မနေ့ကဖြစ်ပျက်ခဲ့သည့် အခြေနေတစ်ခုကြောင့်
ကျွန်တော်နှင့်သူ့ကြား လေထုစိမ်းစိမ်းတစ်ခုသာ
ရှိနေခဲ့သည် ။တစ်ဦးနှင့်တစ်ဦးလည်း အပြန်
အလှန်စကားမပြောမိကြသလို မျက်လုံးချင်းတောင်
ဆုံအောင်ကြည့်ဖို့ သူအကြိမ်ကြိမ် အကြည့်လွဲခဲ့
သည် ။ဘာကြောင့်လဲ...။ဒီအရာတွေကိုဘာကြောင့် ဒီကလေးမြင်တွေ့ခဲ့
ရတာလဲ...။မင်းသိသင့်တာက
ကိုယ်မင်းအပေါ်ထားတဲ့ အချစ်တွေနဲ့
အချစ်ကြောင့်ဖြစ်တည်လာခဲ့တဲ့ ကိုယ့်ရဲ့ ချည်နှောင်
မှုတွေအပြင် တခြားတစ်စုံတစ်ရာသော မည်သည်
ကိုမျှ မင်းမသိသင့် ။ပတ်ခ်ဂျီမင်းဆိုတဲ့ ဒီကောင်ရဲ့ လက်ရှိအခြေနေ
လေးကိုပဲသိစေချင်တယ် ကလေးရယ် ။ဂျောင်ကုဆင်းလာသည်နှင့် အဆင်သင့်ဖြစ်စေ
ရန် ကော်ဖီပူပူတစ်ခွက်ဖျော်ထားပြီးနောက်
စားပွဲဝိုင်း၌ထိုင်ကာ ငြိမ်သက်နေမိသည် ။
ကိုယ်မင်းကိုမျက်နှာချင်းမဆိုင်ရဲသေးဘူး..။
မင်းဘာကြောင့် ဒီလိုလုပ်ခဲ့ရလဲဆိုတာထက်
မင်းဘာကြောင့် ဒါတွေတွေ့ခဲ့ရတာလဲကွာ ဆိုတဲ့
မေးခွန်းကကိုယ့်အားပို၍ သတ်သည် ။သက်ပြင်းတစ်ခုအားချလိုက်ရင်း ခါးသက်သက်
ကော်ဖီပူလေးအား တစ်ငုံသောက်ကာ
အရှေ့တည့်တည့်မှ ပေါင်မုန့်ပန်းကန်လေးအား
စိုက်ကြည့်နေမိသည် ။မကြာပါ အခန်းတံခါးပွင့်
သံကြားလိုက်ရ၍ ကပြာကယာထပြေးရန်ကြံမိသည်။အို.....ဒီလိုပြေးတော့ ငါ့ကိုဘယ်လိုထင်သွား
မှာပါလိမ့်..။မဖြစ်ပြန်သေးဟုတွေးကာ အတည်ငြိမ်
ဆုံးအနေအထား တစ်ခုအားဖန်တီးလိုက်သည် ။"ဒါ ကျွန်တော့်အတွက်လား"
"အွန်း"
ကိုယ့်ရှေ့တည့်တည့်မှ ကော်ဖီခွက်လေးထံ
လက်ညှိုးထိုးရင်းဆိုလာသော ဂျောင်ကုအား
ဂျီမင်း ခေါင်းတစ်ချက်ငြိမ့်ပြရင်း တစ်ဖက်သို့
မျက်နှာလွှဲနေမိသည် ။