ခြွေ - 22

3.2K 434 15
                                    


နုဖက်​ဖြူ​အု​နေ​သော လက်​​ချောင်း​သေး​သေး
တို့သည်​ တ ​"​တောက်​ ​တောက်​"နှင့် laptop
၏ လက်​ကွက်​​ပေါ်၌ အကျအန​နေရာယူထားလျက်​ ။
​နဂိုမှ​မှေးသည်​ဆို​သော မျက်ဝန်းများအား ကျဉ်းကျုံ့
ကာ screenထက်​သို့ အာရုံစူးစိုက်​ခြင်းတစ်​လှည့်
​ဘေးမှချထား​သော ​ကော်​ဖီပူ​အား ​သောက်​ခြင်း
တစ်​လှည်ု့ဖြင့် အလုပ်​များ​နေ​သော ဂျီမင်း ။

ထိုစဉ်​ အပြင်​ဘက်​မှ တစ်​​ဒေါက်​​ဒေါက်​ ​တံခါး​ခေါက်​
သံ​ကြောင့် ဝင်​ခဲ့ရန်​ အသံ​ပေးလိုက်​သဖြင့် ဝန်​ထမ်း
မ​လေးတစ်​ဦး​ရောက်​ရှိလာခဲ့သည်​ ။

"အပြင်​မှာ လူစိမ်းတစ်​​ယောက်​က​ရောက်​​နေတယ်​
အဲ့ဒါ​လေ ဝင်​လို့မရဘူး​ပြော​ပေမဲ့...​ဂျောင်​ကုကို
​တော့​ခေါ်​ပေးပါတဲ့"

"ဘယ်​သူလဲ"
"မိန်းက​လေးတစ်​​ယောက်​ပါCEO"
"မရဘူးလို့​ပြောပြီးပြန်​လွှတ်​လိုက်​"
"Nae CEO"

​ပြောပြီး​နောက်​ ဝန်​ထမ်းမှ​လေးထွက်​သွား​သော
တံခါး​ပေါက်​အားကြည့်ရင်း စဉ်းစားမိသည်​က
'ဘယ်​သူများလဲ'???​ဂျောင်​ကုရဲ့ ​ကောင်​မ​လေး
​တွေပဲလား ။ဒီ​ကောင်​​လေး အင်​တာတိန်းမန့်မှာ
Training ဆင်းတာကို ထပ်​ထပ်​သိရင်​
မ​ကောင်း​တော့ဘူး ။

မင်းနဲ့​တော့ခက်​ပြီ ​ဂျောင်​ကုရယ်​ ။

​ထို့​နောက်​ enter ခလုတ်​အား'​တောက်​'ခနဲ
မြည်​​အောင်​နှိပ်​ချရင်း ​ဂျောင်​ကုရှိရာသို့ ခပ်​သွက်​
သွက်​​လျှောက်​လာခဲ့သည်​ ။အထဲ​ရောက်​​တော့
ထင်​သည့်အတိုင်း ဟို​ဆော့နှင့်အက​လေ့ကျင့်
​နေ​လေသည်​ ။

"ဟို​ဆော့ ခဏ​လေး​နော်​ ငါ​ဂျောင်​ကုနဲ့​ပြောစရာ
​လေးရှိလို့"
"ရတယ်​ရတယ်​ ဂျီမင်း ငါအပြင်​ထွက်​​ပေးလိုက်​မယ်​"

ဟို​ဆော့ထွက်​သွားပြီး​နောက်​မှ "​ပြော"ဟူ​သော
အထာနှင့် ​မေး​ငေါ့ပြ​လေ​သော ​ဂျောင်​ကုထံသို့
သက်​ပြင်းတစ်​ချက်​ချရင်း စိုက်​ကြည့်ကာ...

"မင်းမိန်းက​လေး​တွေနဲ့ တွဲတာပြုတာရပ်​ပါ​တော့
လား..ကြာရင်​ မင်းအနာဂတ်​အတွက်​ထိခိုက်​လာ
လိမ့်မယ်​"

ခြွေOnde histórias criam vida. Descubra agora