Part- 9 ( ဖွင့်ပြောဖို့ ကြိုးစားခြင်း 🍓 )

1.5K 155 2
                                    

Cause you are the reason....
Part 9

(Unicode)

Time skip>>>>>>>
At BANTAN UNIVERSITY

Jin: မင်းတို့အရင်သွားနှင့်တော့ ငါစာကြည့်တိုက်သွားပြီးမှပဲ အတန်းသွားတော့မယ်.... စာအုပ်တစ်အုပ်ရှာစရာရှိတယ်...

Hoseok&jimin: အေး...သွားနှင့်ပြီနော်...

ထိုနေ့က Taehyungတို့ ကိစ္စတစ်ခုရှိလို့ ကျောင်းမတက်ပါ.....

Jinစာကြည့်တိုက်သို့ရောက်သော်...

Jin: ငါဟိုတစ်နေ့က ဒီနားမှာ အဲ့စာအုပ်တွေ့ပါတယ်...အခုဘယ်ရောက်သွားလဲမသိဘူး ဒုက္ခပါပဲ...မနက်ဖြန် အိမ်စာအတွက်လိုပါတယ်ဆိုမှ...

Jinတစ်ယောက် အသည်းအသန်လိုက်ရှာသော်လဲ မတွေ့ချေ..ထိုကြောင့် Jinလဲ ထိုစာအုပ်ကို ရှာရန် counterကိုသွားမေးသည်...

Jin: ဦးလေး... ကျွန်တော် Engineering special sketch book ရှာတာမတွေ့လို့ဗျ...

အခုပဲ ဒီလူငယ်လေး ယူသွားတာ''
ထိုသို့ပြောပြီး jinဘေးနားက ကောင်လေးတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်...
ထိုသူမှာ အရပ်ရှည်ရှည်နှင့် ရုပ်ရည်အသင့်အတင့်ရှိသည့် ကောင်လေးတစ်ယောက်ဖြစ်သည်...

ထိုသူမှ
အကယ်၍ hyungလိုချင်ရင် ကျွန်တော်ပေးမယ်လေ... ကျွန်တော့် အစ်မအတွက် လာယူပေမယ့် hyungလဲ လိုအပ်မယ်ထင်လို့ ''

ထိုသို့ပြောကာ jinလိုချင်သော စာအုပ်ပေးလိုက်သော ကောင်လေး...

Jin: ရပါတယ်...အစ်မဖြစ်သူ ဆူနေပါဦးမယ်...

Jinလဲ အားနာသောကြောင့်ငြင်းလိုက်သည်..

ရပါတယ် ကျွန်တော့အစ်မကို ဆိုင်က ဝယ်ပေးလိုက်မယ် ကျွန်တော့်ကိုလဲ အမှန်က ဝယ်ခိုင်းလိုက်တာ ကျွန်တော်က ဝယ်ခိုင်းတဲ့ပိုက်ဆံ ဘက်မလို့ စာကြည့်တိုက်က လာငှားတာ😅''
(ကိုယ်တွေလိုပဲ🥴)

Jinမှာလဲ တကယ်လိုအပ်နေတဲ့ စာအုပ်မလို့ ယူလိုက်သည်...

Jin: ဟုတ်! ကျေးဇူးပါနော် အခုလိုကူညီတာ...ဒါနဲ့ ကျွန်တော့်ကို Hyungလို့ ဘာလို့ခေါ်တာလဲဗျ... အသက်က တူတူလောက်ပဲကို...

ထိုကောင်လေးမှ...

Hyungက ကျွန်တော့်အစ်မနဲ့ တစ်တန်းတည်း တက်နေတာမလား... ကျွန်တော်က Hyungထက် တစ်နှစ်ငယ်တယ်...

Cause you are the reason....  (Completed) Where stories live. Discover now