မုယန်မုန့်မှာ အင်မတန်ကြောက်ရွံ့သွားပြီး သေကြောင်းမကြံရဲတော့ပေ။ ဤသို့ဖြင့် သူတို့နှစ်ဦးမှာ အတူတူဆက်နေကြလေ၏။

ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက် အမိုးတစ်ခုတည်းအောက်မှာ အတူတူနေကြတဲ့ရလဒ်က ရှင်းသည်၊ အထူးသဖြင့် သူတို့တွေက စတုတ္ထ‌မြောက်အတားအဆီးကို ဖြတ်ကျော်ပြီးတဲ့အခါမှာပင်။ ဝမ်ရူဟွားက မုယန်မုန့်ကို မကြာခဏ ကြမ်းကြမ်းတမ်းတန်းဆက်ဆံတတ်သည်။ အထိအတွေ့တွေက နှစ်သက်ဖို့ကောင်းသည်ကို သူသိသွားခဲ့သော်လည်း သူ့စိတ်ထဲမှာတော့ မုယန်မုန့်က သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအာသီသတွေ‌ကို ဖြေလျှော့ပေးနိုင်တဲ့ အခန့်သင့်ရှိနေသောပြည့်တန်ဆာတစ်ဦးသာဖြစ်၏။ သူက သူမကို လုံးဝညီတူညီမျှမစဉ်းစားပေ။

နဉ်ရှု သွားကိုက်နေသည့်အလား လေကိုစုပ်ယူလိုက်မိ၏။ မုယန်မုန့်က တကယ်ကိုသနားစ‌ရာကောင်းလွန်းသည်။ သူမ ဘယ်ကိုပဲသွားသွား၊ ကိစ္စတွေထဲ အကြောင်းပြချက်မရှိ ဆွဲသွင်းခံရပြီး ဆိုးရွားတဲ့အဆုံးသတ်ကိုသာ အမြဲကြုံနေရသည်။

ဝမ်ရူဟွားက လူရေခြုံထားတဲ့သားရဲတစ်ကောင်ပင်။ ရုပ်ရည်ပျက်စီးနေတဲ့မိန်းမတသ်ယောက်ကို အနိုင်ကျင့်ရတာကို သူက ဘယ်လိုလုပ်ဂုဏ်ယူနေနိုင်ရတာလဲ? သူမအပေါ် အတင်းအဓမ္မလုပ်ယူနေပြီး သူ့မှာ သူမကို အထင်သေးဖို့သတ္တိရှိနေသေးသည်။ ရယ်ချင်စရာကောင်းလွန်း၏။

ပြီးတော့ ဒါက နောက်ပိုင်းနဲ့ယှဉ်ရင် ဘာမှမဟုတ်သေး။ ရွာလူကြီးကတောင် ဝမ်ရူဟွား မုယန်မုန့်အပေါ်ဆက်ဆံတဲ့ပုံကြောင့် သူမကိုသနားပြီး အဝေးကိုပို့ပေးဖို့ ကူညီခဲ့သည်။

ကျောင်းကနေပြန်လာတဲ့ဝမ်ရူဟွားက မုယန်မုန့်နဲ့ရွာလူကြီးတို့ကို အတူတူတွေ့တဲ့အခါ သူက အ‌ခြေအနေကို ချက်ချင်းလွဲမှားကောက်ချက်ချပြီး အိမ်ကိုပြေးသွားလို့ ဘိုးဘွားပိုင်ဓားကိုဆွဲထုတ်လိုက်၏။ သူက အခြေအနေကိုမေးမြန်းတာတောင်လုပ်မနေတော့ဘဲ ရွာလူကြီးကို ဓားနဲ့ဖြစ်ကတတ်ဆန်းထိုးပြီး အဆုံးမှာတော့ မုယန်မုန့်ရဲ့ဗိုက်ကို မတော်တဆထိုးမိသွားသည်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now