ဒါကြောင့်ပဲ လုချီကိုရွေးပြီး လုမန်ကို ချောက်တွန်းရာတွင် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

လုမိသားစုမှာ လုချီက လုမန်ထက်ပိုပြီး ပစားပေးခံရတယ် ဆိုကတည်းက လုချီသည်လည်း လုချီယွမ်၏ သမီးအရင်းဆိုတာကိုပါ သိလိုက်ရတော့ လုမန်က လုချီထက် ဘာတွေသာဦးမှာလဲ။

ထို့ကြောင့် ဟဲကျိန့်ပိုင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ လုချီကို ရွေးချယ်ခဲ့သည်။ 

“ မင်းနဲ့မင်းအမေ အထင်လွဲခံရတာ ငါ့ကြောင့်ပါ၊ မင်းက ငါ့သမီးအရင်းလည်းဖြစ်တယ်။ မင်းအစ်မထက် ဆိုးသွမ်းနေတာလည်း မဟုတ်ဘဲနဲ့ မယားပါသမီးလို့ အထင်ခံရတယ်။ ဒီနှစ်တွေမှာ ဒါကိုပြင်ဆင်ဖို့ မင်းကို ကောင်းကောင်းထားချင်ပေမယ့်လည်း ကောက်ရိုးပုံစောင့်တဲ့ခွေးနဲ့ တူတယ်လို့ လူတွေက မင်းကို ပြောကြပြန်တယ်။ ဒါပေမယ့် မင်းက လုမိသားစုရဲ့အမွေဆက်ခံသူလေ။ ဘယ်သူ့နေရာကိုမှ မလုသလို ဘယ်သူ့ကိုမှလည်း ပျက်စီးကြောင်း ပြုနေတာ မဟုတ်ဘူး။ အဲဒါ . . မင်းအဖေဖြစ်တဲ့ ငါက အခြေခံလေးတွေတောင် ဖြည့်ဆည်းမပေးနိုင်ခဲ့လို့ မင်းနဲ့မင်းအမေကို ဒီလိုဝေဒနာတွေ ခံစားစေခဲ့မိတာပဲ ”

“ အဖေ စိတ်မပူပါနဲ့ ကျွန်တော် ချီချီ့ကို ကောင်းကောင်းဆက်ဆံပေးမှာပါ။ အခုကစပြီး သူဟာ တရားဝင် ဟဲကတော် ဖြစ်သွားပါပြီ။ ဒါ  ဘယ်သူ့နေရာကိုမှ လုနေတာ မဟုတ်ပါဘူး ”
ဟဲကျိန့်ပိုင်က ပြောသည်။ 

မဟုတ်ဘူးတဲ့လား. . .

ဟဲကတော်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လုမန်ဆီက ခိုးယူသွားတာပဲလေ။

“ အဖေကလည်း. .ဘာမှမဖြစ်ပါဘူး. .သမီး စိတ်ထိခိုက်တယ်လို့လည်း မခံစားရပါဘူး. .အဖေက လိုအပ်တာထက် ပိုပြီး ကောင်းကောင်း ဆက်ဆံပေးခဲ့တာပဲလေ။ မမမှာ ရှိသမျှ သမီးမှာရှိတယ်။ မမမှာ မရှိတာတွေလည်း သမီးမှာ ရှိတယ်။ သမီးကို ကောင်းကောင်းထားနိုင်ဖို့ အဖေ အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာကို သိပါတယ် ”
လုချီက မျက်ရည်လေး တစမ်းစမ်းနှင့်။ 

“ ချီယွမ် ရှင့်ကိုယ်ရှင် အပြစ်မတင်စမ်းပါနဲ့ . . တင်ချင့်တင် ကျွန်မကိုပဲ အပြစ်တင်ရမှာပါ . . ကျွန်မသာ . . . ”
ရှချင်းယန်က တသိမ့်သိမ့် ရှိုက်ငိုသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now