Final-(part 2) ''Cause you are the reason...''

1.9K 132 36
                                    

Cause you are the reason
Final (Part 2)

(Unicode)

လမ်း၌>>>>>>>>>

Hoseok: စီနီယာ... !!

Hoseok: စီနီယာလို့...

Yoongi: Omm ပြောလေ...Hoseok...

Hoseok: ကားခဏ ရပ်ပေးပါလား...

Yoongi: Omm''

Hoseok၏တောင်းဆိုချက်ကြောင့် Yoongiလည်း ကားကို လူရှင်းသည့် လမ်းဘေးတစ်နေရာ ထိုးရပ်လိုက်သည်...

Yoongi: ကဲ...Hoseokဘာဖြစ်လို့လဲဟင်... နေလို့မကောင်းလို့လား...

Hoseok: အဲ့နေ့တုန်းက ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ...

Yoongi: ဟမ်... ဘယ်နေ့ကိုပြောတာလဲ Hoseok...

Hoseok: တခြားနည်းနဲ့ ကူညီလို့ရရဲ့သားနဲ့ ဘာလို့ နမ်းခဲ့တာလဲ... ကျွန်တော် ဘယ်လောက်ပဲ စဥ်းစား စဥ်းစား နားမလည်ဘူး...

Yoongi: .......

Hoseok၏ မေးခွန်းကို တစ်စွန်းတစ်စလေးတောင် ပြန်မဖြေဘဲ နှုတ်ဆိတ်နေသော Yoongi

Hoseok: ဘာလဲ...ဘာလို့ ဘာမှ ပြန်မဖြေတာလဲ... ကျွန်တော်က စီနီယာ လုပ်ချင်တိုင်း လုပ်ရအောင် အဲ့လောက်လွယ်လား... စီနီယာက အဲ့နေ့ကို မေ့သွားပေမယ့် ကျွန်တော်ကတော့ မမေ့ဘူး... စီနီယာကိုမြင်တိုင်း အဲ့နေ့က ကိစ္စကို ပြန်မြင်ယောင်တယ်... နေ့တိုင်း နေ့တိုင်း ဘာကြောင့်လဲ ဆိုပြီး အဖြေရှာတယ်... စီနီယာ ဆီက ဖြေရှင်းချက်ကို ကြားချင်ပေမယ့် စီနီယာက အဲ့ဒီနေ့က ကိစ္စကို ဆက်တိုက်မသိချင်ယောင်ဆောင်ပြီး ဘာမှမဖြစ်သလိုနေနေခဲ့တယ်...ကျွန်တော်ကတော့ အဲ့လို ဆက်ပြီး မနေနိုင်တော့....

Hoseokဆီက စကားသံများဟာ ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့သည်...
အကြောင်းမှာ Hoseok၏ဆက်ပြောမည့်စကားများကို တားဆီးလိုက်သော Yoongi၏ နှုတ်ခမ်းတစ်စုံကြောင့်ပင်...

အတော်ကြာ အနမ်းများကို ရှေ့ဆက်ပြီးနောက် ခဏရပ်တန့်လိုက်ပြီး ...

Yoongi: ချစ်လို့... မင်းကို ချစ်လို​့....

Hoseok: ဒါဆို ဘာလို့ ရှေ့မဆက်တာလဲ...ဘာလို့ ကျွန်တော့်ကို မပြောဘဲ ဆက်တိုက် မေ့ချင်ယောင်ဆောင်နေခဲ့တာလဲ...

Cause you are the reason....  (Completed) Where stories live. Discover now