ဖေးချောင်းကတော့သူ့လောက်စကားမပြောဘူး,သူက'ဒီလိုကိစ္စရပ်မျိုးမှာဘယ်လိုကိုင်တွယ်သရုပ်ဆောင်ရမလဲ'ဆိုတာမျိုးကိုလည်းမလေ့လာခဲ့ရပဲနဲ့ကုမ္ဗဏီကသူ့ကိုဒီပွဲထဲပစ်သွင်းထည့်လိုက်တာ

ချွင်ယွဲ့ယောင်ကသူ့ကိုအရင်ဆုံးစကားစပြောလာပြီးဒီလိုပွဲမျိုးပထမဆုံးအကြိမ်လာရတော့စိတ်လှုပ်ရှားနေလားဆိုပြီးမေးမြန်းလာသည်။သူကလည်းပြန်ဖြေလိုက်တယ်သူရင်မတုန်ပါဘူးတကယ်ရင်တုန်မယ့်သူကဖားဖြစ်လိမ့်မယ်ဟု..

....ဘာလို့ဖားကရင်တုန်ရမှာလဲ?

ဖေးချောင်းကဒီ《သစ်တောထဲမှာဖားရှာဖွေခြင်း》အစီအစဉ်အားအတော်လေးနှစ်လှသည်။ဒါကအတော်လေးကိုစိတ်လှုပ်ရှားစရာကောင်းသည်လေ။

ပုံမှန်Castတွေထဲကသရုပ်ဆောင်များကကင်မရာရှေ့မှာတစ်ချိန်လုံးသားရိုင်းပင်များနှင့်သတ္တဝါများကိုစားသုံးတတ်သည့်အထီးကျန်ဝံပုလွေဟီးရိုးများလိုသရုပ်ဆောင်ကြသည်။

အစီအစဉ်ရဲ့လိုချင်တဲ့အနေအထားကိုရောက်ရှိနိုင်ရန်သရုပ်ဆောင်များကသူ့တို့ဘာသာသူတို့တင်,စားတာမဟုတ်ပဲတစ်ခြားသရုပ်ဆောင်မင်းသမီးများကိုလည်းစနောက်ပြီးစားခိုင်းကြသည်။သနားစရာကောင်းတဲ့မင်းသမီးများခင်ဗျာဖြူဖျော့လာကြပြီးဆက်တိုက်'မစားဘူး''မစားဘူး'နဲ့ငြင်းဆိုကြတော့၏။အဲ့ဒီအချိန်မှာပဲဖေးချောင်းကရုတ်တရက်ကြီးနောက်ကထွက်လာပြီးသူစားမယ်လို့ပြောလာသည်။

《သစ်တောထဲမှာဖားရှာဖွေခြင်း》အစီအစဉ်ကညစာစားချိန်မှာထုတ်လွင့်တဲ့ရုပ်သံတစ်ခုဖြစ်တာကြောင့်သူ့ကိုဒီလိုတုန့်ပြန်မှုဖြစ်ပေါ်စေခြင်းပင်။သူမနက်စာကိုအများကြီးစားလာပါရက်နဲ့သရုပ်ဆောင်တွေပါးစပ်ကိုဖွင့်တာကိုကြည့်ရင်းသူပါဗိုက်ဆာလာတာဖြစ်သည်။

ချွင်ယွဲ့ယောင်မှာသူကသူ့ကိုယ်သူဖိအားပေးနေတယ်လို့ထင်လိုက်မိပေမယ့်သူကတကယ်ကိုအစားအသောက်ချေးမများဘူးဆိုတာတွေ့သွားရသည်။သူကဒီအတိုင်းစားရုံတင်စားတာမဟုတ်ဘူးတစ်ချိန်တည်းမှာသူ့အကဲဖြတ်မှုကိုပါပြောနေသေး

(Completed )Thinking of Deer Fei Fei Tahanan ng mga kuwento. Tumuklas ngayon