​ေႁခြ - 29

3.6K 382 21
                                    


ခါး​အောက်​တစ်​​နေရာမှ ဆစ်​ခနဲနာကျင်​မှု​ကြောင့်
တွန့်လိုက်​ရာမှ ဇက်​ခနဲနိုးလာခဲ့သည်​ ။သို့​သော်​
များများစားစားလှုပ်​ရှားမရ ။အ​ကြောင်းမှာ​တော့
ခန္ဓာကိုယ်​တစ်​ခုလုံးအား သိမ်းကျုံးဖက်​ထား
​သော သန်​သန်​မာမာလက်​တစ်​စုံကြားတွင်​
နစ်​မြုပ်​​နေခြင်း ။

အဝတ်​မဲ့​နေ​သောကိုယ်​နှစ်​ခု၏အထိအ​တွေ့
​ကြောင့် ညကဖြစ်​ရပ်​ကိုပြန်​စဉ်းစားမိကာ
တစ်​ကိုယ်​​တော်​ရှက်​​သွေးဖြာ​နေရပြန်​သည်​ ။
တချိန်​ထဲမှာပင်​ ထိုး​အောင့်လာ​သော ရင်​ဘတ်​
ထဲမှနာကျင်​မှုတစ်​စုံကား
သူသည်​ ချစ်​ရသူအားပထမဆုံးအ​နေနှင့်အသန့်
စင်​ဆုံး​ပေးဆပ်​လိုက်​ရခြင်းမဟုတ်​ ။

ဝမ်းနည်းလွန်း၍ လှိုက်​တက်​လာ​သော ရင်​အစုံကို
ထိန်းချုပ်​ကာ တိတ်​တခိုးမျက်​ရည်​ကျမိသည်​ ။
ရင်​ခွင်​ကျယ်​တစ်​ခု၌ အပ်​ထား​သောမျက်​နှာ​
​လေးသည်​ မျက်​ရည်​စများ စတင်​​နေရာယူ​​နေသည်​
ကို​တော့ အိပ်​မက်​ကမာ္ဘထဲ​ရောက်​ရှိ​နေ​သော
​ဂျောင်​ကု သိနိုင်​မည်​မဟုတ်​ ။

​တောင်းပန်​ပါတယ်​ ။ကိုယ့်ရဲ့အဦးဆုံးကိုမှပိုင်​ဆိုင်​
ခွင့်ရရှိချင်​တဲ့ မ​နေ့ညကမင်းရဲ့မျက်​နှာလွှာ​လေးကို
ပြန်​မြင်​​ယောင်​မိတိုင်း ရင်​ထဲတဆစ်​ဆစ်​ ။
ဒါ​တွေအားလုံးဟာ ကံစီမံရာပဲဆိုရင်​လည်း
ကိုယ့်ကိုပဲအပြစ်​ပုံချလိုက်​ပါ​တော့ ။

​နောက်​ပြီး....မင်းဟာ ရနံ့​မွှေး​မွှေးနဲ့ ပွင့်လန်းရမဲ့
ပန်းက​လေးတစ်​ပွင့် ။ဖူးငုံစ​နေ့မှာပဲ ရိုးတံဖျား
ကို ကိုယ်​ရိုက်​ချိုးလိုက်​သလိုများဖြစ်​သွားမှာလား။
တစတစဝင်​လာ​သော အ​တွေးများနှင့်ဆင်​ခြင်​တုံ
တရားများသည်​ ဆန္ဒနှင့်​သွေးသားပြင်းပြမှု
​နောက်​လိုက်​ခဲ့တဲ့ ကိုယ့်ကို လက်​ညိုးထိုးကာ
အပြစ်​​ပြောဆို​နေပုံ ။

​ကိုယ့်အချစ်​​တွေမှာ ဒါ​တွေမပါဝင်​​နေလဲဖြစ်​ပါတယ်​
​က​လေးရယ်​ ။

ခြွေWhere stories live. Discover now