ဟဲကျိန့်ပိုင်ဆီက “ ခွေးမ ” ဆိုသောကျိန်ဆဲသံနှင့် အကြည့်စူးစူးကို ထပ်ရလိုက်သည်။

လုမန် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ဘယ်လိုအခြေအနေမျိုးတွင်မဆို အယုတ်တမာကောင်က ခွေးမဟု ခေါ်လာသည်နှင့်ပတ်သက်၍ သူမ စိတ်ထိခိုက်မှာက ကျိန်းသေသည်။

နောက်ဆုံး ဟဲကျိန့်ပိုင်နှင့် တခြားသူတွေ ပြန်သွားတော့ လုမန် သက်ပြင်းချလိုက်ပေမယ့် ရုတ်တရက် နားလည်လိုက်တာက ဟန်ကျိုးလီရဲ့လက်သည် သူမခါးပေါ်ထပ်ရောက်နေပြီး သူမကို ဆွဲဖက်ထားခြင်း ဖြစ်ကာ . .။

“  ဒီနေ့ည သခင်လေးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် ”
လုမန်က ချွဲနွဲ့မှုတစ်စုံတစ်ရာမပါဘဲ ယဥ်ကျေးစွာ ပြောလိုက်သည်။

သို့သော်လည်း သူ့ဆီက ရုန်းထွက်သည့်အခါ ဟန်ကျိုးလီက မလွှတ်။

“ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ကျွန်မ အခု သွားပါတော့မယ် ”
လုမန် ဣန္ဒြေမပျက် ပြုံးလိုက်သည်။

ဒါတောင် ဟန်ကျိုးလီက လွှတ်ရမည့်အစား အနားဆွဲခေါ်သည်။
“ အသုံးချလို့ပြီးတာနဲ့ ချက်ချင်း ထွက်သွားတော့မယ်ပေါ့ ဟုတ်လား ”

သူမကို ဟန်ကျိုးလီ တစ်ခုခု လုပ်မယ်လို့တော့ လုမန် မထင်ပါ။

သူ့အဆင့်အတန်း သူ့ရုပ်ရည်နှင့်ဆို သူ့မှာလည်း ချစ်သူ ခင်သူတော့ ရှိနိုင်သည်။

သူမကို အသားယူလောက်သည်အထိတော့ ရမ်းကားကြမ်းတမ်းလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူ ဘာမှမလုပ်မှာကို ယုံကြည်သဖြင့် လုမန် မကြောက်မရွံ့ ပြုံးပြီး မေးလိုက်သည်။ 
“ ဒါဖြင့် သခင်လေးဟန်က ဘာလုပ်ချင်လို့တုံး ”

ဟန်ကျိုးလီက ညင်သာစွာ ရယ်သည်။
ဒီမိန်းမက စိတ်ဝင်စားစရာတော့ကောင်းသား။

သူ့ဆီကို ပစ်မဝင်သော်လည်း ငြင်းဆန်ခြင်းတော့ မရှိလှ။ သူ ဘာမှမလုပ်ဘူး ဆိုတာကို တကယ် ယုံကြည်နေသည်။ 

ဒါပေမယ့် ဘာလို့ အဲ့လိုထင်တာလဲ၊

ကိုယ်လုံးကိုယ်ပေါက်ကောင်းပြီး ကိုယ်မှာ တဘက်တစ်ထည်တည်းသာရှိသည့် ခပ်လှလှ အမျိုးသမီးတစ်ယောက်က သူ့ရင်ခွင်ထဲမှာ ရောက်နေသည့်တိုင် သူ ဘာမှမလုပ်ဘူး လို့ ယုံကြည်နေသတဲ့။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now