ထွက်ပေါ်လာတဲ့ရလဒ်ကတော့သူသဘောကြတဲ့'အမျိုးအစား'တိုင်းကတာဝန်ချခံခဲ့ရပြီးတစ်ခုတည်းသောကျန်တာက'Sexy အမျိုးအစား'ဖြစ်နေသည်။

အဲ့ဒီနေ့ကစပြီးချွင်ယွဲ့ယောင်ဟာ စင်ပေါ်မှာဘယ်တော့မှလုံလုံခြုံခြုံ မဝတ်ရတော့ဘူး။သူ့အဝတ်အစားတွေဆိုဒီနေရာကပြဲမယ်၊ဟိုနေရာစုတ်မယ်ဆိုတာကြီးပဲ...သူ့ရဲ့ပထမဆုံးအသွင်အပြင်အတွက်အံ့သြဖွယ်အကောင်းဆုံးstylistကသူ့ကိုသူ့ရဲ့အတွင်းခံအပေါ်ပိုင်းအသားနဲ့ခါးနေရာကိုအပြည့်အဝပြသထားနိုင်တဲ့ဂျင်းဝမ်းဆက်ကိုဝတ်ခိုင်းခဲ့သည်လေ

သူပထမဆုံးပွဲဦးထွက်တော့ချွင်ယွဲ့ယောင်ကvariety show တွေမှာသိပ်မကောင်းလှဘူး။programsထဲမှာဆိုရင်သူအမြဲတမ်းတစ်ခြားသူတွေရဲ့အနောက်ကိုတွန်းပို့တာတွေပဲခံခဲ့ရသည်။

သူ့မှာhostကသူ့ကိုတိုက်ရိုက်မေးလာတဲ့မေးခွန်းတွေဆိုရင်လည်းမဖြေနိုင်ခဲ့ဘူး

တစ်ခါတုန်းက'မင်းဆွဲ,ငါခန့်မှန်းမယ်'ဆိုတဲ့ programတစ်ခုမှာသူ့အသင်းဖော်ကသူ့ကို idiomတစ်ခုပေးပြီးခန့်မှန်းခိုင်းသည်။အဲ့ဒီ idiomက'တစ်စုံတစ်ဦးရဲ့စိတ်ကူးစိတ်သန်းကိုအရိုင်းဆန်အောင်လုပ်ဖို့'ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပေမယ့်ချွင်ယွဲ့ယောင်ကအဲ့ဒါကိုအတော်လေးစိတ်လှုပ်ရှားစွာနဲ့ဖြေလိုက်သည်က 'သမင်လေးဖေးဖေးကိုစဉ်းစား!' ဟူ၍...

ပရိသတ်တစ်ဖွဲ့လုံးရယ်မောကြတော့သည်။ hostက

အားယား,မင်းကRနဲ့Lကြားမခွဲခြားနိုင်ဖြစ်မယ်လို့မထင်ခဲ့မိဘူး,အား,အရမ်းချစ်စရာကောင်းတာပဲ

ဟုပင်ပြန်ပြောခဲ့သည်။

သူကမီးရောင်အောက်မှာမတ်တပ်ရပ်နေပြီးသူ့ရဲ့ပေါ်နေတဲ့ပေါင်ကနေနားရွက်ထိပ်ဖျားလေးတွေအထိအကုန်လုံးနီရဲနေခဲ့သည်။

ဒါပေမဲ့သူစတင်ကတဲ့အချိန်မှာတော့မကြာသေးခင်ကသူ့ရဲ့ငယ်ရွယ်ပြီးအတွေ့အကြုံမရှိတဲ့ခံစားချက်ကလျှပ်တစ်ပြတ်အတွင်းပျောက်ကွယ်သွားပြီးပြည့်ဝပြီးအကန့်အသတ်မရှိပြည့်လျှံနေတဲ့sexinessကိုချန်ရစ်ထားခဲ့သည်။သူ့ရဲ့လှုပ်ရှားမှုသေးသေးလေးကအစ,တစ်စက်ချင်းဆီကျဆင်းနေတဲ့ချွေးစက်တွေအထိတစ်လက်လက်တောက်ပနေခဲ့သည်။သူကအလယ်နဲ့နည်းနည်းဝေးတဲ့နေရာမှာရပ်နေခဲ့တာတောင်ပရိသတ်ထဲကဘယ်သူမှသူတို့မျက်လုံးကိုသူ့ဆီကနေမဖယ်ခွာနိုင်ခဲ့ကြဘူး...

(Completed )Thinking of Deer Fei Fei Opowieści tętniące życiem. Odkryj je teraz