Part- 2

2.1K 204 8
                                    

Cause you are the reason...
Part 2

(Unicode)

Jinလဲ တောင်းပန်ဖို့ မော့ကြည့်လိုက်ရာ...

Jin's pov: wow... ငါမြင်နေရတာ လူမှဟုတ်ရဲ့လား မျက်လုံး မျက်ခုံး နှုတ်ခမ်းကအစပြောစရာမလိုဘူး နှဖူးပေါ်ဝဲကျနေတဲ့ ဆံစအချို့လေးနဲ့ နှာခေါင်းထိပ်က မှဲ့လေးကအစ ဘာလို့ လူတစ်ယောက်ရဲ့ မျက်နှာက အဲ့လောက်ထိ ပြီးပြည့်စုံနေရတာလဲ...

ဟုတွေးကာ ဘာမှမပြောပဲ ငေးကြည့်နေလိုက်သည်..

ထိုလူမှ
"အဟမ်း မင်းကြည့်လို့ပြီးပြီလား... မင်းကြောင့် ငါ့အင်္ကျီ ထပ်လဲရတော့မယ်... ဟွန်း...မသန့်ရင် မနေတတ်ပါဘူးဆိုမှ ဘယ်က ညစ်တီးညစ်စုတ်လေးနဲ့ လာတွေ့နေလဲ မသိပါဘူး...တကယ်ပဲ''
ထိုသို့ပြော၍ မျက်စတစ်ချက်ပစ်ကာ ထွက်သွားသည်... ထိုသူထွက်သွားတာနှင့်တစ်ပြိုင်နက် လူအုပ်ကြီးလဲ ထိုလူနှင့်အတူပါသွားသည်...

Jinမှာလဲ လူအုပ်ကြီးနဲ့မို့ ဘာမှမပြောနိုင်ဘဲ ကျန်ခဲ့သည်...

ထိုစဉ်...
Hoseok: jin..na မင်းဘယ်ရောက်သွားတာလဲ ကွာ... ငါ့မှာ မင်းရုတ်တရက်ပျောက် သွားလို့ လန့်သွားတာပဲ..

Jin: ငါ ခုနက လူအုပ်စုနဲ့ ပါသွားတာကွ

Hoseok: အဆင်ပြေရဲ့လား..

Jin: အဆင်မပြေဘူး... လာလိုက်ခဲ့ သူတို့နောက်လိုက်သွားမယ်...

Hoseok: ဘယ်သူ့နောက်လဲ...

Jinလဲ ပြောပြောဆိုဆိုနှင့် hoseokကို ခေါ်သွားသည်...
Hoseok: မင်းကလဲကွာ... ပြဿနာ မရှာပါနဲ့တော့ဟာ... ထားလိုက်ပါတော့ ဖြစ်ပြီးတာက ဖြစ်ပြီးနေပြီပဲ...

Jin: ya! မင်းငါ့သူငယ်ချင်းမဟုတ်ဘူးလား...မင်းသူငယ်ချင်းကို ဒီလိုပြောတာတောင် မင်းက သူတို့ဘက်က ပြောပေးနေတာလား..

Hoseok: မဟုတ်ပါဘူးကွာ ပြဿနာတွေ မလိုအပ်ပဲ ဖြစ်နေမှာစိုးလို့ပါ...

Jin: ပြဿနာက သူလာရှာတာ...ငါ့ကိုများ ညစ်တီးညစ်စုတ်တဲ့ လူကိုများ မတူသလို မတန်သလိုနဲ့ ငါကပဲ သူရင်ခွင်ထဲဝင်ချင်လွန်းလို့ ဝင်တာကျနေတာပဲ... ဟွန့်... ငါ့လောက်လဲမချောပဲနဲ့...
(ခုနက မျက်နှာကို အသေးစိတ်အစ ငမ်းတာ jinမဟုတ်ပါဘူး တစ်မျိုးမထင်ပါနဲ့😂...)

Cause you are the reason....  (Completed) Tahanan ng mga kuwento. Tumuklas ngayon