"ဂျီမင်း ဒီနေ့ပွဲတက်ရမှာနော် မင်းမရှိလို့ကိုမဖြစ်ဘူး"
ဟုတ်ပါသည်....။ယမန့်နေကပဲ အကြောင်းအမျိူး
မျိုးပြပြီး မွေးနေ့ပွဲဖျက်ခဲ့ရသည်မလို့ သူငယ်ချင်း
များက ပြန်လည်ကျင်းပပေးရန်စီစဉ်ခြင်းဖြစ်သည် ။
မွေးနေ့ရှင်ကိုယ်တိုင်ဖြစ်သည့် ကျွန်တော်ကတောင်
ရပါတယ် ပြောသော်လည်း မဖြစ်ဖြစ်အောင် ကျင်းပ
အုံးမည်တဲ့လေ...။ဒီတစ်ခေါက်တော့ ကိုယ့်သူငယ်ချင်းထဲတင်မဟုတ်
ဘဲ အင်တာတိန်းမန့်တစ်ခုလုံးရှိ ရာထူးကြီးငယ်က
အစတက်ရောက်လေမည် ။တိုက်ဆိုင်သည်မှာ
တော့ ဒီနေ့က ဂျီဟွန်းပွဲဦးထွက်တဲ့ နှစ်ပတ်လည်ဖြစ်
သောကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ် ကျင်းပ
သည့်ထိုပွဲအား ဂျီမင်းလက်ခံခဲ့လိုက်သည် ။"ငါတက်မှာပါ နမ်ဂျွန်းရာ....ဒါနဲ့ဂျောင်ကုရော
လေ့ကျင့်နေတုန်းပဲလား""ဟုတ်တယ် ဟိုဆော့နဲ့Practice Roomထဲမှာ...
ဂျွန်ဂျောင်ကုက 3လထဲနဲ့တောင်ပွဲဦးထွက်သွားနိုင်
တယ်နော်...အဲ့ကောင်လေးကတော်တော်အရည်အချင်း
ရှိတာ""ဂျောင်ကုဘဝကပြည့်စုံလွန်းပါတယ်"
တစ်ဖက်သို့မျက်နှာမူရင်း ပြုံးရိပ်သန်းလာသော
နှုတ်ခမ်းပါးလေးတစ်စုံ..။အောင်မြင်မှုတွေ တပွေ့တ
ပိုက်နဲ့ ပျှော်ရွှင်နေတဲ့ မင်းမျက်နှာလေးကိုမြင်ချင်လှ
ပြီ..။ကိုယ်ကတောင် မင်းထက်ဆန္ဒတွေစောနေတယ်
ထင်ပါရဲ့...။"မင်းလဲနေတတ်ရင်ပျော်စရာတွေကြီးပါပဲ
ကြည့်လေ...လက်ညှိုးညွှန်ရာတိုင်း ကိုယ့်အပိုင်
ဖြစ်လာမဲ့ ချမ်းသာကြွယ်ဝမှုတွေ အောင်မြင်မှု
တွေ ပီးတော့ မင်းဘက်မှာအမြဲရှိတဲ့ မိတ်ဆွေ
သူငယ်ချင်းတွေနဲ့လေ...""ငါ့အတွက်အဲ့အရာတွေက ဂျောင်ကုဆီကအသိမှတ်
ပြုမှုထက် အရေးမပါဘူးပြောရင် မင်းတို့ငါကို
မုန်းသွားမလားတောင်မသိဘူး"
![](https://img.wattpad.com/cover/255465172-288-k174468.jpg)