ကြီးဖုန်းခေါ်တယ်ဆိုကတည်းက တစ်ခုခုထူးခြားနေမည်ကိုဦးခခန့်ထည်သေချာသိနေလို့ဖြစ်သည်။

"အကို တော်ပြီလား"

ဦးခန့်ထည်သည် ဇနီးဖြစ်သူဒေါ်နှင်းနှင်းရည်ကိုသေချာကြည့်လိုက်ရင်း

"တော်ပြီ နှင်းရယ်၊သမီးဒီအချိန်ဖုန်းခေါ်တာ ထူးဆန်းနေသလားလို့"

ဒေါ်နှင်းနှင်းရည်က ခင်ပွန်းဖြစ်သူကိုကြည့်ကာသက်ပျင်းချသည်။ပြီးတာနဲ့သူမပါ ထမင်းစားခြင်းကိုလက်စသတ်ပြီးဦးခန့်ထည်ထွက်သွားတဲ့နောက်ကိုတိတ်တဆိတ်လိုက်ပါလာ၏ဒေါ်နှင်းနှင်းရည်ကအသက်50ကျော်အရွယ်ဆိုပေမယ့်အရွယ်တင်နုပျိုသည်။ဖြူဝင်းသည့်အသားအရည်၊မျက်ခုံးထင်းထင်း၊နှာတံပေါ်ပေါ်နှင့်မို့သူမ၏ချောမောလှပမှုက ရှိရင်းစွဲအသက်ထက်နုပျိုနေသလိုပင်။နောက်ပြီးရင်ဖုံးအင်္ကျီအမျိုးမျိုးကိုခေတ်မှီဆန်းသစ်တဲ့ချည်ချောလုံချည်များနဲ့အမြဲလိုလိုတွဲဖက်ဝတ်ဆင်တတ်သေး၏ထို့ကြောင့်ဒေါ်နှင်းနှင်းရည်သည် အလှပေါ်အယဉ်ဆင့်ကာဘယ်ချိန်ကြည့်ကြည့်တင့်တယ်နေတတ်သည်။

 My Possessive Step-broWhere stories live. Discover now