"အဲ့ဒါတွေအသာထားစမ်းပါ ငါမေးတာဖြေလေဆိုဖီယာ မင်းဘယ်လိုတိုက်ခန်း ငှားခပေးမှာလဲ။မင်း နယူးရောက်စ်မြို့ကြီးမှာရှင်သန်ရတာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲမင်းသိပါတယ် ဆိုဖီယာ။ပြီးတော့မင်းရဲ့သမီးလေးကို  မိဘမဲ့ဂေဟာကနေ မကောင်းတဲ့ဘဝထဲရောက်သွားစေချင်တာလား....."

             ဆိုဖီယာရပ်တန့်သွားသည်။ခြောက်ခြားသောမျက်လုံးများနှင့်လယ်ရီကိုစိုက်ကြည့်နေသည်။

            "ရှင်..ဒါတွေကိုဘယ်လိုသိတာလဲ"

           "ငါ့မှာ ငါ့နည်းလမ်းတွေများစွာရှိပါတယ် ကဲပြောစမ်းပါ မင်း...ရောင်းမှာလားဂရေ့စ်ကို မင်းဂရေ့စ်ကိုငါ့ဆီရောင်းရင် မင်းတိုက်ခန်းတစ်ခန်းဝယ်နိုင်လောက်တဲ့အထိပိုက်ဆံပေးမယ်...ပြီးတော့ မင်းရဲ့သမီးလေးကိုပြုစုပျိုးထောင်နိုင်မယ့်ငွေကြေးပမာဏကိုလည်း ခုချက်ချင်းပေးမယ် ကဲ ဘယ်လိုလဲ...."

                  ဆာလောင်မက်မောမှုများစွာနှင့်ရောယှက်နေသော ငွေကြေးအမြောက်အမြားအလည်တွင် ဆိုဖီယာတစ်ယောက် ခြောက်ခြားတွေဝေနေသည်။

ကလပ်ထဲတွင်ဂရေ့စ်တစ်ယောက် အဲလန်နှင့်အတူအလုပ်ကြိုးစားလုပ်နေသည်။ သို့သော် သူမ ​၏စိတ်သည်အလုပ်ပေါ်စိတ်မရောက်ဘဲ မတော်တဆတွေ့ဆုံခဲ့ရသောဒေမွန်တစ်ယောက်အပေါ်တွင်သာစိတ်ရောက်နေသည်။ ထိုလူ့အကြောင်းစဉ်းစားကာ တိုင်တွင်ချိတ်ထားသောနာရီကိုသာ ကြည့်ကြည့်နေသည်။ လျှို့ဝှက်ဆန်းကြယ်၍အန္တရာယ်ရှိသောအရိပ်အယောင်များပေါ်လွင်နေသော ဒေမွန်ကိုသာတွေးမိနေသည်။

"ဟိတ်!!"

"အောင်မလေး! အဲလန် ရယ် ငါလန့်သွားတာပဲ"

"အောင်မယ် သူကပဲပြောရတယ်ရှိသေး !အလုပ်အချိန်ကြီးကိုဘာတွေးပြီး ပြုံးလိုက်ရယ်လိုက်ဖြစ်နေတာလဲ ဂရေ့စ်"

" ဘာ...ဘာမှမဖြစ်ပါဘူး အဲလန် ဒီတိုင်းပါပဲ" ပြောရင်း ဖန်ခွက်များကို စားပွဲပေါ်တွင်နေရာတကျထောင်ပေးနေသည်။

"ဂရေ့စ်နော် ပြောသာပြောတာ အလုပ်လုပ်ရင်း တိုင်ကနာရီကိုလှမ်းလှမ်းကြည့်ရတာအမော ကြာရင်သစ်ကုလားအုတ်ဖြစ်တော့မယ်ညည်း"

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now