Part- 7 ( Hwaiiခရီးစဥ် 1🌴🌊✨)

1.7K 173 4
                                    

Cause you are the reason....
Part 7

(Unicode)

လေဆိပ်သို့ရောက်သော်....

Jin: Ya..! သစ္စာဖောက်နှစ်ကောင်...

Jiminနှင့် Hoseokတို့မှာ ဘာမှမပြောပဲ သွားစိ၍ မျက်နှာချိုသွေးနေကြသည်...

Hoseok: ပွစိ ပွစိမပြောပါနဲ့တော့ ချစ်သူငယ်ချင်းကြီးကလဲ...ငါတို့လဲ အားနာလို့ လိုက်လာတာပါ😁

Jin: ဘာအားနာတာလဲ ငါ့ကျတော့ အားမနာဘူးလား😒

Jimin: ငါတို့က Hawaiiဆိုတဲ့ အရာကြီးကို TVတေွ ဖုန်းတွေထဲမှာပဲမြင်ဖူးတာလေ... ငါတို့လဲ တစ်ခါလောက်ဖြစ်ဖြစ် ရောက်ဖူးချင်လို့ပါ...👉🏻👈🏻🥺

Jin: Ya...! ပုကျိjimin ငါမင်းအကြောင်းမသိရင်ခက်မယ်...😒

Jimin: ဟဲဟဲ😅
Jimin's pov: ဒါပေါ့ ကိုယ့်crhကြီးပါတာကို ဘယ်လက်လွှတ်ခံလို့ဖြစ်မလဲ🤭

Jk: တော်ပါတော့ jinရာ... ငါတို့ jiminလေးကို ဘာမှမပြောပါနဲ့တော့...သူတို့မှာ အပြစ်မရှိပါဘူး...ငါတို့ အတင်းခေါ်လို့ပါ...

Jin: အမယ် ဘယ်တုန်းက ငါတို့jimin ဖြစ်သွားတာလဲ စီနီယာ Jungkook!

Jin သူ့သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ အကြည့်နှင့် jungkookကို မျက်လုံးကျွတ်ထွက်မတတ်ကြည့်၍ပြောလိုက်သည်...
(Jkမပြောနဲ့ ကိုယ်တောင် တွေးပြီး ကြက်သီးထတယ်😌)

Jk: aww... အေး...အေး ပါ... မင်းကလဲ ငါကရင်းရင်းနှီးနှီးပြောတာပါကွ...
Jk's pov: ဘုရား ဘုရား... စကားနဲ့တောင်အသားယူလို့မရဘူး ဘဝက ဆိုးတာ🤧

Jiminကတော့ ပြုံးစိပြုံးစိဖြစ်နေတာပေါ့...

ထိုစဥ် hoseokနောက်က ရုတ်တရက် လူတစ်ယောက်စကားပြောတဲ့အသံကြားလိုက်ရသည်...ထိုသူမှာ အိပ်နေရာက ရုတ်တရက်ထလာသော Yoongiပင်ဖြစ်သည်...

Yoongi: ဘယ်တော့စကားပြောလို့ပြီးမှာလဲ..

Hoseokက နဂိုကတည်းက အလိုလိုနေရင်း လန့်နေတတ်တဲ့သူဆိုတော့ ''အား........!!''ဟု ငယ်သံပါအောင် ထအော်ကာ Yoongiကို ခရီးဆောင်လက်ကိုင်အိတ်နှင့် လွှဲရိုက်လိုက်သည်
...
အရိုက်ခံရ​ေသာYoongiရော Taehyungတို့ရော...ဘေးပတ်ဝန်းကျင်က လူတွေပါ Hoseok ထအော်သောကြောင့် အားလုံးငြိမ်သက်ကာ hoseokကိုကြောင်ကြည့်နေကြသည်...
(Hoseok's highnote is not a joke😆)

Cause you are the reason....  (Completed) Where stories live. Discover now