သူကအရပ်ရှည်ဖို့အပေါ်မှာသူ့ဘဝမူတည်နေသလိုမျိုးနေ့လည်းတွေးတယ်၊ညလည်းတွေးတယ်၊သီချင်းဆိုလည်းတွေးတယ်၊ကလည်းတွေးတယ်၊စားလည်းတွေးတယ်၊သန့်စင်ခန်းဝင်လည်းတွေးတယ်၊နိုးနေရင်လည်းတွေးတယ်အိပ်နေရင်းတောင်အိမ်မက်ထဲမှာတွေးတယ်..

အပြီးသတ်ကျတော့သူမမျှော်လင့်ထားလောက်အောင်အရပ်ရှည်ထွက်လာတယ်

အရမ်းရှည်တယ်,ရှည်လွန်းတယ်

သူ့မန်နေဂျာတောင်စိတ်ပူလာရတယ်..1.95m(6'4.7")ကဖက်ရှင်မော်ဒယ်ဒါမှမဟုတ်ဘက်စကက်ဘောကစားမယ်ဆိုရင်တော့အဆင်ပြေတယ်ဆိုပေမယ့်အိုင်ဒေါဖြစ်ဖို့တော့သိပ်မကောင်းလှဘူး...

သူကအရပ်အရမ်းရှည်လွန်းနေတော့,သူ့ခန္တာကိုယ်ကညှိနှိုင်းမှုမလုပ်နိုင်တော့ပဲအကအဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုလည်းလိုက်မလုပ်နိုင်တော့ဘူးလေ

သူကအရပ်အရမ်းရှည်လွန်းနေတော့,သူ့အဝတ်တွေရှုးဖိနပ်တွေကိုတောင်သပ်သပ်ဆီဝယ်မှရတော့တယ်...ပွဲဦးထွက်တောင်မလုပ်ရသေးတဲ့ဒီလိုအုပ်စုသေးသေးလေးဆီကနေပိုက်ဆံဘယ်ကထွက်လာမှာလဲ?

သူကအရပ်အရမ်းရှည်လွန်းနေတော့,ကင်မရာကလည်းသူ့ကိုဖမ်းလို့မရတော့ဘူး...အဲ့ဒီအချိန်မှာသူ့ဘေးမှာရပ်နေသမျှကချောမောတဲ့ကောင်လေးတွေကြီးပဲ...သူ့အနေနဲ့ဒူးကိုကွေးပြီးနောက်ခံပဲဖြစ်ပေးလိုက်ရသည်။

အဲ့ဒါကြောင့်ပဲဖေးချောင်းက1.85 m အရပ်နဲ့သူ့အသင်းဖော်တွေပွဲဦးထွက်သွားတာကိုကူကယ်ရာမဲ့စွာနဲ့ကြည်နေရပြီးကုမ္ဗဏီမှာနောက်ထပ်သုံးနှစ်လေ့ကျင့်ရေးသင်တန်းသားအဖြစ်ဆက်ပြီးလေ့ကျင့်နေခဲ့ရသည်။

နောက်ပိုင်းမှာအဲ့ဒီအဖွဲ့ဖျက်သိမ်းခံလိုက်ရပြီးကုမ္ပဏီကိုပိုကြီးတဲ့ကော်ပိုရေးရှင်းတစ်ခုကနေဝယ်ယူလိုက်သည်။

သူလည်းစာချုပ်အသစ်နဲ့ကုမ္ဗဏီအသစ်မှာသွားပေါင်းစည်းလိုက်ရရော..ကုမ္ဗဏီအသစ်ကအရင်းအမြစ်တွေအများကြီးရှိတဲ့ကြီးမားတဲ့ကုန်အမှတ်တံဆိပ်ကြီးတစ်ခု...သူ့ဆီကနေထွက်တဲ့ရုပ်ရှင်ဧကရာဇ်တွေရုပ်ရှင်ဘုရင်မတွေကလက်နှစ်ဖက်နဲ့တောင်ရေတွက်လို့မကုန်နိုင်ဘူး...ရုပ်ရှင်ဧကရာဇ်ဆိုရင်လည်းကြီးမားတဲ့ရောင်းအားတွေရှိပြီးပန်းသေးသေးလေးတွေမြက်ပင်သေးသေးလေးတွေ*ကလည်းလမ်းတစ်လျှောက်သွားလာနေကြတယ်,လူတစ်ဦးကအလိုရှိတဲ့အတိုင်းယဉ်အသွားအလာကိုသေချာအောင်လည်းလုပ်နိုင်လေတယ်...

(Completed )Thinking of Deer Fei Fei Wo Geschichten leben. Entdecke jetzt