စောစောက ရဲတွေရှေ့မှာ သူမက သူ့ကို နမ်းခဲ့သည်။ သို့သော် ထိုအခါက သူတို့နှုတ်ခမ်းတွေ ထိရုံမျှသာမို့ ဘာမှမဖြစ်လိုက်ရ။

နူးညံ့ဆွတ်ပျံ့ဖွယ်ကောင်းသော ခံစားချက်က သူ လွယ်လွယ် မေ့ဖျောက်မပစ်နိုင်လောက်အောင် ဖြစ်သည်။

သူမကလည်း ချက်ချင်းကြီး ဖယ်ပစ်လိုက်တာမို့ သူ့မှာ အရသာခံကြည့်ဖို့ပင် အခွင့်မရှိလိုက်ပေ။

ခု တစ်ခါ ကြိုးပမ်းကြည့်လိုက်မှ သူမနှုတ်ခမ်းတွေ သူထင်တာထက် သိပ်ချိုကြောင်း သိလိုက်ရသည်။

“ အသုံးချချင်တော့ အဝတ်တွေတောင်ချွတ်ပြီး လိုလိုချင်ချင်နဲ့ ပွေ့ဖက်ခဲ့တယ် . . ခု အသုံးမလိုတော့မှ စောစောက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ချင်တာလား ”

ဟန်ကျိုးလီက သရော်သည်။
“ ခုပဲ အသုံးချလိုက် ခုပဲ လွှတ်ပေးခိုင်းလိုက်နဲ့ မင်း ကိုယ့်ကို ဘာထင်နေသလဲ ”

လုမန် အသံတိတ် ငြင်းပယ်လိုက်သည်။
သူမကို ချွတ်ပစ်တာ သူ မဟုတ်ဘူးလား. . ၊
သူပြောသလို အသုံးချဖို့သာ လွယ်မယ်ဆိုရင် ခုလို သူ့ရင်ခွင်ထဲမှာ ပိတ်မိနေပါ့မလား။ 

သို့ပေမယ့် လုမန် သူ့ကို သွားမစရဲပါ၊
အထူးသဖြင့် လက်ရှိအခြေအနေတစ်ခုမှာ။

လုမန် ချက်ချင်း ပြုံးပစ်လိုက်ပြီး သူကျေနပ်အောင် ပြောကြည့်လိုက်သည်။
“ သခင်လေးဟန်ကလည်း . . ဘာလို့ ဒီလိုအညတရလေးနဲ့ စကားပြိုင်နေမှာလဲလို့ . . သခင်လေးဟန်ကို မသိတဲ့သူ ဘယ်မှာရှိမတုံး၊ ဟန်ကော်ပိုရေးရှင်းရဲ့စီအီးအို မဟုတ်လားဟင်။ ဟန်ကော်ပိုရေးရှင်းက အနုပညာနယ်ပယ်မှာ လုပ်ငန်းတစ်ဝက်ကျော်လောက်ကို ပိုင်တယ်။ ရှင်သာ ခြေဆောင့်လိုက်ရင် ဖျော်ဖြေရေးကုမ္ပဏီတွေတောင် ပြားပြားဝပ်သွားနိုင်တဲ့ အခြေအနေမှာ ကျွန်မက သခင်လေးဟန်ကို ဘယ်လိုသတ္တိမျိုးနဲ့ အသုံးချရဲမှာလဲရှင် ”

ပြောစရာမလိုအောင် ဟန်မိသားစုသည် စစ်ပြိုင်ကာလအတွင်းမှ တိုင်းပြည်ကြီး ၇ ခု အနက် တစ်ခု ဖြစ်သော ဟန်တိုင်းပြည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ တကယ်တော့ ဟန်ကျိုးလီသည် ယနေ့ခေတ် မှူးမျိုးမတ်နွယ် ဟု ဆိုကြသော သူတွေထက် မဟာဆန်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ကျိုးမင်းဆက်မှ ဆင်းသက်လာသူ တစ်ဦး ဖြစ်၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now