Final-(part 1) "Cause you are the reason''

1.1K 98 6
                                    


Cause you are the reason...
Final (Part 1)

(Unicode)

သာယာသောမနက်ခင်းလေးတစ်ခု၌...

နေ့တိုင်း မနက်ခင်းဆိုတဲ့ အချိန်ကာလကို ဖြတ်ကျော်လာရပေမယ့် ဒီနေ့မနက်ခင်းကတော့ ဘဝမှာ စိတ်အလှုပ်ရှားဆုံးနဲ့အပျော်ရွှင်ဆုံး မနက်ခင်းလေးပါပဲ...
ကျွန်တော်စောင့်မျှော်နေခဲ့ရတဲ့ ဒီနေ့လေးကတော့ ရောက်လာခဲ့ပြီ...
ဟုတ်ပါတယ်... ဒါကတော့ ကျွန်တော်နဲ့ Jinတို့ရဲ့ နှစ်ဦးသဘောတူ ထိမ်းမြားလက်ထပ်တဲ့နေ့လေးပါပဲ...''

Taehyungတို့ မင်္ဂလာပွဲလေးက တခြားသူတွေလို ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲမျိုးမဟုတ်ပါ... ဒီတိုင်း ရိုးရိုးရှင်းရှင်းနှင့် သာမာန်အတိုင်းလှပနေသည့် မင်္ဂလာပွဲမျိုးသာဖြစ်သည်...
စိမ်းစိုနေသည့် မြက်ခင်းပြင်အထက်တွင် ပန်းများဖြင့် အလှဆင်ထားသည့် အဖြူရောင်မင်္ဂလာစင်လေးရယ်... ဧည့်သည်တွေထိုင်ရန် အစီအရီ ခင်းကျင်းထားသည့် အဖြူရောက်ပိတ်စခြုံလွှမ်းထားသော ထိုင်ခုံလေးတွေရယ်... မင်္ဂလာစင်သို့ ဦးတည်ထားသည့်လျှောက်လမ်းအတိုင်း ခင်းကျင်းထားသော အနီရောင် ကဗ္ဗလာ ကော်ဇောနီကြီးရယ် နှင့် မင်္ဂလာပွဲလေးဟာ ရိုးရိုးလေးနှင့် ပြီးပြည့်စုံနေခဲ့သည်...
ဧည့်သည့်များကိုလဲ များများစားစားဖိတ်ထားတာမျိုးမဟုတ်ဘဲ ရင်နှီးကျွမ်းဝင်သည့်သူများကိုသာ ဖိတ်ထားသောကြောင့် ထိုမင်္ဂလာပွဲလေးက သိပ်ကို နွေးထွေးပြီး ပျော်စရာကောင်းနေမည်မှာ အမှန်ပင်...

Taehyungကတော့ နားနေခန်းမှာ တစ်ယောက်တည်း ထိုင်ကာ နောင်အနာဂတ်တွင် Jinနဲ့အတူတူ ဖြတ်သန်းရမည့်နေ့ရက်တွေကို တွေးပြီး ပျော်နေလေရဲ့...

ကျွန်တော်အရမ်းပျော်တယ်ဗျာ...အရမ်းပျော်လွန်းလို့ မနေ့ညကဆို အိပ်လို့တောင်မပျော်ဘူး... နောက်ဆို ကျွန်တော့်ဆီကနေ Jinကို ဘယ်သူကမှ လာလုယူလို့မရတော့ဘူး... ကျွန်တော်ချစ်ရတဲ့ Jinကို ကျွန်တော်တစ်ယောက်တည်းကပဲ ပိုင်ဆိုင်ခွင့်ရတော့မှာ... Jinက ကျွန်တော့်အပိုင်ဆိုတာ အခိုင်အမာပြောလို့ရပြီလေ...''

ဟျောင်...Taehyung!!

Taehyung၏ ကြည်နူးရိပ်မိနေသော စိတ်ကူးတွေကို နှောက်ယှက်လိုက်သော Jungkook''

Cause you are the reason....  (Completed) Where stories live. Discover now