Part- 13 ( ပျော်ရွှင်စရာ မွေးနေ့လေး🍰✨)

1.3K 134 0
                                    

Cause you are the reason...
Part 13

(Unicode)

The next day....
At BANTAN UNI....

နေ့လည်စာစားချိန်၌ Taehyungတို့ သူငယ်ချင်းသုံးယောက် ကန်တင်းတွင် တူတူထိုင်နေကြသည်... Jungkookနှင့် Yoongiမှာ နေ့လည်စာ စားနေကြသော်လည်း... Taehyungမှာ ဖုန်းကို တစ်စိမ့်စိမ့်ထိုင်ကြည့်ကာ... ကြည်နူးနေသည်...

Tae: Aigoo~ ငါ့ babeလေး ကြည့်လေ ပိုပြီး ချစ်စရာကောင်းလာလေပဲ...ကြည့်ပါဦး...နှုတ်ခမ်းလေးက ဖူးဖူးလေးနဲ့... နမ်းလိုက်ရင် နုဖက်အုအက်နေတာပဲ... ပါးလေးတွေကလဲ ဖောင်းဖောင်းလေးတွေ...ကိုက်ပြစ်လိုက်ချင်တယ်

Jk: အဲ့ဒီလောက်အဖြစ်သည်းမနေပါနဲ့ မင်းJinကိုဘယ်သူမှ မလုပါဘူး...🙄

Yoongi: ဆောင့်ကန်ချင်ရာ အခွက်နဲ့😪

Tae: မင်းတို့လို ရည်းစားမရှိတဲ့သူတွေ ဘယ်သိမလဲ...😗

Jk&Yoongi: 😒

ထိုစဥ်...
Jin Jiminနှင့် Hoseokသို့ ရုတ်တရက်ရောက်လာကြသည်...

Jimin: ဟျောင်ရေ... ဒီကိစ္စအဲ့လောက်ထိဖြစ်စရာမလိုပါဘူးကွာ...

Hoseok: ဟုတ်ပါတယ် မင်းကလဲ...မင်းဒီကိစ္စကြည်နူးသင့်တာလေ....

Jinမှာ ဘာမှ ဂရုမစိုက်ဘဲ... Taehyungဘေးနားသို့သွားကာ... အော်ခေါ်လိုက်သည်...

Jin: Tae!!!!!!!!!

Tae: babeကလဲ... ကို့ကို အဲ့လောက်အော်ခေါ်စရာမလိုပါဘူး...ကိုကြားပါတယ်...ခုတောင် babeကို နေ့လည်စားဖို့စောင့်နေတာ...

Jin: Taeဘာလို့ relation statusကြီးတင်လိုက်တာလဲ!!

Tae: အဲ့တာဘာဖြစ်လဲ... Taeမှာ ချစ်သူရှိတယ်ဆိုတာ အားလုံးသိအောင်ပေါ့... အဲ့တာမှ ကို့ကို လာမရောရဲတော့မှာလေ...ဟုတ်တယ်မလား...အဲ့ကျရင် Jinလဲ သဝန်တိုစရာမလိုတော့ဘူးလေ

Jin: ကျွန်တော့်ကို တစ်ကျောင်းလုံးက ကောင်မလေးတွေ အမြင်မကြည်အောင်လုပ်နေတာလား... Taeက ဒီကျောင်းမှာနာမည်ကြီးလေ...

Tae: အဲ့တာသိလို့ ဘယ်သူဘယ်ဝါ မထုတ်ပြထားတာပေါ့ Jinရယ်... Jinအခုလိုလာပြောမှာစိုးလို့ relation statusကို withနဲ့ မတင်တာပေါ့...

Jin: relation statusကို withနဲ့ မတင်တာနဲ့ပဲ ကျွန်တော်မှန်းမသိရောလား... Taeရဲ့ Insta acc profileက ကျွန်တော့်ပုံကြီးလေ... Twtမှာလဲ ကျွန်တော့်ပုံ cover photoကအစ... ရှိသမျှ အရာတွေကို ကျွန်တော့်ပုံပဲ တင်နေတော့ ဘယ်သူကမသိပဲနေမှာလဲဗျ... 😑

Cause you are the reason....  (Completed) Dove le storie prendono vita. Scoprilo ora