Part 19

1K 106 1
                                    

Cause you are the reason....
Part 19

(Unicode)

The next morning....

Namjoonတစ်ယောက်ထဲ မနက်စာဝိုင်းတွင် တစ်ယောက်ထဲ ထိုင်၍ ဘာမှ မစားဘဲ တစ်နေရာကို ငေးကာ အတွေးများပြန့်လွင့်နေသည်...

ထိုစဥ်...
Jin: Hyung!! Namjoon Hyung!!

Jin၏ ခေါ်သံကြောင့် Namjoon သတိပြန်ဝင်လာသည်...

Namjoon: aww...omm Jinနိုးပြီလား...

Jin: ဟုတ်... ဒါနဲ့Namjoon Hyungကို ဒီတစ်လော အိမ်မှာပဲ တွေ့နေသလိုပဲနော်....

Namjoon: Omm...ဟုတ်တယ် Hyung ခဏနားထားတာ စဥ်းစားစရာလေးတွေရှိသေးလို့....

Jin: Aww.... Jiminနဲ့ Hoseok အခုထိ မနိုးသေးဘူးနဲ့ တူတယ် သွားနိူးလိုက်ဦးမယ်...

Namjoon: နိူးမနေပါနဲ့တော့ Jinရယ် သူတို့မနေ့ညက ညဥ့်နက်တဲ့ အထိ ဂိမ်းပြိုင်ဆော့ထားကြတာ😆
( အဲ့လိုကို အားကြိုးမာန်တက် ကြိုးစားကြတာ😆)

Jin: Aww... ဟုတ်ဟုတ်...

Namjoon: ommလာ မနက်စာစားကြရအောင်...

Namjoonမနက်စာစားနေရင်း...
Nmajoon: Jin...na! Hyungမေးစရာလေး ရှိလို့ ဒါပေမယ့် မေးလို့ကောင်းပါ့မလား စဥ်းစားနေတာ...

Jin: ရပါတယ် Hyungရဲ့ မေးလေ...

Namjoon: မနေ့က Hyungကြားလိုက်တယ်... မင်း... မင်းချစ်သူနဲ့ လမ်းခွဲလိုက်တယ်ဆို...

Jinတစ်ယောက် မျက်နှာ သိသိသာသာ ညှိုးကြသွားသည်...
Namjoonလဲ ဘာပြောရမမှန်းမသိ ပြာယာခပ်သွားပြီး...

Namjoon: Ar... Hyung မမေးသင့်တာသိပါတယ် Jinမကြိုက်ရင် Hyung ဆက်မပြောတော့ပါဘူး....

Jin: ရပါတယ် Hyungရယ်...
Jin: ဟုတ်တယ် Hyung ....Hyungကြားတာမှန်တယ်... သူက အရမ်းကိုချမ်းသာတာ ပြီးတော့ ရုပ်ရည်ကလဲ မြင်သူတိုင်းငေးလောက်တဲ့ ယောကျာ်းလေးတစ်ယောက်...သူ့လို အဖက်ဖက်က ပြည့်စုံနေတဲ့ ယောကျာ်းလေးတစ်ယောက်က ကျွန်တော့်လို လူနဲ့ ဘယ်ဖြစ်နိုင်ပါ့မလဲ...

Namjoon: အဲ့လိုတော့လဲ မဟုတ်ဘူးလေ... အဓိကက မင်းတို့ ချစ်ရင်ဖြစ်တာပဲ မို့လား...

Jin: ဟုတ်တာတော့ ဟုတ်ပါတယ်လေ...ဒါပေမယ့်လဲ ချစ်တာတစ်ခုတည်းနဲ့ အရာရာမပြီးသွားဘူးလေ... တစ်ခါတစ်လေ ကျွန်တော် တွေးမိတယ် သူ ကျွန်တော့်ကို တကယ်ရော ချစ်ခဲ့တာလားလို့....
( ချစ်ခဲ့ရုံမကလို့ အခုထိJinတစ်ယောက် တည်းကိုပဲ Taeက ဆက်ချစ်နေတုန်းပါလို့🤧)

Cause you are the reason....  (Completed) Where stories live. Discover now