“ မင်း သစ္စာဖောက်တယ် ”
ဟဲကျိန့်ပိုင်က လုမန်ကို လက်ညှိုးငေါက်ငေါက်ထိုးလို့ . .၊
“ မင်း ငါ့ကို လှည့်စားနေတာ ဘယ်လောက်တောင်ကြာပြီလဲ ”

လုမန် ပေါ့ပါးစွာ ပြုံးလိုက်သည်။
“ နင် လုချီနဲ့ဖောက်ပြန်တာလောက်တော့ မကြာသေးပါဘူး ”

ဟိုတယ်မန်နေဂျာရော ဝန်ထမ်းပါ လုချီကို အပြိုင် ကြည့်မိသွား၏။ 

လက်ရှိမှာ လုချီက လူကြိုက်များနေသော မင်းသမီးပေါက်စ ဖြစ်ကာ မီဒီယာတွေက လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည့်အတွက် အချစ်ရေးဆိုလျှင် ပြောစရာပင်မလို။

ခု လုမန်​က လုချီနဲ့ ဟဲကျိန့်ပိုင်တို့တွဲနေတယ်တဲ့!

“ ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ ”
ဟဲကျိန့်ပိုင်မျက်နှာပြောင်းလဲသွားသည်။

လုချီမျက်နှာတောင်မှ တင်းမာသွားလို့. .၊
ဟဲကျိန့်ပိုင်နဲ့ သူမရဲ့ဆက်ဆံရေးကို အားလုံးသိသွားလည်း ကိစ္စမရှိပေမယ့် အခုက အချိန်ကောင်းမှ မဟုတ်ဘဲ။

အခုနေ လူတွေသိသွားရင် သူမက ကြားလူဖြစ်သွားမည်။

“ ဒါဆို ငါကလိမ်နေတာပေါ့ ဟုတ်လား ”
ဟန်ကျိုးလီက လွှတ်ပေးမှာမဟုတ်တော့ သူမလည်း သူ့ရင်ခွင်ကို မှီရင်း ပခုံးကို ဖမ်းဆုပ်ထားလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကိုယ်လူချောကို အခွင့်အရေးယူလို့ရနေတာမို့ အရှုံးတော့ မရှိပါ. .၊

“ လောလောဆယ် ငါ့ညီမလေးဝတ်ထားတဲ့ဆွဲကြိုးက နင်သူ့ကို ပေးထားတဲ့ဟာလေ၊ ဆွဲသီးရဲ့နောက်မှာ နင်တို့နှစ်ယောက် တွေ့တဲ့နေ့နဲ့ နာမည်တွေကို ထွင်းထားတယ်၊ သေချာအောင် ချွတ်ပြီးတော့ စစ်ကြည့်လိုက်ပါလား . . ”
လုမန် အကြံပြုလိုက်သည်။ 

ခု ပြန်တွေးကြည့်လိုက်မှ အတိတ်ဘဝမှာ တော်တော်မိုက်ခဲ့မှန်း သိသည်။ 

နှစ်ယောက်စလုံးမှာ သက်သေအထောက်အထားတွေပေါလို့ပွလို့နေတာတောင် သူမဆိုတာက မျက်ကန်းတစ္ဆေပမာ အရှေ့မှာရှိနေသည့် သက်သေကို မမြင်ခဲ့ပေ။

ခုတော့ အားလုံးကို သိနားလည်လိုက်ပြီ။
သူ့ကို အသုံးချလို့ရမယ့် သက်သေကြီးချန်ခဲ့တဲ့ ဟဲကျိန့်ပိုင်ဟာ ဘယ်လောက်တောင် စဥ်းစားဉာဏ်မရှိလိုက်သလဲ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now