သူမအပြုံးက ညှို့ယူဆွဲဆောင်နိုင်စွမ်း ရှိကာ မြင်ရသူကို မိန်းမောသွားစေနိုင်သည်။ 

ဟန်ကျိုးလီ သူ့စိတ်သူ ပြင်ထားပြီး ဖြစ်ပေမယ့် မဟန်နိုင်ဘဲ သူမအပြုံးမှာ ခေတ္တနစ်မြောသွားခဲ့သည်။

ဒါ သဘာဝရဲ့မြေခွေးမ !

သူ အာရုံပျက်သွားတာကို အခွင့်ကောင်းယူပြီး လုမန်က ခြေထောက်ကိုမြောက်ကာ သူ့ဒူးကို ဆောင့်ကန်လိုက်သည်။

စောစောက ရေချိုးခန်းထဲမှာ အဝတ်တွေအမြန်လဲတော့ ရုပ်တည်ရှိအောင် ဖိနပ်တွေပါ ချွတ်ပစ်ခဲ့တာဖြစ်ကာ . .၊

ခု ခြေဗလာနဲ့ရပ်နေတာမို့ ကော်ဇောရဲ့အရင့်ရောင်က သူမခြေထောက်နှင့် ယှဥ်လျက်ဖြစ်ကာ နို့ရည်စိမ်ထားသလို ဖြူနု ဥလှနေလျက်။

သူမ ကန်ပစ်လိုက်လို့ ဟန်ကျိုးလီ ဒူးညွတ်သွားပေမယ့် တကယ်နာတာက ခဏသာဖြစ်ပြီး ခြေဖဝါးရဲ့ နူးညံ့မှုမှာ သာယာသွားမိတာက တော်တော်ကြာကြာ။

သူ့လက်ကလွတ်တာနှင့် လုမန်တစ်ယောက် တဘက်ပင် မကောက်ဝံ့ဘဲ ရေချိုးခန်းကို တန်းပြေးရသည်။

ဟန်ကျိုးလီကတော့ ဒူးကို ညွတ်၍ ကျန်ခဲ့သည်။ ဒါတောင် သူအငြိမ်မနေနိုင်ဘဲ ခေါင်းက ချာလည်လည်ပြီး မျက်လုံးက သူမအနောက်ကို ပါသွားသည်။

သူမနောက်ကျောက လှသည်။ ဖြူနုသော အသားအရေက ချောမွေ့နေကာ အောက်ပိုင်းက တောင့်သည်။ ကြည့်နေရင်း သူ့လက်တွေက ပြဿနာဖန်တီးတော့မည့်ပမာ ဂနာမငြိမ်ဖြစ်လာသည်။

ခါးမှာ သူမခြေထောက်တွေရစ်တွယ်နေတယ်လို့ စိတ်ကူးပေါက်မိတော့ သူ့ခါးတွေပါ တောင့်တင်းကုန်သည်။ 

ချက်ချင်းဆိုသလို နောက်တစ်က္ကန့်အတွင်း ပေါက်ကွဲတော့မည့်ပမာ ပူထူလာပြန်၏။

အနောက်မှာ ကပ်ပါလာသည့် တဏှာအကြည့်ကို လုမန် ခံစားမိနေတာမို့ ရေချိုးခန်းထဲကို ​အသော့ပြေးနေရင်း စိတ်က ကသိကအောက် ဖြစ်သည်။ 

သို့သော်လည်း သူမခန္ဓာကိုယ်က အပူကြီးလာနေဆဲဖြစ်ပြီး သူ့လက်တွေထိခဲ့သည့် နေရာတိုင်းက သူ ဆက်ထိနေသေးသလို ပူနွေးနွေး ဖြစ်နေသေးသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Unde poveștirile trăiesc. Descoperă acum