Part- 21 ( မလွတ်မြောက်နိုင်သေးသော... အတိတ်🌌)

1.1K 109 0
                                    

Cause you are the reason...
Part 21

(Unicode)

Namjoon: လွန်ခဲ့တဲ့ ၈နှစ်တုန်းကပေါ့...ကြယ်လေးတစ်လုံးလို တစ်လက်လက်တောက်ပနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့ဘူးတယ်...သူ့နာမည်က Yoonji တဲ့...

Jin: Yoonji...!!

Namjoon: Omm... Yoonji... နာမည်လေးက လှတယ်မလား...!

Jin: Omm...လှတယ်...

Namjoon: Yoonjiက jinလိုမျိုးပဲ မဟုတ်မခံစိတ်လဲ ရှိသလို ကိုယ့်ရှေ့မှာ မတရားတာတွေ့ရင်လဲ လက်ပိုက်ကြည့်မနေနိုင်တဲ့သူမျိုးပေါ့...လိုအပ်နေတဲ့သူတွေကိုလဲ အမြဲကူညီပေးဖို့အဆင်သင့်ပဲ...သူကလဲ hyungလို ဆရာဝန်တစ်ယောက်ပဲ... လူနာတွေကရော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရော သူ့ကို အရမ်းသဘောကျကြ တယ်... ပြီးတော့ သူက အရမ်းလဲ အလုပ်ကြိုးစားတယ်...သူ့ကို ကြည့်နေရင်းနဲ့ ကိုယ်ပါ အလုပ်ကြိုးစားချင်စိတ်တောင်ပေါက်စေနိုင်တဲ့ သူမျိုးပေါ့... သူက အရမ်းထင်ရှားတဲ့သူမျိုးမဟုတ်ပေမယ့်... Yoonjiဆိုတဲ့ နာမည်လေးအတိုင်း ကြယ်လေးတစ်လုံးလို သူရှိတဲ့နေရာလေးမှာ တလက်လက် တောက်ပနေတဲ့ သူမျိုးပေါ့....

Jin: လောကမှာ ဒီလိုမျိုး ကောင်းတဲ့သူမျိုးတွေလဲ ရှိတာပဲနော်... ဒါနဲ့ Hyungအတွက် သူက သာမန်တော့မဟုတ်လောက်ဘူး... hyungသူ့အကြောင်းပြောနေရင်း hyungရဲ့ ပါးချိုင့်တွေ ထင်းနေအောင် ပြုံးနေခဲ့တာ...

Namjoonတစ်ချက်ထပ်ပြုံးလိုက်ပြီး...

Namjoon: အရမ်းကို ချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက်မို့ထင်တယ်... ကိုယ်ချစ်ရတဲ့သူအကြောင်းပြောရင် မပြုံးမိတဲ့သူ မရှိသလောက်ပါပဲ...

Jin: Hyung ဒီလောက်ကောင်းတဲ့သူနဲ့တွေ့ခဲ့တာ တကယ်ကံကောင်းတာပဲ....ဒါပေမယ့်လဲ သူလဲ ကံကောင်းတာပဲလေ Hyungကလဲ လူကောင်းတစ်ယောက်ပဲမို့လို့...

Namjoon: အဲ့ဒီလိုမျိုး ဖြစ်ခဲ့ပါမလား...အဲ့လို ဖြစ်ခဲ့ရင်တော့ကောင်းတာပေါ့...

Jin: ဒါနဲ့ သူအခု ဘယ်မှာလဲ...

Namjoon: သူလား.....

Flashback>>>>>>
လွန်ခဲ့သော ၈နှစ်ခန့်က.....

Namjoonတစ်ယောက် လူနာတွေရဲ့ ဆေးစစ်ချက်ကို ပြန်ကြည့်နေစဥ်....

Cause you are the reason....  (Completed) Where stories live. Discover now