သို့သော် အတိတ်ဘဝ၌ ကိုယ့်ဘက်မှာရှိနေသည့် အခြေအနေတွေအားလုံးကို အလဟဿဖြစ်သွားစေခဲ့တာတော့ သူမ မိုက်လွန်းအားကြီးခဲ့တာဖြစ်သည်။ 

“ ခင်ဗျားဖုန်းကို ခဏလောက် စစ်ကြည့်ပါရစေ ”
ရဲအရာရှိက လုချီကို ပြောလိုက်သည်။

လုချီမျက်နှာ စက္ကန့်ပိုင်းမျှ ပျာယာခတ်သွားသည်။ ရဲအရာရှိတွေကို လုမန်ပြလိုက်သည်က သူတို့အချင်းချင်းပြောထားသည့် စကားဝိုင်း အမှန်ပင်ဖြစ်ကာ သူမ၏ WeChat အကောင့် ဟုတ်မည်က မလွဲဧကန်ပင်။ 

အပြန်အလှန်ပြောထားကြသည့် စကားဝိုင်းကို ကြည့်ပြီးသည့်နောက် အခြေအနေတစ်ရပ်လုံးသည် လုမန်နှင့် လုံးဝ မသက်ဆိုင်ဘဲ သူမသာလျှင် သံသယဖြစ်ဖွယ်ကောင်းနေကြောင်း သိသာထင်ရှားနေသည်။

ထို့ပြင် လုချီ၏ တွန့်ဆုတ်မှုက အရာရှိတွေအမြင်မှာ ပိုပြီးတော့ သင်္ကာမကင်းဖြစ်စေသည်။ 

“ မိန်းကလေးလုခင်ဗျာ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးပါ ”
ရဲအရာရှိက ပြောလိုက်တာဖြစ်သည်။

လုချီက အရာရှိတွေကို သူမဖုန်းကမ်းပေးရုံသာ တတ်နိုင်လေသည်။ သူတို့က စစ်ဆေးကြည့်ပြီး ထိုအရာသည် လုချီ၏ WeChat အ​ကောင့် ဟုတ်မှန်ကြောင်း အတည်ပြုလိုက်သည်။

စကားဝိုင်းက ဖုန်းနှစ်လုံးစလုံးမှာ အတူတူပင်ဖြစ်ကာ ဖျက်ထားသည့်အပိုင်း လုံးဝ မရှိချေ။

“ ရဲစခန်းကို လိုက်ခဲ့ပေးပါ မိန်းကလေးလု ကျွန်တော်တို့ဘက်က ခင်ဗျားကို အသေးစိတ် မေးရပါလိမ့်မယ် ”

ရဲအရာရှိက ထိုသို့ ပြောလိုက်လျှင် လုချီက လုမန်ကို စတင် အပြစ်ဆိုတော့၏။
“ လုမန် နင်လိမ်တယ်!! အမှန်က တွေ့ဆုံပွဲကို ငါနဲ့အတူ နင်ပါ လိုက်လာခဲ့တာ! ”

လုမန် မျက်ခုံးပင့်လိုက်သည်။
“ ပြောတော့ ငါတစ်ယောက်တည်းပဲ သွားခဲ့တာဆို ဘာလို့ ရုတ်တရက်ကြီး ပြောင်းသွားတာလဲ ”

ရဲအရာရှိတွေရဲ့မျက်နှာတွေပြောင်းလဲသွားပြီး လုချီကို ခက်ထန်စွာ စူးစိုက်ကြည့်ကုန်ကြ၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now