​ေႁခြ - 26

3.4K 421 20
                                    


တစ်​​နေ့တာအတွက်​ပြန်​လည်​ လည်​ပတ်​ရန်​ မိုးလင်း
လာသည်​နှင့် မျက်​လုံးဖွင့်ကြည့်မိ​တော့ ကျွန်တော်​သည်​
​ရင်​ခွင်​တစ်​ခုထဲသို့မျက်​နှာအပ်​ထားလျက်​ ။ထို့ပြင်​
လက်​တို့သည်​လည်း ထိုရင်​ခွင်​ပိုင်​ရှင်​လူသား၏
ခါးအား ဖက်​ထား​သေးသည်​ ။အခုကျွန်တော်
​ဂျောင်​ကုကိုဖက်​အိပ်​​နေတာလား ။

မဟုတ်​ပါဘူး..ညကရင်​ခုန်​ရလွန်းလို့ထွက်​​ပြေးဖို့ကြိုး
စား​နေပါတယ်​ဆိုကာမှ အခုလိုအ​နေအထား
ကျ​တော့....။

ရှက်​လွန်းလို့မျက်​နှာ​တွေ​တောင်​နီရဲပူလာ​သော
​ဂျီမင်းသည်​ ထိုရင်​ခွင်​ထဲမှအသာရုန်းထွက်​ရင်း
အ​ပေါ်ထပ်​ရှိကိုယ့်အိပ်​ခန်းထဲသို့ ​ပြေးဝင်​ကာ
အလုပ်​သွားဖို့သာပြင်​ဆင်​ရ​တော့သည်​ ။

ဟူး....အ​ခြေ​အ​နေ​တွေက​ပြောင်းလဲလာတယ်​ဆို
​ပေမဲ့..ကျ​နော်​အဆင်​မ​ပြေဘူး..။ရင်​ဘတ်​ထဲက
နှလုံးသား​လေးကလဲ အ​သေသတ်​​နေ
တဲ့အတိုင်းပဲ အင်​မတန်​ခုန်​​နေတာများ..နှလုံး​ရော
ဂါလူနာဆိုရင်​ ကျွန်တော်သေတာကြာ​ပေါ့ ။

က​လေးငယ်​က​တော့ ချစ်​ဖို့​ကောင်းသည်​ ။

သိပ်​မကြာခင်​ပဲ ​ဂျောင်​ကုလဲနိုးလာပြီး မနက်​စာ
စားသုံးကာနှစ်​​ဦးသား အင်​တာတိန်းမန့်သို့ထွက်​ခွာ
လာခဲ့သည်​ ။​နောက်​လပွဲဦးထွက်​ရက်​အတွက်​
အဦးဆုံးပြင်​ဆင်​ရမည်​က အသံသွင်းခြင်း ။

သီချင်း​တွေအတွက်​​တော့ နမ်​ဂျွန်းနဲ့တခြား​သော
သီချင်း​​ရေးဆရာ​တွေကပြင်​ဆင်​ထားနှင့်ပြီးသား
မလို့ အ​တော်​အဆင်​​ပြေသွားသည်​ ။ပထမဆုံး
အယ်​လ်​ဘမ်​​ အတွက်​​ခေါင်းစည်းသီချင်းအား
သွင်းရန်​ studioထဲသို့​ဂျောင်​ကု​ရော ဂျီမင်းပါ
ဝင်​လာခဲ့ကြသည်​ ။

"အ​ကောင်းဆုံးလုပ်​မယ်​လို့ ​ဟျောင်းယုံကြည်​
တယ်​ Fighting ​ဂျောင်​ကု"

ကိုယ့်အား ​ခေါင်းတစ်​ချက်​ငြိမ့်ကာ အသံသွင်းရန်​
တစ်​ဖက်​ခန်းသို့လိုက်​သွား​သော ​ဂျောင်​ကုအား
ကျန်​ခဲ့သည့် ​နေရာ၌ထိုင်​ကာလှမ်းကြည့်​နေမိသည်​။
ကိုယ်​ထိုင်​​နေတဲ့အခန်းနဲ့​ဂျောင်​ကု အသံသွင်းမည့်
​နေရာက မှန်​တစ်​ချက်​သာ ခြားထား၍ ​ကောင်​​လေး
လှုပ်​ရှားပုံများအား အကဲခတ်​ရာ၌ အ​တော်​ဆင်​
​ပြေသည်​ဟုဆိုနိုင်​မည်​ ။

ခြွေWhere stories live. Discover now