"အာ ကင်မ်ထယ်ယောင်းရှီမလား..တွေ့ရတာဝမ်း
သာပါတယ်""Nae..ဒါနဲ့ ဂျီမင်းရှီကဒီကို ဘာကိစ္စနဲ့လာတာလဲ"
"ရိုက်ကူးရေးလေးရှိလို့ပါ
ကင်မ်ထယ်ယောင်းရှီရော""ကိုယ်က ဒီအတိုင်း အပျော်ခရီးထွက်တယ်ဆိုပါစို့"
ဂျီမင်းအား အနွေးထွေးဆုံးပြုံးလိုက်ကာ ထပ်တူညီ
ထားသော လက်အစုံတို့လွှတ်လာခဲ့သည် ။ထို့နောက်
ဘေးဘက်ဝေ့ဝဲကြည့်မိတော့ တစ်နေရာ၌ မိမိ
အားစူးစိုက်ကြည့်နေသော ကောင်လေးတစ်ယောက်
ကြောင့် ထယ်ယောင်းလဲတန့်ခနဲ ။အရှေ့တည့်တည့်က ဂျီမင်းမှာတော့သိပုံမပေါ် ။
ကိုယ့်အား အပြုံးနုနုလေးနှင့်သာကြိုဆိုနေလျက် ။"ကိုယ်သွားတော့မယ်နော်"
"Naeထယ်ယောင်းရှီ"
ထယ်ယောင်းလဲ မိမိအား အကြောင်းပြချက်မဲ့စွာ
တင်းတင်းမာမာကြည့်နေသော ကောင်လေးအား
မျက်ခုံးတစ်ချက်ပင့်ကာကြည့်ရင်း ထိုနေရာမှထွက်
သွားလေတော့သည် ။ထိုအခါမှ ဂျီမင်းလဲပြန်ထွက်ရန်အလှည့်.....
"ဂျောင်ကု...."
"ဘာလို့ပြေးထွက်သွားတာလဲ"
"ဟို...ဟိုဟာလေ အရေးပေါ်toiletဝင်ချင်လာလို့ပါ"မုသားစကားဆိုလိုက်ရသည်ကြောင့် မတည်ငြိမ်သော
မျက်ဝန်းများသည်လည်းလှုပ်ခါကာ ။သို့သော် ကိုယ့်
အားစူးစိုက်ကြည့်နေမှုကြောင့် လက်ဖျားများအေး
စက်ကာထိုအနေအထားမှရုန်းထွက်ရန်ကြိုးစား
မိသည် ။"သွားစားမယ်လေ..မှာထားတာတွေလဲရောက်
ရောပေါ့""နေအုံး"
ရှေ့ကနေခပ်သွက်သွက်သွားရန် အပြင် လက်
ကောက်ဝတ်မှဆွဲထားခံရခြင်းကြောင့် ရှေ့သို့
ဆက်မလှမ်းမိဘဲ ထိုနေရာ၌ ဂျီမင်းလဲရပ်တန့်
သွားကာ ဂျောင်ကုထံတစ်ချက်လှမ်းကြည့်မိလိုက်
သည် ။