Part - 29

979 98 4
                                    

Cause you are the reason...
Part 29

(Unicode)

Hoseokတစ်ယောက် ညဘက်တော်တော်နှင့် မအိပ်နိုင်ဘဲ တစ်ယောက်တည်း အိပ်ယာတည်း ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်နှင့် မနေထိမနေသာ ဖြစ်နေခဲ့သည်... မနက် မိုးလင်းခါနီး လေးနာရီလောက်မှသာ hoseokတစ်ယောက် အိပ်မောကျသွားတော့သည်...

မနက်သို့ရောက်သော်>>>>

Hoseok၏ အိပ်စက်ခြင်းကို နှောင့်ယှက်လိုက်သော မနက်၈နာရီ Alarmမြည်သံ...

Hoseok: Aigoo_Omo နာရီလက်တံလေးရယ် ၅မိနစ်ဖြစ်ဖြစ် အနောက်ပြန်လေးသွားပေးပါလား...ငါအိပ်တောင်မအိပ်ရသေးဘူးလေကွာ...

Hoseokလဲ ကျောင်းသွားရမည်ဖြစ်သောကြောင့် အိပ်ယာပေါ်က မထချင် ထချင်နှင့်ထကာ ရေချိုးခန်းဆီသို့ ယိုင်တိယိုင်တိုင် လမ်းလျှောက်သွားသည်...

ထို့နောက် ကျောင်းသွားရန် အဆင်သင့်ပြင်ဆင်ပြီးနောက် လွယ်အိတ်လေးကိုင်ပြီး မနက်စာ စားရန် အခန်းထဲမှ ထွက်လာခဲ့သည်...
Hoseokတစ်ယောက် မနေ့က အဖြစ်အပျက်ကို ခဏတာ မေ့လျော့နေခဲ့သည်...
သို့ပေမယ့် ထိုမေ့လျော့ခြင်းက တာရှည်မခံပါ...
Hoseokတစ်ယောက် အိပ်ရေးမဝသောကြောင့် မျက်လုံးကို ဖွင့်ရုံလောက်သာ ဖွင့်ပြီး ထမင်းစားခန်းသို့ သွားနေသည်... သို့ပေမယ့် ထမင်းစားခန်းသို့မရောက်ခင် ဧည့်ခန်းနားမှာတင် Hoseok၏ မှေးစက်စက်မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားခဲ့သည်...

ဧည့်ခန်းထဲတွင် Taehyung,Jungkookနှင့် Yoongiတို့ စကားထိုင်ပြောနေခြင်းပင်...
Yoongiကတော့ စကားဝိုင်းထဲသာ နစ်မြောနေသည်မို့ Hoseokကို သတိမထားမိပေ...
Hoseokကတော့ Yoongiကို မြင်လိုက်သည်နှင့် တပြိုင်နက် မနေ့က အဖြစ်အပျက်က တန်းခနဲ ခေါင်းထဲ ပြန်ရောက်လာသည်...

Hoseok ခြေထောက်တွေကို ကြမ်းပြင်နှင့် သံမှိုစွဲကပ်ထားသလို ထိုနေရာတွင်သာ ရပ်နေခဲ့သည်...

Taehyungစကားပြောနေရင်း ဧည့်ခန်းနားမှာ ရပ်နေသော Hoseokကိုမြင်တော့

Tae: Hoseok..ka! နိုးပြီလား... မနက်စာစားဖို့ Jinတို့စောင့်နေတယ်...

Taehyung၏ အပြောကြောင့် စကားဝိုင်းတွင် နစ်မြောနေခဲ့သည့် Yoongi ချက်ချင်းပင် Hoseokဆီသို့ အကြည့်ရောက်သွားခဲ့သည်...

Cause you are the reason....  (Completed) Where stories live. Discover now