"ဂျီမင်းရေ ကောင်လေးကိုအိမ်ပဲခေါ်ထားမနေနဲ့
စလေ့ကျင့်ဖို့ကောင်းပြီနော်"
ယနေ့မနက် ဂျောင်ကုအားကျောင်းလိုက်ပို့ပြီးနောက်
အင်တာတိန်းမန့်သို့ ဂျီမင်းတန်းလာခဲ့ခြင်းဖြစ်သည် ။
နမ်ဂျွန်းပြောလဲ ပြောချင်စရာပဲ...။
ကျွန်တော် ဂျောင်ကု
အား အခုတလောအိမ်၌သာခေါ်ထားဖြစ်ခဲ့သည် ။
ဘာအကြောင်းကြောင့်လဲလို့မေးရင်တော့ ဖြေစရာ
တစ်ခုပဲရှိတယ် ။ကိုယ့်မျက်စိအောက်ကအပျောက်မခံနိုင်တာမလို့...။
သေချာတာကတော့ ကျွန်တော် ဒီကောင်လေးကိုချစ်နေ
မိပြီထင်တယ် ။ခံစားချက်တွေကမြန်သွားလေမလား ။
ဘယ်တတ်နိုင်မလဲ အဖြေသိပြီးသား
ပုစ္ဆာတစ်ခုကို
လျစ်လျူရှုမထားနိုင်ပါဘူး...။အခုလဲ နမ်ဂျွန်းပြောသလို လေ့ကျင့်ရတော့မဲ့အချိန်
ဖြစ်တယ်...။ဖြစ်နိုင်ရင်တော့ဗျာ ကျွန်တော် ဂျောင်ကု
အနားမှာပဲအမြဲရှိနေပေးချင်တာ...။ဒါပေမဲ့လို့
ကိုယ်က ၁၀၉ ၁၁၀ အလုပ်လက်မဲ့လည်း မဟုတ်သေး။အိန်း....ဘာနဲ့အကြောင်းပြရမလဲ...။
"ငါ လောလောဆယ်တော့ အနီးကပ်လေ့ကျင့်
ပေးလိုက်မယ်"ဂျီမင်း၏ စကားကြောင့် ကြားလိုက်ရသော နမ်ဂျွန်း
မှာ မျက်လုံးကျွတ်ကျမတတ်ပင် ပြူးသွားလျက် ။
ဒါဟာ ပတ်ခ်ဂျီမင်းထံမှထွက်ပေါ်လာတဲ့ စကားတဲ့လား။
အကြောင်းကား ဂျီမင်းမှာ သင်တန်းသားဘယ်သူနဲ့
မှသိပ်အရောတဝင်မလုပ်တတ်ပေ ။မိမိအင်တာတိန်းမန့် ကထွက်တဲ့အနုပညာရှင်တွေ
ရဲ့လိုအပ်တွေတော့ ကကြီးကအစ 'အ' အဆုံးထိကို
ဆောင်ရွက်ပေးတတ်သည် ။အပတ်စဉ်စစ်ဆေးမှုနဲ့
လစဉ်စစ်ဆေးမှုတွေမှာသာ ရောက်လာတတ်သည်။
ပြောရမယ်ဆိုရင်ဖြင့် သင်တန်းသားအတော်များများ
ဂျီမင်းကို မြင်ရသည့်အချိန်မှာ အင်မတန့် အင်မတန်မှ
ရှားလွန်းလှသည် ဟုဆိုရမည် ။