​ေႁခြ - 25

3.4K 451 24
                                    


​ကိုယ်​တို့စတင်​​တွေ့ဆုံခဲ့တဲ့အချိန်​က​နေ ​ရေတွက်​ရင်း
​နွေ မိုး ​ဆောင်း တစ်​လှည့်စီလှည့်ပတ်​​နေရာမှ
ယခုဆိုရင်​ 1နှစ်​​မြောက်​​ ရာသီတဖြစ်​ ​ဆောင်း
​ရောက်​လာခဲ့​ချေပြီ ။ဆောင်းရဲ့အ​အေးဓာတ်​
နဲ့​အတူ ကိုယ့်အချစ်​​တွေကဘယ်​​သောအခါမှ
​အေးစက်​သွားမှာမဟုတ်​​ကြောင်း မင်းယုံကြည်​​ပေး
​စေလိုချင်မိ ။

ချစ်​ရသူက​ပြောတယ်​'မဖြစ်​နိုင်​ဘူးတဲ့'..။
အင်း​ပေါ့​လေ...မဖြစ်​နိုင်​တဲ့အ​ခြေ​နေတစ်​ခုကို
မှ ရူးရူးမိုက်​စွဲလန်းမိ​တော့လည်း..​ထပ်​တူကျမဲ့
အချစ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​ပဲဖြစ်​လာ
ခဲ့တာ​ပေါ့ ​။

သူ့ကို ကျွန်တော့်ဘဝထက်​ပိုပြီးချစ်​ပါတယ်​ ။
ဘယ်​အချိန်​ထဲကလဲ ဘာက​နေလဲ​မေးရင်​​တော့
စ​တွေ့​တွေ့ချင်းထဲက မျက်​လုံးဝိုင်းဝိုင်း​လေး​တွေ
နဲ့အစပြုပြီး ရင်​ခုန်​သံ​တွေ​ပေါ်​ပေါက်​လာခဲ့သည်​က
ယခုဆိုရင်​ သူ့ရဲ့အရာရာတိုင်းကကျွန်တော့်အတွက်​
အချစ်​တစ်​ခုအဖြစ်​ ဖန်​တီးလာခဲ့တယ်​ ။

ရိုက်​ကူး​ရေးကိစ္စ​တွေအပြီး ​ဂျောင်​ကုကိုပွဲဦးထွက်​
​ပေးရန်​အတွက်​ ကိုရီးယားသို့ပြန်​လာခဲ့ရာ မ​နေ့ည
​နေကမှ​ရောက်​လာခဲ့သည်​ ။ယ​နေ့တွင်​​တော့
နမ်​ဂျွန်း ဟို​ဆော့ ​ဂျောင်​ကုနဲ့ သက်​ဆိုင်​ရာ
ဆရာ​တွေအား ​ခေါ်ကာ အစည်း​အ​ဝေးထိုင်​ခဲ့သည်​ ။

"​နောက်​လ 13ရက်​​နေ့ကို အတည်​ပြုလိုက်​ပါပီ
CEO"

"​ကောင်းပြီ​လေ...training ကာလကလဲ 1နှစ်​
​လောက်​ရှိပြီဆို​တော့"

အချက်​အလက်​ စာချုပ်​စာတမ်း အပြည့်ဖြည့်စွက်​
ကာ တိုင်​ပင်​​ဆွေး​နွေးသင့်သည်​များကို လက်​စသတ်​
ပြီး​နောက်​ အစည်းအ​ဝေးအခန်းမှ အသီးသီးထွက်​
လာခဲ့သည်​ ။​ဂျောင်​ကု​မှာ​တော့ meetingထိုင်​
​နေတဲ့တစ်​ချိန်​လုံး ဘာစကားမျှဝင်​မ​ပြောဘဲ
ငြိမ်​သက်​​နေ​လေသည်​ ။

"ဂျီမင်း..ငါ့အတွက်​ဘာပါလာလဲ"

​​ဂျောင်​ကုနဲ့နှစ်​ယောက်​အတူ ရုံးခန်းဘက်​သို့
​လျှောက်​လာရာ ​ဘေးမှ​ရောက်​ရှိလာ​သောနမ်​ဂျွန်း
ကပြီတီတီမျက်​နှာထားဖြင့် ​မေးလာ​လေ​သော
​ကြောင့် ဂျီမင်းအသာပြုံးရင်း မျက်​​စောင်းထိုးလိုက်​
သည်​ ။

ခြွေWhere stories live. Discover now