Part 15 (ချစ်၍မဝနိုင်သော သိုးပေါက်လေး💕)

1.2K 118 0
                                    

Cause you are the reason...
Part 15

(Unicode)

Jinကို ကာကွယ်လိုက်သော သူမှ...

လမ်းမကြီးမှ မြင်လို့မှ မကောင်းဘူး... ကိုယ့်အမှားကိုယ်မသိလို့... ဒီကောင်လေးကပြောပြနေတာလေ... မှားတာကို ဝန်မခံတဲ့အပြင် လက်ပါ ပါလာတယ်....ယောကျာ်းအရင့်အမာကြီးဖြစ်ပြီးမရှက်တတ်ဘူးလား...''ဟု
အမျိုးသမီးတစ်ယောက်က ပြောလာသည်..

ထိုအမျိုးသမီး၏ သြဇာပါပါဖြင့်ပြောသော စကားကြောင့်ရော... ဝတ်ပုံစားပုံ အရှိန်အဝါကြောင့်ပါ... ကားသမားမှာ ဘာမှဆက်မပြောရဲပဲ ကားမောင်းထွက်သွားလေသည်....
Jinလဲ ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်ရာ...

Jin's pov: wow.... မိန်းမတစ်ယောက်ဆိုပေမယ့် ရဲရဲဝင့်ဝင့်ပြောသွားတာတကယ့်ကို စံထားလောက်တယ်... ကြည့်ရတာ လုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်နဲ့တူတယ်...စကားပြောလိုက်တာများ ယုံကြည်မှုအပြည့်နဲ့ မိမိုက်နေရောပဲ...

Jin: ဟို ကျေးဇူးတင်ပါတယ်ဗျ...

ရပါတယ်... ငါက ငါ့တူလေး ကို လာရှာရင်းနဲ့ မင်းနဲ့တွေ့တော့တာပဲ... ဒါနဲ့...မင်းက ဘယ်ဆိုးလို့လဲ ပြောရဲဆိုရဲတာပဲ...မင်းကိုတော်တော်သဘောကျသွားပြီ ဒီနေ့ကစပြီး မင်းက ငါ့တူလေးဖြစ်သွားပြီပဲ...''

Jin: ဗျာ...ဟို...ဒါပေမယ့်...

မင်း အန်တီလေးနာမည်လဲ မှတ်ထားဦး... DaWanလို့ ခေါ်တယ်... မင်းနာမည်က...''

Jin: Seok...Seok Jinပါဗျ...

DaWan: omm....မင်းဘယ်မှာနေတာလဲ...လိပ်စာပြော...

Jin: ဗျာ...

DaWan: မင်းဒီတစ်လုံးပဲပြောတတ်တာလား... ဖုန်းနံပါတ်ပေး...

Jin: ဗျာ...ဟုတ်...ဟုတ်

DaWan: ကဲကြာပါတယ်... ဖုန်းသာပေးတော့...

DaWanလဲ Jinဆီက ဖုန်းကိုဆွဲယူကာ...သူဖုန်းနံပါတ်ရိုက်ထည့်ပေးလိုက်သည်... ထို့နောက်Jinအား လိပ္စာကို messageပို့ခိုင်းစေသည်... Jinလဲ Message ပို့လိုက်သည်...ထိုနောက် DaWan... Jinကိုနှုတ်ဆက်၍ထွက်သွားသည်...

Jin: Wow...ငါလဲနေရင်းထိုင်ရင်းအန်တီလေးတစ်ယောက်ရသွားတာပဲ... ဒီ အန်တီလေး DaWanဆိုတဲ့ သူက တကယ့်ကိုဇွတ်ပါပဲလား...Taeနောက်တစ်ယောက်နဲ့ တွေ့လိုက်ရသလိုပဲ... ဟူး.....ဟာ ဘာကိစ္စ Taeက ပါလာတာလဲ...ငါကရော သူ့ကို ဘာလို့ Taeလိုခေါ်နေ​သေးတာလဲ...ဟာ မသိတော့ဘူး...သူ့အကြောင်းမစဉ်းစားတော့ဘူး...

Cause you are the reason....  (Completed) Where stories live. Discover now